အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Mehr သတင်းဌာန၏ ဖော်ပြချက်အရ အီရန်က ကုလသမဂ္ဂအနေဖြင့် အမေရိကန်၏ လေကြောင်း တိုက်ခိုက် မှုများ ကို ချက်ချင်းရပ်တန့်စေရန် ထိရောက်သော အရေးယူမှုများ ပြုလုပ်ပေးရန် တောင်းဆိုခဲ့ပါတယ်။ အဆိုပါ တိုက်ခိုက်မှုများသည် နိုင်ငံတကာငြိမ်းချမ်းရေးနှင့် လုံခြုံရေးအတွက် ချက်ချင်းဖြေရှင်းရန် လိုအပ်သည့် ပြင်းထန် သော အန္တရာယ်ဖြစ်ကြောင်း ဆိုပါတယ်။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်နှင့် လုံခြုံရေးကောင်စီဥက္ကဋ္ဌထံ ပေးပို့သော စာတွင် ကုလ သမဂ္ဂဆိုင်ရာ အီရန်အမြဲတမ်းကိုယ်စားလှယ် အမီးရ် စအီးဒ် အီရ်ဝါနီ က အမေရိကန်သည် ဟော်မုဇ်ဂန်ပြည်နယ်ရှိ တံတားများ၊ ရထားဘူတာများနှင့် လူနေအိမ်ရာဒေသများကို လေကြောင်းတိုက်ခိုက်ခဲ့ပြီး ယင်းလုပ်ရပ်သည် ကုလသမဂ္ဂပဋိညာဉ်ကို ချိုးဖောက်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
စာတွင် ကြာသပတေးညနှင့် သောကြာနံနက်ပိုင်းတွင် ပြုလုပ်ခဲ့သည့် တိုက်ခိုက်မှုများအတွင်း ဘန်ဒါအဘတ်စ်–လာရ်နှင့် ခိုဟောရ်စတန်–ဘန်ဒါခမီရ် အဝေးပြေးလမ်းမများပေါ်ရှိ အရေးကြီးသော တံတားအများအပြား ဖျက်ဆီးခံခဲ့ရကြောင်း ဖော်ပြထားပါတယ်။
တံတားတစ်စင်းကို တိုက်ခိုက်ပြီးနောက် အရပ်သားယာဉ်တစ်စီး တံတားပေါ်မှ ပြုတ်ကျခဲ့ရာ လူ ၇ ဦး သေဆုံးပြီး ၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့အပြင် ဘန်ဒါအဘတ်စ်ရှိ လူနေအိမ်ရာဒေသတစ်ခုကို တိုက်ခိုက်မှုကြောင့် လူတစ်ဦး သေဆုံးကာ ၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အီရန်ဘက်က ဆိုပါတယ်။
အီရန်က ထပ်မံ၍ နိုင်ငံတကာ မြောက်၊တောင် သယ်ယူပို့ဆောင်ရေးစင်္ကြံ၏ အရေးကြီးသော အချက် အချာဖြစ် သည့် ဘန်ဒါအဘတ်စ် ရထားဘူတာကိုလည်း တိုက်ရိုက်တိုက်ခိုက်ခံခဲ့ရပြီး ရထားဝန်ထမ်း ၂ ဦး ဒဏ်ရာရရှိခဲ့ကာ ယင်းလမ်းကြောင်းပေါ်ရှိ ခရီးသည်ရထားဝန်ဆောင်မှုများ ရပ်ဆိုင်းခဲ့ရကြောင်း ပြောကြားခဲ့ပါတယ်။
အီရာဝါနီ၏ ပြောကြားချက်အရ ယခုအချိန်အထိ လူ ၄၃ ဦး သေဆုံးခဲ့ကြောင်း အတည်ပြုထားပြီး ယင်းတို့ထဲတွင် အမျိုးသမီး ၃ ဦးနှင့် ကလေး ၁ ဦး ပါဝင်ကြောင်း ဆိုသည်။ ဒဏ်ရာရရှိသူများအနက် အမျိုးသမီး ၂၂ ဦးနှင့် ကလေး ၉ ဦး ပါဝင်ပြီး လူ ၄၇ ဦးမှာ ဆေးရုံများတွင် စိုးရိမ်ရသည့် အခြေအနေဖြင့် ကုသမှုခံယူနေကြောင်း၊ ဇူလိုင်လအစမှ ယခုအချိန်အထိ ဒဏ်ရာရသူ စုစုပေါင်းမှာ ၄၀၀ ကျော်ရှိပြီဖြစ်ကြောင်း ၎င်းက ပြောပါတယ်။
အီရန်က အရပ်ဘက်အဆောက်အအုံများ ၊ သယ်ယူပို့ဆောင်ရေး အခြေခံအဆောက်အအုံများနှင့် ရထား လမ်း ကွန်ရက်များကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းသည် စစ်ရာဇဝတ်မှုဖြစ်ကြောင်း သတ်မှတ်ခဲ့ပြီး ယင်းတိုက်ခိုက် မှုများ ၏ လူသားဆိုင်ရာ၊ ပစ္စည်းပိုင်းဆိုင်ရာနှင့် ပတ်ဝန်းကျင်ဆိုင်ရာ အကျိုးဆက်များအတွက် နိုင်ငံ တကာ ဥပဒေ အရ အမေရိကန်တွင် တာဝန်ရှိကြောင်း ပြောကြားခဲ့ပါတယ်။
စာတွင် ကုလသမဂ္ဂအနေဖြင့် အရေးယူဆောင်ရွက်ခြင်းမရှိပါက အီရန်သည် နိုင်ငံတကာဥပဒေအောက်တွင် မိမိ ၏ အချုပ်အခြာအာဏာ၊ နယ်မြေပိုင်ဆိုင်မှု၊ ပြည်သူများနှင့် အမျိုးသားအကျိုးစီးပွားများကို ကာကွယ်ရန် လိုအပ် သည့် အရေးယူမှုများ ပြုလုပ်ပိုင်ခွင့်ကို ထိန်းသိမ်းထားကြောင်း သတိပေးထားပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment