၁၇ ဇူလိုင် ၂၀၂၆ - ၀၁:၁၂
အီရန်က အမေရိကန်၏ စစ်ရေးအခြေခံအဆောက်အအုံများကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း အခိုင် အမာ ပြောဆို

အီရန်သည် အမေရိကန်၏ အရှေ့အလယ်ပိုင်းရှိ စစ်အခြေစိုက်စခန်းများတွင် ရေဒါစနစ်များ၊ လေကြောင်း ကာကွယ်ရေးစနစ်များ၊ လောင်စာဆီသိုလှောင်ရေးအဆောက်အအုံများနှင့် စစ်ရေး ထောက်ပံ့ရေး အခြေခံ အဆောက်အအုံများ ကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြောင်း ကို သတင်းထောက် ဆယက်ဒ် ဇမီးရ် အဘာစ် က အခိုင် အမာပြောဆိုထားပြီး ယင်းသည် တိုက်ခိုက်မှု၏ ပထမအဆင့်သာဖြစ်ကြောင်းလည်း ဆိုထားပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အီရန်ဘက်က ထုတ်ပြန်ပြောဆိုချက်များအရ ၎င်းတို့၏ တိုက်ခိုက်မှုများသည် အမေရိကန်၏ "မျက်စိနှင့်နား" ဟု သတ်မှတ်နိုင်သည့် ရေဒါစနစ်များ၊ လေကြောင်းစောင့်ကြည့်ရေးစနစ်များနှင့် စစ်ရေး ထောက်ပံ့ရေး အခြေခံအဆောက်အအုံများကို အဓိကပစ်မှတ်ထားခြင်းဖြစ်ကြောင်း ဖော်ပြထားပါတယ်။

ထုတ်ပြန်ချက်တွင် ကူဝိတ်နိုင်ငံရှိ Al-Salem Air Base၊ ဘာရိန်းနိုင်ငံရှိ Sheikh Isa Air Base နှင့် ဂျော်ဒန်နိုင်ငံရှိ Al Azraq Air Base တို့တွင် Patriot လေကြောင်းကာကွယ်ရေးစနစ်များ၊ Air Surveillance နှင့် Early Warning Radar များ၊ ဂြိုဟ်တုဆက်သွယ်ရေးစင်တာများ၊ လောင်စာဆီသိုလှောင်ကန်များ၊ တိုက်လေယာဉ် အကာ အကွယ် အဆောက် အအုံများနှင့် လေယာဉ်ထောက်ပံ့ရေးအဆောက်အအုံများကို တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြထား ပါ တယ်။

ထို့ပြင် အီရန်စစ်တပ်က ယခုတိုက်ခိုက်မှုသည် ပထမအဆင့်သာဖြစ်ပြီး၊ ရန်သူ၏ စောင့်ကြည့်ရေးနှင့် ကာကွယ် ရေးစနစ်များကို အရင်ဆုံး ဖျက်ဆီးရန် ရည်ရွယ်ထားကြောင်း၊ ယင်းစနစ်များ အားနည်းသွားပါက နောက်ထပ် တိုက်ခိုက်မှုများကို ပိုမိုပြင်းထန်စွာ ဆက်လက်ဆောင်ရွက်သွားမည်ဟု ပြောဆိုထားပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha