၂၂ ဇွန် ၂၀၂၆ - ၂၃:၅၆
မြို့တော် အစ္စလာမာဘတ် အပါအဝင် မြို့အများအပြားတွင် ငလျင်လှုပ်ခတ်မှုများ ခံစားခဲ့ရ

ငလျင်သည် ပြင်းအား ၅.၄ ရှိပြီး အနက် ၂၁၅ ကီလိုမီတာ ရှိပြီး အာဖဂန်နစ္စတန်နိုင်ငံ ဟိန္ဒူကုရှ်ဒေသ၏ ဗဟိုချက်ဖြစ်ကြောင်း သိရပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Sahar News၏ အစီရင်ခံစာ အရ ပါကစ္စတန်နိုင်ငံ အစ္စလာမာဘတ် နှင့် ပေရှဝရ် အပါအဝင် မြို့အများအပြားတွင် ငလျင်လှုပ်ခတ်မှုများကို ခံစားခဲ့ရပါတယ်။ ဤအတွက်ကြောင့် လူများကြားတွင် ကြောက်ရွံ့ထိတ်လန့်မှုကို ပျံ့နှံ့ စေခဲ့ပါတယ်။

ငလျင်စင်တာ၏ အဆိုအရ ငလျင်သည် ရစ်ချ်တာစကေး ၅.၄ ရှိပြီး အနက် ၂၁၅ ကီလိုမီတာ ရှိပြီး အာဖဂန်နစ္စတန်နိုင်ငံ ဟိန္ဒူကုရှ်ဒေသ၏ ဗဟိုချက်ဖြစ်ကြေင်း ဖြစ်ပါတယ်။

ဘူနာ နှင့် ဘာဂွာ၊ ဖိုင်ဆာလာဘတ်၊ ဒီရာ အစ္စမေးလ် ခန်း၊ ခူရှပ် ဘတ်တာဂရမ်၊ မန်ဆီရာ၊ ဆွက် နှင့် အဘော့တာဘတ်တို့တွင်လည်း ငလျင်လှုပ်ခတ်မှုများကို ခံစားခဲ့ရပါတယ်။

ငလျင်လှုပ်ခတ်ပြီးနောက် လူများသည် မိမိ တို့၏အိမ်များနှင့် ရုံးခန်းများမှ ကလီမဟ်‌ယေရှဟာဒသ် ရွတ်ဆိုကြသကြောင်းနှင့် ပျက်စီးဆုံးရှုံးမှု မရှိကြောင်း သိရှိရပါတယ်။

ပါကစ္စတန်နိုင်ငံရှိ မြို့အများအပြားတွင် ငလျင်လှုပ်ခတ်မှုများကို လွန်ခဲ့သော ရက်အနည်းငယ်က ခံစားခဲ့ ရကြောင်း သတိပြုသင့်ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha