၁၇ အောက်တိုဘာ ၂၀၂၆ - ၀၈:၄၅
အစ္စလာမ်နိုင်ငံများ၏ နိုင်ငံခြားရေးဝန်ကြီးများ နှစ်ပတ်လည်အစည်းအဝေးသို့ အီရန်နိုင်ငံခြားရေးဝန်ကြီး အီရတ်က်ကျီ တက်ရောက်မည်

အီရန်နိုင်ငံခြားရေးဝန်ကြီး ဆယက်ဒ် အဘာစ် အီရတ်က်ကျီ သည် အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) ၏ ၅၂ ကြိမ်မြောက် နိုင်ငံခြားရေးဝန်ကြီးများကောင်စီ အစည်းအဝေးသို့ တက်ရောက်ရန် သံတမန်အဖွဲ့နှင့်အတူ အီရတ်နိုင်ငံမြို့တော် ဘဂ္ဂဒက်သို့ ထွက်ခွာသွားခဲ့ပြီး၊ အစည်းအဝေးတွင် အီရန်၏ ရပ်တည်ချက်များကို ရှင်းလင်းတင်ပြကာ အခြားနိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများနှင့်လည်း နှစ်နိုင်ငံချင်း တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


IRIB သတင်းအေဂျင်စီ ၏ အဆိုအရ  အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတနိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီး ဆယက်ဒ် အဘာစ် အီရတ်က်ကျီ သည် ယနေ့ စနေနေ့ နံနက်ပိုင်းတွင် အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) ၏ နိုင်ငံခြားရေးဝန်ကြီးများကောင်စီ အစည်းအဝေးသို့ တက်ရောက်ရန် သံတမန်အဖွဲ့တစ်ဖွဲ့ကို ဦးဆောင်ကာ အီရတ်နိုင်ငံ မြို့တော် ဘဂ္ဂဒက်သို့ ထွက်ခွာသွားခဲ့ပါတယ်။ 

အစည်းအဝေးသို့ တက်ရောက်ပြီး အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတနိုင်ငံ၏ ရပ်တည်ချက်များကို ရှင်းလင်းတင်ပြမည့်အပြင် အစည်းအဝေးတက်ရောက်လာကြသော နိုင်ငံခြားရေးဝန်ကြီးအချို့နှင့်လည်း နှစ်နိုင်ငံချင်း တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်သွားမည်ဖြစ်ပါတယ်။

အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့၏ ၅၂ ကြိမ်မြောက် နိုင်ငံခြားရေးဝန်ကြီးများကောင်စီ အစည်းအဝေးကို “ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်ရေးအတွက် မရှိမဖြစ်လိုအပ်သော အခြေခံမဏ္ဍိုင်နှစ်ရပ်အဖြစ် ဆွေးနွေးညှိနှိုင်းမှုနှင့် စည်းလုံးညီညွတ်မှု” ဟူသော ဆောင်ပုဒ်ဖြင့် စနေနေ့နှင့် တနင်္ဂနွေနေ့တို့တွင်  အီရတ် နိုင်ငံ ၏ မြို့တော် ဘဂ္ဂဒက်မြို့၌ ကျင်းပသွားမည်ဖြစ်ပါတယ်။ 

++++++++++++++++++++++++++++++++++++++++++++++++++
END / 251

Tags

Your Comment

You are replying to: .
captcha