၉ ဇူလိုင် ၂၀၂၆ - ၀၄:၂၀
တူရကီတွင် ဂရိဝန်ကြီးချုပ်က နေတိုးအဖွဲ့ဝင်နိုင်ငံများအကြား သဘောထားကွဲလွဲမှုများကို ထုတ်ဖော်ပြောကြား

အနောက်နိုင်ငံများက နေတိုး (NATO) အဖွဲ့ဝင်နိုင်ငံများ၏ စည်းလုံးညီညွတ်မှုကို အမြဲတမ်း အလေးပေး ပြောဆိုနေသော်လည်း ဂရိဝန်ကြီးချုပ် ကီရီယာကိုစ် မစ်ဆိုတာကစ် (Kyriakos Mitsotakis) က အန်ကာရာ၌ ကျင်းပသည့် နေတိုးအစည်းအဝေးအပြင်ဘက်တွင် တူရကီကို ဝေဖန်ပြောဆိုခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Farsnews၏အစီရင်ခံစာအရ မစ်ဆိုတာကစ်က အန်ကာရာတွင် သတင်းထောက်များအား “မဟာမိတ် အဖွဲ့တစ်ခု သည် အိမ်နီးချင်းကောင်းဆက်ဆံရေး၏ အခြေခံမူပေါ်တွင် တည်ဆောက်ထားရမည်ဖြစ်ကြောင်း ကျွန်ုပ်၏ နိုင်ငံသည် ယနေ့အထိ တူရကီဘက်မှ ပွင့်လင်းထင်ရှားသော စစ်ရေးခြိမ်းခြောက်မှုနှင့် ရင်ဆိုင်နေရဆဲဖြစ်ကြောင်း ” ပြောကြားခဲ့ပါတယ်။

တူရကီနှင့် စစ်ဖြစ်ခဲ့ဖူးသည့် သမိုင်းရှိသော ဂရိနိုင်ငံ၏ ဝန်ကြီးချုပ်သည် ယနေ့ (ဗုဒ္ဓဟူးနေ့) အန်ကာရာတွင် တူရကီကို ထပ်မံဝေဖန်ပြောဆိုခဲ့ပါတယ်။ ၁၉၇၄ ခုနှစ်သည် ဆိုက်ပရပ်စ်ကျွန်းကိစ္စကြောင့် တူရကီနှင့် ဂရိတို့ နောက်ဆုံးအကြိမ် စစ်ဖြစ်ခဲ့သည့် အချိန်ဖြစ်ပါတယ်။

နေတိုးအဖွဲ့ဝင် နှစ်နိုင်ငံအကြား ဆယ်စုနှစ်များစွာကြာ ဖြစ်ပွားနေသည့် တင်းမာမှုများမှာ ဆိုက်ပရပ်စ်ပြဿနာ တစ်ခုတည်းသာ မဟုတ်ဘဲ အီဂျီယန်ပင်လယ်နှင့် မြေထဲပင်လယ်ရှိ ပိုင်နက်နယ်မြေဆိုင်ရာ အငြင်းပွားမှုများ လည်း ရှိနေပါတယ်။

ယနေ့ကျင်းပသော နေတိုးခေါင်းဆောင်များ အစည်းအဝေးအပြင်ဘက်တွင် မစ်ဆိုတာကစ်က “နေတိုး မဟာမိတ်နိုင်ငံအားလုံး၏ စိုးရိမ်ပူပန်မှုများကို ထည့်သွင်းစဉ်းစားသင့်ကြောင်း ပူးပေါင်းဆောင်ရွက်သည့် စိတ်ဓာတ်ဖြင့် ပြဿနာများကို ဖြေရှင်းနိုင်မည်ဟု ယုံကြည်ကြောင်း” ပြောကြားခဲ့ပါတယ်။

တူရကီမီဒီယာ "Keleş Reports" က ဂရိဝန်ကြီးချုပ်၏ ပြောကြားချက်နှင့် ပတ်သက်၍ “မစ်ဆိုတာကစ်သည် ဤသတိပေးချက်ကို ထရမ့်က နေတိုးထိပ်သီးအစည်းအဝေးအပြင်ဘက်တွင် အာဒိုဂန်နှင့်အတူ ထိုင်နေစဉ် ပြောကြားခဲ့ခြင်းဖြစ်ပြီး ထရမ့်ကလည်း တူရကီအပေါ် ချမှတ်ထားသော ပိတ်ဆို့အရေးယူမှုများကို ရုပ်သိမ်းခြင်းနှင့် တူရကီအား F-35 တိုက်လေယာဉ် အစီအစဉ်သို့ ပြန်လည်ပါဝင်ခွင့်ပေးခြင်းတို့ကို ‘သေချာပေါက်’ သုံးသပ်မည်ဖြစ်ကြောင်း ကြေညာခဲ့သည်” ဟု ရေးသားဖော်ပြခဲ့ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha