၈ အောက်တိုဘာ ၂၀၂၆ - ၁၅:၅၉
ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဗဲဟ်ဂျသ် (ရ.ဟ) ၏ အနှစ်ချုပ်  ဆုံးမစကား

ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဗဲဟ်ဂျသ် (ရ.ဟ) ၏ အနှစ်ချုပ် ဆုံးမစကား ကို ကြည့်ရှုနေသည့် ချစ်ပရိတ်သတ်များအတွက် လိုက်နာနိုင်ရန် သို့မဟုတ် ဗဟုသုတ ရနိုင်ရန် တင်ပြလိုက်ကြပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

တစ်စုံတစ်ယောက်သည် ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဗဲဟ်ဂျသ် (ရ.ဟ)   ထံသို့ လာရောက်၍ လမ်းညွှန်ချက်တောင်းခံခဲ့ပါတယ်။

အာယာသွလ္လာဟ်ကြီး သည် ခေါင်းငုံ့ကာ ဇေက်ရ် အေလာဟီ (အလ္လာဟ်အရှင်မြတ်အား သတိရခြင်း) တွင် အာရုံစိုက်နေခဲ့ပါတယ်။ ထို့နောက်  ခေါင်းမော့လိုက်ပြီး ဤသို့ မိန့်ကြားခဲ့ပါတယ်။

"တတ်နိုင်သမျှ အပြစ် (အကုသိုလ်) မပြုပါနှင့်။" 

ထို့နောက် ခေါင်းပြန်ငုံ့ကာ ဇေက်ရ် အေလာဟီ တွင် ပြန်လည်အာရုံစိုက်နေပြန်သည်။ ခဏအကြာတွင် ခေါင်းကို ထပ်မံမော့လိုက်ပြီး ဤသို့ မိန့်ကြားခဲ့ပါတယ်။

"အကယ်၍ အပြစ်တစ်ခုခု ကျူးလွန်မိခဲ့လျှင်ပင် ထိုအပြစ်သည်ဟက်ကိုနာစ်( လူ့အခွင့်အရေး) နှင့် မသက်ဆိုင်စေရန် ကြိုးစားပါ။"

ထို့နောက် ခေါင်းငုံ့ကာဇေက်ရ် အေလာဟီ တွင် ဆက်လက်အာရုံစိုက်နေသည်။ ခဏမျှသာ ကြာမြင့်ပြီးနောက် ခေါင်းကို နောက်တစ်ကြိမ် မော့လိုက်ပြီး ဤသို့ မိန့်ကြားခဲ့ပါတယ်။

"အကယ်၍ ဟက်ကိုနာစ် (လူ့အခွင့်အရေး) နှင့်သက်ဆိုင်သည့် အပြစ်တစ်ခုခု ကျူးလွန်မိခဲ့လျှင်ပင် ထိုကိစ္စကို ဤလောကတွင်ပင် ဖြေရှင်းပါ။ နောက်ဆုံးနေ့ (အာခိရသ်) ထိ မထားခဲ့ပါနှင့်။ အဘယ်ကြောင့်ဆိုသော် နောက်ဆုံးနေ့၏ အဆုံးအဖြတ်သည် ပြင်းထန်သောကြောင့်ဖြစ်ပါတယ်။" 

အလ္လာဟ်ဟိုအက္က်ဘဲရ် -  ဟက်ကိုနာစ် (ခ) လူ့အခွင့်အရေး ကို လူငယ်များနားလည်အောင် ပြောရမည်ဆိုလျင်  လူသားအချင်းချင်းအပေါ် ကျူးလွန်မိသောအရာများကို ခေါ်ပါတယ်။ ဤကိစ္စတွင် နစ်နာသူ ကိုယ်တိုင်က ခွင့်မလွှတ်မချင်း အလ္လာဟ်အရှင်မြတ်ကလည်း ခွင့်မလွှတ်ပါချေ။ ပမာအားဖြင့် ခိုးယူခြင်း ၊  သူ့ တစ်ပါး ထံ ချေးထားသည့် ငွေအား ပြန်မဆပ်ခြင်း ၊ သူ့တစ်ပါး မြေ ၊ ပစ္စည်း အားမတရားယူခြင်း ၊  အရာတစ်ခုခု ကို လိမ် ညာ၍ ယူခြင်း ၊ သူတစ်ပါး အားပေးခိုင်း သည့် အရာများ တွင် ခယာနသ် ပြုခြင်း ။ ကျောသားရင်သား ခွဲခြားပြီး ဆက်ဆံခြင်း ၊  စွပ်စွဲခြင်း ၊ အတင်းပြောခြင်း ၊ အရှက်ခွဲခြင်း ၊သိက္ခာ ချခြင်း ၊  ရိုက်နှက်ထိခိုက်စေခြင်း ၊ လူသွားလမ်းပေါ်အမှိုက်များ ပစ်ခြင်း ၊ ရေမြောင်း များတွင် ရေပိတ်သွားအောင် အမှိုက်များပစ်ထည့်ခြင်း ၊  လူသွားလမ်းတွင် အကြောင်းမဲ့ ဟွန်း အကျယ်ကြီးတီးခြင်း ၊ သူတစ်ပါး၏ ဆိုင် သို့မဟုတ် အိမ် ရှေ့တွင် ခွင့်မတောင်းပဲ ကားရပ်ခြင်း စသည်ဖြင့် ဖြစ်ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++
END / 251

Tags

Your Comment

You are replying to: .
captcha