၁၇ အောက်တိုဘာ ၂၀၂၆ - ၀၉:၅၇
ဆီးရီးယားရှိ‌  ဂျောင်လာနီ အစိုးရ ရင်ဆိုင်နေရသော လုံခြုံရေးစိန်ခေါ်မှု ၃ ရပ်

ဂျောင်လာနီအစိုးရသည် အဓိက လုံခြုံရေးစိန်ခေါ်မှု ၃ ရပ်ကို ရင်ဆိုင်နေရကြောင်း သိရပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

၁။ ISIS အဖွဲ့၏ လှုပ်ရှားမှုများ မြင့်တက်လာခြင်း

ဟားမားပြည်နယ်၊ ဆလမီယာမြို့အနီးတွင် လက်နက်ကိုင်တိုက်ခိုက်မှုတစ်ခု ဖြစ်ပွားခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင် ၄ ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ ယင်းဖြစ်ရပ်ကြောင့် ISIS ၏ လျှို့ဝှက်လှုပ်ရှားနေသော အဖွဲ့ငယ်များ၏ လုပ်ဆောင်မှုများနှင့် သဲကန္တာရဒေသများ၊ အရေးပါသော လမ်းကြောင်းများကို အစိုးရက ထိရောက်စွာ မထိန်းချုပ်နိုင်ခြင်းအပေါ် စိုးရိမ်မှုများ မြင့်တက်လာကြောင်း သိရပါတယ်။

၂။ နိုင်ငံခြားတိုက်ခိုက်ရေးသမားများ နှင့် တင်းမာမှုများ

«အယ်လ်ဂူရာဘာတပ်ဖွဲ့» (Firqat al-Ghuraba) အဖွဲ့ဝင်များနှင့် ဥဇဘက်ကစ္စတန်နိုင်ငံသား တိုက်ခိုက်ရေးသမားများအပါအဝင် နိုင်ငံခြားတိုက်ခိုက်ရေးသမားအချို့သည် အစိုးရ၏ မူဝါဒများနှင့် တပ်မတော်သစ်အတွင်း ပေါင်းစည်းရေးအစီအစဉ်ကို ဆန့်ကျင်နေကြပါတယ်။  ယင်းအခြေအနေသည် လက်နက်ကိုင်ပဋိပက္ခများ ထပ်မံဖြစ်ပွားလာနိုင်သည့် အန္တရာယ်ကို မြင့်တက်စေပါတယ်။

၃။ ထိန်းချုပ်မှုမရှိသော လက်နက်များ ပျံ့နှံ့လာခြင်း

အစိုးရထိန်းချုပ်ထားသော ဒေသများတွင် မိသားစုနှင့် မျိုးနွယ်စုအချင်းချင်း ပဋိပက္ခများ ဖြစ်ပွားလျက်ရှိပါတယ်။  ၂၀၂၆ ခုနှစ်အစမှ ယခုအချိန်အထိ ထိုသို့သော ပဋိပက္ခပေါင်း ၁၃၆ ကြိမ်ခန့် ဖြစ်ပွားခဲ့ပြီး လူ ၁၁၈ ဦး သေဆုံးကာ ၂၃၉ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

ရေရှည်တည်ငြိမ်မှု ရရှိစေရန် ဂျောင်လာနီအစိုးရသည် ISIS ၏ လှုပ်ရှားမှုများကို ထိန်းချုပ်ရန်၊ နိုင်ငံခြားတိုက်ခိုက်ရေးသမားများနှင့် သဘောထားကွဲလွဲမှုများကို ဖြေရှင်းရန်၊ လက်နက်ပျံ့နှံ့မှုကို တားဆီးရန်နှင့် လုံခြုံရေးအဖွဲ့အစည်းများအကြား ပူးပေါင်းညှိနှိုင်းမှုကို ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ရန် လိုအပ်နေကြောင်း သိရှိရပါတယ်။


++++++++++++++++++++++++++++++++++++++++++++++++++
END / 251

Tags

Your Comment

You are replying to: .
captcha