တူရကီ
-
မက္ကဟ် သဘောတူညီချက်သည် အီရန် နှင့် တိုက်ရိုက်ဆက်သွယ်ဆွေးနွေးနိုင်သည့် လမ်းကြောင်းတစ်ခု ဖြစ်လာ နိုင်သည် / အစ္စရေးမီဒီယာ
အစ္စရေးသတင်းစာ Haaretz ၏ ဖော်ပြချက်အရ ဆော်ဒီအာရေဗျ၊ တူရကီနှင့် ပါကစ္စတန်တို့အကြား မက္ကဟ် သဘောတူညီချက်အရ ဖွဲ့စည်းလာမည့် မဟာမိတ်အဖွဲ့သည် ရိုးရာစစ်ရေးမျက်နှာစာတစ်ခု ဖြစ်လာမည့်အစား အီရန်နှင့် တိုက်ရိုက်ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ရန်နှင့် ဒေသတွင်းအကျပ်အတည်းများကို ဖြေရှင်းရန်အတွက် နိုင်ငံရေးနှင့် သံတမန်ရေးရာ ပလက်ဖောင်းတစ်ခုအဖြစ် ပြောင်းလဲလာနိုင်ကြောင်း ဖြစ်ပါတယ်။
-
အီရန်က ဒေသတွင်း မွတ်စလင်နိုင်ငံများ ပါဝင်သည့် ပူးပေါင်းလုံခြုံရေး မဟာမိတ်ဖွဲ့စည်းရန် အဆိုပြု
အီရန်၏ ယာယီ ကာကွယ်ရေးဝန်ကြီးက တူရကီ ကာကွယ်ရေးဝန်ကြီးနှင့် တယ်လီဖုန်းဖြင့် ဆွေးနွေးရာတွင် “ဒေသ၏ လုံခြုံရေးကို ဒေသတွင်းနိုင်ငံများသာ အာမခံပေးနိုင်ပြီး ပြင်ပအင်အားကြီးနိုင်ငံများ၏ တည်ရှိမှုက မတည်ငြိမ်မှုကို ပိုမိုဆိုးရွားစေသည်” ဟု ပြောကြားခဲ့ပါတယ်။
-
နေတိုး (NATO) သည် ဒေသလုံခြုံရေးအတွက် လမ်းညွှန်ဆုံးဖြတ်ပေးရန် အရည်အချင်းမရှိဟု တူရကီ နိုင်ငံဆိုင်ရာ အီရန်သံရုံး ပြောကြား
တူရကီနိုင်ငံဆိုင်ရာ အီရန်သံရုံးက အန်ကာရာတွင် ကျင်းပခဲ့သည့် နေတိုး (NATO) ထိပ်သီးအစည်းအဝေး၏ ကြေညာချက်ကို တုံ့ပြန်ရာတွင် အဆိုပါ မဟာမိတ်အဖွဲ့သည် ဒေသလုံခြုံရေးအတွက် လမ်းညွှန်ချက်များ ထုတ်ပြန်ပေးရန် အရည်အချင်းမရှိကြောင်း ပြောကြားခဲ့ပါတယ်။
-
တူရကီတွင် ဂရိဝန်ကြီးချုပ်က နေတိုးအဖွဲ့ဝင်နိုင်ငံများအကြား သဘောထားကွဲလွဲမှုများကို ထုတ်ဖော်ပြောကြား
အနောက်နိုင်ငံများက နေတိုး (NATO) အဖွဲ့ဝင်နိုင်ငံများ၏ စည်းလုံးညီညွတ်မှုကို အမြဲတမ်း အလေးပေး ပြောဆိုနေသော်လည်း ဂရိဝန်ကြီးချုပ် ကီရီယာကိုစ် မစ်ဆိုတာကစ် (Kyriakos Mitsotakis) က အန်ကာရာ၌ ကျင်းပသည့် နေတိုးအစည်းအဝေးအပြင်ဘက်တွင် တူရကီကို ဝေဖန်ပြောဆိုခဲ့ပါတယ်။
-
အာဒိုဂန်၏ သစ္စာရှိမှုအကြောင်း ထရန့် ပြောဆို ။ ။ video
အဗ်နာ ။ ။ နေတိုးအစည်းအဝေးအတွက် တူရကီသို့ သွားရောက်ခဲ့သော အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်က အာဒိုဂန်နှင့် တွေ့ဆုံရာတွင် တူရကီသည် မိမိအတွက် အားလုံးထဲမှ အထူးသဖြင့် သစ္စာရှိဆုံးနိုင်ငံဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
-
စီအန်အန် တူရကီ၏ တိုက်ရိုက်ထုတ်လွှင့်မှုတွင် အီရန်ဒုံးကျည် များက အစ္စရေးထိန်းချုပ်နယ်မြေများကို ထိမှန်သည့် ဖြစ်ရပ် ဖော်ပြ ။ ။ video
အဗ်နာ ။ ။ မနေ့က CNN Türk သတင်းထောက်တစ်ဦးသည် အီရန်မှ ပစ်ခတ်သည့် ဒုံးကျည် တစ်စင်း ထိမှန်ခဲ့သည့် နေရာမှ တိုက်ရိုက် သတင်းပို့ခဲ့ပြီး ယင်းသတင်းပို့မှုကြောင့် အစ္စရေးဘက်မှ ပြင်းထန်သော အမျက်ဒေါသများ ဖြစ်ပေါ်ခဲ့ပါတယ်။ မကြာသေးမီရက်များအတွင်း အစ္စရေးထိန်းချုပ်နယ်မြေများတွင် ဒုံးကျည် များ ထိမှန်ခဲ့သည့် နေရာများ နှင့် ပတ်သက်သည့် ဗီဒီယိုများနှင့် ဓာတ်ပုံများ ထုတ်ပြန်မခံရအောင် ကာကွယ်တားဆီးရန် ကြိုးပမ်းမှု များ အကျယ်ပြန့် ဆောင်ရွက်နေကြောင်း သိရပါတယ်။
-
အီရန်က တူရကီအပေါ် မစ်ဆိုင်လ်တိုက်ခိုက်မှု ပြုလုပ်ခဲ့သည်ဆိုသည့် သတင်းများကို ငြင်းဆိုပြီး၊ အမေရိကနှင့် အစ္စရေး၏ လှည့်ကွက်ဖြစ်ကြောင်း ပြောကြား
အီရန် လက်နက်ကိုင်တပ်ဖွဲ့များက တူရကီဘက်သို့ ဒုံးကျည် ပစ်ခတ်ခဲ့သည်ဆိုသည့် သတင်းများကို တင်းကြပ်စွာ ငြင်းဆိုခဲ့ပြီးထိုသတင်းများ ပြန့်နှံ့နေခြင်းသည် အမေရိက နှင့် အစ္စရေးတို့၏ လှည့်ကွက်ကြောင့် ဖြစ်နိုင်ကြောင်း ပြောကြားခဲ့ပါတယ်။
-
တူရကီနိုင်ငံရှိ ရှီအဟ်များက အီရန် အစိုးရ နှင့် ပြည်သူများ နှင့် အတူရပ်တည်ကြောင်း ဆန္ဒထုတ်ဖော် ။ ။ video
အဗ်နာ ။ ။ တူရကီနိုင်ငံရှိ ရှီအဟ်များက အီရန် အစိုးရ နှင့် ပြည်သူများ နှင့် အတူရပ်တည်ကြောင်း ဆန္ဒထုတ်ဖော် ခဲ့ကြပါတယ်။
-
တူရကီနိုင်ငံခြားရေးဝန်ကြီး အီရန်သမ္မတနှင့်တွေ့ဆုံ / ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန် သဘောတူ
အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ သမ္မတ ဒေါက်တာ မတ်စ်အူဒ် ဘေဇစ်ရှ် ဂီယန်း နှင့် တူရကီနိုင်ငံခြား ရေးဝန်ကြီး ဟာကန် ဖီဒန် တို့သည် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်းလာစေဖို့ ဆွေးနွေးရန် တွေ့ဆုံ ခဲ့ကြပါတယ်။
-
တူရကီရှေ့နေချုပ်က နေတန်ယာဟု အပါအဝင် အစ္စရေးအရာရှိ ၃၇ ဦးအတွက် ဖမ်းဝရမ်းများထုတ်ပြန်
တူရကီရှေ့နေချုပ်များသည် ဂါဇာတွင် လူမျိုးတုံးသတ်ဖြတ်မှုဖြင့် နေတန်ယာဟု အပါအဝင် အစ္စရေးအရာရှိ ၃၇ ဦးအတွက် ဖမ်းဝရမ်းများထုတ်ပြန်ခဲ့ပါတယ်။
-
အီရတ်တွင် တူရကီ၏ စစ်အင်အား တိုးချဲ့မှုများ ဆက်လက် လုပ်ဆောင်နေ
တူရကီစစ်တပ်အင်ဂျင်နီယာအဖွဲ့များသည် အီရတ်နယ်စပ်ရှိ ကန်ဒီးလ် တောင်များတွင် စစ်ဘက် ဆက်သွယ် ရေးတာဝါတိုင်များ ကို စတင်တပ်ဆင်နေပြီဖြစ်ပါတယ်။