အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Mehr သတင်းဌာန၏ အစီရင်ခံစာအရ ခါသန်မိုလ်အန်ဗီယာ (ဆွ) ဗဟိုစစ်ဌာနချုပ် ၏ ပြောရေးဆိုခွင့် ရှိသူ အီဗရာဟီးမ် ဇိုလ်ဖေကာရီ က တူရကီကို မိတ်ဆွေနှင့် အိမ်နီးချင်းနိုင်ငံတစ်ခုအဖြစ် ဖော်ပြခဲ့ပြီး အီရန်မှ တူရကီ အပေါ် တိုက်ခိုက်ခဲ့သည်ဆိုသည့် သတင်းများကို အမေရိကနှင့် ဇီယွန်နစ် အေးဂျင့်များ၏ လှည့်ကွက်အဖြစ် သတ်မှတ်ကာ ငြင်းဆိုခဲ့ပါတယ်။
ထိုပြောရေးဆိုခွင့်ရှိသူက ထပ်မံကြေညာရာတွင် ဤကဲ့သို့သော အရေးအခင်းကိစ္စ များ၏ ရည်ရွယ်ချက်မှာ အမေရိကန် နှင့် ဇီယွန်နစ်များက အီရန်နှင့် တူရကီတို့အကြား ဆက်ဆံရေးကို ပျက်စီးစေရန် ကြိုးပမ်းခြင်း ဖြစ်နိုင်ကြောင်း ထင်ရပြီး ယင်းကိစ္စကို စုံစမ်းစစ်ဆေးရန် လိုအပ်ကြောင်း ပြောကြားခဲ့ပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment