အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Mehr သတင်းဌာန၏ ဖော်ပြချက်အရ အီရန် အစ္စလာမ်တော်လှန်ရေးအစောင့်တပ် (IRGC) ၏ အာကာသတပ်ဖွဲ့ တပ်မှူး ဗိုလ်ချုပ် မဂျီးဒ် မူစဝီက အီရန်၏ ရန်သူအပေါ် တုံ့ပြန်စစ်ဆင်ရေးများသည် အီရန်တောင်ပိုင်းတွင် လုံခြုံရေးနှင့် ငြိမ်းချမ်းရေး ပြန်လည်တည်ငြိမ်လာသည့်အချိန်အထိ ဆက်လက်ပြုလုပ်သွားမည်ဟု ပြောကြား ခဲ့ပါတယ်။
အသေးစိတ်အရ ဗိုလ်ချုပ် မဂျီးဒ် မူစဝီက “ကျွန်ုပ်တို့၏ မဟာဗျူဟာအမြင်အရ မြေသည် မြေဖြစ်သည်။ တီဟီရန်မှ တောင်ပိုင်းအထိ အီရန်နိုင်ငံ၏ ဒေသအားလုံးသည် တစ်စုတစ်စည်းတည်းဖြစ်သော ပြည့်စုံညီညွတ် သည့် နိုင်ငံတော်တစ်ခုဖြစ်သည်” ဟု ထုတ်ပြန်ချက်တစ်ရပ်တွင် ပြောကြားခဲ့သည်။
၎င်းက အီရန်နိုင်ငံတစ်ဝန်းမှ ရန်သူအပေါ် တိကျထိရောက်သော တိုက်ခိုက်မှုများကို တောင်ပိုင်း ကမ်းရိုးတန်း ဒေသများနှင့် ဟော်မုဇ်ရေလက်ကြားတွင် လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းမှု ပြန်လည်ရရှိလာသည့်အချိန်အထိ ဆက်လက်ပြုလုပ်သွားမည်ဟု သတိပေးပြောကြားခဲ့ပါတယ်။
ယင်းထုတ်ပြန်ချက်မှာ အစ္စလာမ်တော်လှန်ရေးအစောင့်တပ်က "နဆ်ရ်-၂" စစ်ဆင်ရေး၏ (၁၅) ကြိမ်မြောက်လှိုင်း အဖြစ် ကာတာနိုင်ငံရှိ အမေရိကန်၏ အယ်လ်ဥဒေးဒ် လေတပ်အခြေစိုက်စခန်းကို အကြီးစား တုံ့ပြန်တိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း ကြေညာပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်ပါတယ်။
IRGC ၏ အဆိုအရ ယင်းတိုက်ခိုက်မှုအတွင်း အကွာအဝေးရှည် စောင့်ကြည့်ရေး ရေဒါစနစ်တစ်ခုနှင့် အမေရိကန်၏ လေထဲတွင် ဆီဖြည့်ပေးသည့် လေယာဉ်အများအပြားကို ဖျက်ဆီးနိုင်ခဲ့ပြီး အခြားအရေးပါသည့် စစ်ရေးအဆောက်အအုံများလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရပါတယ်။
ထုတ်ပြန်ချက်တွင် ဆက်လက်၍ အီရန်ပြည်သူများနှင့် အခြေခံအဆောက်အအုံများကို တိုက်ခိုက်မှုများအတွက် ယင်းထက် ပိုမိုပြင်းထန်သော တုံ့ပြန်ဆောင်ရွက်မှုများဖြင့် ပြန်လည်တုံ့ပြန်သွားမည်ဟု ဖော်ပြထားပါတယ်။
ယင်းတိုက်ခိုက်မှုသည် "နဆ်ရ်-၂" စစ်ဆင်ရေး၏ နောက်ဆုံးအဆင့်တစ်ရပ်ဖြစ်ပြီး အမေရိကန်က မကြာသေးမီက အီရန်ကို တိုက်ခိုက်ခဲ့မှုများအပေါ် အီရန်က စတင်ဆောင်ရွက်ခဲ့သည့် တုံ့ပြန်စစ်ဆင်ရေးများ၏ တိုးချဲ့လှုပ်ရှားမှု တစ်စိတ် တစ်ပိုင်းဖြစ်ကြောင်း ဖော်ပြထားသည်။
ထို့မတိုင်မီ ယင်းစစ်ဆင်ရေး၏ အဆင့်အမျိုးမျိုးတွင် ဆီးရီးယား၊ ကူဝိတ်၊ အိုမန်နှင့် ဂျော်ဒန်နိုင်ငံများရှိ အမေရိကန်စစ်ရေးအခြေစိုက်စခန်းများကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြောင်းလည်း ကြေညာထားပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment