အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ဟဇရသ် မအ်စူမဟ် (စ.အ) ၏ ကွယ်လွန်ခြင်းအခါသမယတွင် “ဟာဒီယန် အလ်ကရီမဟ်” အစီအစဉ် ကို အထူးအစီအစဉ်အဖြစ် ထူးထူးခြားခြား ဆောင်ရွက်သွားမည်ဖြစ်ပါတယ်။
ဤအစီအစဉ်အရ စက်တင်ဘာလ ၂၂ ရက် တနင်္လာနေ့ညမှ စက်တင်ဘာလ ၂၅ ရက် သောကြာနေ့အထိ ဘာသာရေးပညာရှင်သင်တန်းများကို တက်ရောက်ပြီးစီးထားသည့်ဟောင်ဇာ အေလ်မီယေ (ဘာသာရေးတက္ကသိုလ် ) မှ ကျောင်းဆင်းကျောင်းပြီး ဘာသာရေးပညာရှင် ၁၂၀ ဦးသည် ဟဇရသ် ဖွာတွေမဟ် မအ်စူမဟ် (စ.အ) ၏ မြင့်မြတ်သော ရောင်ဇာတော် မြတ် သို့ ဝင်ရောက်နိုင်သည့် ဝင်ပေါက်အားလုံး၌ တာဝန်ထမ်းဆောင်ကြမည်ဖြစ်ပါတယ်။ ၎င်းတို့သည် ဇေယာရသ် လာရောက်သူများကို ကြိုဆိုပေးသည့်အပြင် မျက်နှာချင်းဆိုင် ဘာသာရေးအသိပညာ နှင့် အစ္စလာမ့်အဆုံးအမများကို ဖြန့်ဝေပေးမည် ဖြစ်ပါတယ်။
“ဟာဒီယန် အလ်ကရီမဟ်” အစီအစဉ် ကို တစ်နှစ်ပတ်လုံး ပုံမှန်အစီအစဉ်အဖြစ်လည်း ဆောင်ရွက်လျက်ရှိသည်။ အဲဟ်လေ့ဘိုက်(သ) (အ.စ) ၏ အဆုံးအမများနှင့် အသိပညာများကို ဖြန့်ဝေရန် ရည်ရွယ်၍ အပတ်စဉ် အင်္ဂါနေ့ညများ၊ ကြာသပတေးနေ့ညများနှင့် သောကြာနေ့ နေ့လယ်ပိုင်းနှင့် ညပိုင်းများတွင် ဆောင်ရွက်လျက်ရှိပြီး ကရီမဟ် ၏ ရောင်ဇာတော် မြတ် သို့ လာရောက်သည့် ဇေယာရသ် များ၏ အားပေးလက်ခံမှုကို ရရှိထားပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment