အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အီရန် အစ္စလာမ်တော်လှန်ရေးအစောင့်တပ် (IRGC) သည် အမှတ် (၂၉) ထုတ်ပြန်ချက်ကို ဇူလိုင် ၁၉ ရက်တွင် ထုတ်ပြန်ခဲ့ပြီး ၎င်း၏ လေကြောင်းအာကာသတပ်ဖွဲ့က ဂျော်ဒန်နိုင်ငံ အယ်လ်အဇရက်ရှိ အမေရိကန် စစ် အခြေ စိုက်စခန်း အား ဒုံးကျည်နှင့် ဒရုန်းများဖြင့် တစ်ပြိုင်နက် တိုက်ခိုက်ခဲ့ကြောင်း ကြေညာခဲ့ပါတယ်။
ထုတ်ပြန်ချက်အရ စစ်လေယာဉ်များ ထားရှိသည့် အကာအကွယ်ဆောင်များ (Shelters) နှင့် လေယာဉ်ရပ်နားရာ အကြီးစားရမ်ပ် (Ramp) ကို အဓိကပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။
အီရန် အစ္စလာမ်တော်လှန်ရေးအစောင့်တပ် (IRGC) ၏ အဆိုအရ အဆိုပါတိုက်ခိုက်မှုအတွင်း အမေရိကန် စစ်လေယာဉ် အနည်းဆုံး ၂ စင်းနှင့် အခြားလေယာဉ် ၃ စင်း ပျက်စီးခဲ့ပြီး လေကြောင်းဆိုင်ရာ စစ်ရေးပစ္စည်း အများအပြား လည်း ပြင်းထန်စွာ ထိခိုက်ပျက်စီးခဲ့ကြောင်း ဖော်ပြထားပါတယ်။
ဤကဲ့သို့သော သတင်းအချက်အလက်များကို အမေရိကန်နှင့် ၎င်းနှင့် နီးစပ်သည့် လော်ဘီအဖွဲ့များ၏ သတင်း မီဒီယာများ က ထုတ်ပြန်ဖော်ပြလေ့ရှိမည် မဟုတ်ချေ။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment