အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အီရန်နိုင်ငံသည် အန်ကာရာတွင် ကျင်းပခဲ့သော နေတိုးထိပ်သီးအစည်းအဝေး၏ ကြေညာချက်၌ မိမိနိုင်ငံ၏ ငြိမ်းချမ်းသော နျူကလီးယားအစီအစဉ်နှင့် ဟော်မုဇ်ရေလက်ကြား တွင် သင်္ဘောသွားလာခွင့် လွတ်လပ်မှု နှင့် ပတ်သက်၍ နိုင်ငံရေးရည်ရွယ်ချက်ဖြင့် ပြုလုပ်ထားသော အခြေအမြစ်မရှိသည့် စွပ်စွဲချက်များကို ပြတ်ပြတ် သားသား ငြင်းဆိုခဲ့ပါတယ်။
တူရကီနိုင်ငံဆိုင်ရာ အီရန်သံရုံးက အီရန်သည် တာဝန်ယူမှုရှိသော နိုင်ငံတစ်နိုင်ငံဖြစ်ပြီး နျူကလီးယားလက်နက် မပြန့်ပွားရေးစာချုပ် (NPT) ၏ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံအနေဖြင့် နျူကလီးယားလက်နက်များသည် မိမိ၏ ကာကွယ်ရေးမူဝါဒတွင် မည်သည့်နေရာမျှ မရှိကြောင်း အမြဲတမ်း အလေးပေးပြောဆိုလာခဲ့ကြောင်း ထုတ်ပြန်ခဲ့ ပါတယ်။
ထုတ်ပြန်ချက်အရ အီရန်သည် ပါရှန်ပင်လယ်ကွေ့နှင့် ဟော်မုဇ်ရေလက်ကြားတို့တွင် ရေကြောင်းလုံခြုံရေးကို ထိန်းသိမ်းရန် နှင့် သင်္ဘောသွားလာခွင့် လွတ်လပ်မှုကို အာမခံရန် အမြဲတမ်း တာဝန်ယူမှုရှိစွာ ဆောင်ရွက် လာခဲ့ကြောင်း ဖော်ပြထားပါတယ်။
အီရန်သံရုံးက ထပ်မံပြောကြားရာတွင် “ဆွေးနွေးရေးစားပွဲကို ဗုံးကြဲဖျက်ဆီးပြီး သံတမန်ရေးထက် ကျူးကျော် တိုက်ခိုက်မှုကို ရွေးချယ်ခဲ့သူများမှာ အီရန်မဟုတ်ဘဲ အမေရိကန်ပြည်ထောင်စုနှင့် အကြမ်းဖက် အစ္စရေး အစိုးရတို့ဖြစ်သည်” ဟု ဆိုပါတယ်။
ထုတ်ပြန်ချက်တွင် နေတိုးသည် အီရန်ပြည်သူများအပေါ် ကျူးကျော်တိုက်ခိုက်မှုများကို ထောက်ခံခဲ့သည့်အပြင် ယင်းတို့ကို အကောင်အထည်ဖော်ရာတွင်လည်း အခန်းကဏ္ဍတစ်ရပ်မှ ပါဝင်ခဲ့သဖြင့် အီရန်နိုင်ငံအား ဩဝါဒပေးရန် သို့မဟုတ် ဒေသ၏ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအတွက် လမ်းညွှန်ဆုံးဖြတ်ပေးရန် အရည် အချင်းမရှိကြောင်း အတိအလင်း ဖော်ပြထားပါတယ်။
ထုတ်ပြန်ချက်အရ ထိုသို့သော ဆန့်ကျင်ဘက်ဖြစ်ပြီး နိုင်ငံရေးရည်ရွယ်ချက်ပါဝင်သည့် ရပ်တည်ချက်များသည် ငြိမ်းချမ်းရေးကို အထောက်အကူမပြုသကဲ့သို့ နေတိုး၏ ယုံကြည်စိတ်ချရမှုကိုလည်း မြှင့်တင်ပေးမည် မဟုတ်ဘဲ ယင်းမဟာမိတ်အဖွဲ့၏ နှစ်ထပ်စံနှုန်းများကိုသာ ပိုမိုထင်ရှားစေကြောင်း ဖော်ပြထားပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment