၁၇ အောက်တိုဘာ ၂၀၂၆ - ၀၈:၅၆
အီရန်ဒုတိယသမ္မတ အာရစ်ဖ်က ရုပ်ရှင်ဒါရိုက်တာ မဂျစ် မဂျီဒီကို အမျိုးသားယဉ်ကျေးမှု နှင့် ဂုဏ်သိက္ခာ၏ စစ်မှန်သော သံတမန်အဖြစ် ချီးကျူးဂုဏ်ပြု

အီရန်ဒုတိယသမ္မတ နှင့် အဆင့်မြင့် ရုပ်ရှင်ကောင်စီဥက္ကဋ္ဌ အာရစ်ဖ်သည် မဂျစ် မဂျီဒီ ရိုက်ကူးသည့် «နေ့လယ်စာ» ရုပ်ရှင်က ၃၁ ကြိမ်မြောက် ဘူဆန်နိုင်ငံတကာရုပ်ရှင်ပွဲတော်တွင် အကြီးဆုံးဆုကို ရရှိခဲ့ခြင်းအတွက် ဂုဏ်ပြုခဲ့ပြီး၊ နိုင်ငံတကာဖိအားများနှင့် ပိတ်ဆို့အရေးယူမှုများကြား အီရန်ပြည်သူများ၏ ရပ်တည်ချက်ကို ကမ္ဘာသို့ ဖော်ထုတ်ပြသခဲ့မှုအတွက်လည်း ချီးကျူးခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


IRIB သတင်းအေဂျင်စီ ၏ အဆိုအရ အီရန်ဒုတိယသမ္မတ နှင့် အဆင့်မြင့်ရုပ်ရှင်ကောင်စီဥက္ကဋ္ဌ အာရစ်ဖ်သည် မဂျစ် မဂျီဒီ ရိုက်ကူးသည့် «နေ့လယ်စာ» ရုပ်ရှင်က ၃၁ ကြိမ်မြောက် ဘူဆန်နိုင်ငံတကာရုပ်ရှင်ပွဲတော်၏ အကြီးဆုံးဆုကို ရရှိခဲ့ခြင်းအတွက် ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့ပါတယ်။

အဆိုပါသဝဏ်လွှာတွင် အာရစ်ဖ်က ကမ္ဘာ့အဆင့်မီ ရုပ်ရှင်ပွဲတော်၌ အီရန်ပြည်သူများဘက်မှ ရပ်တည်ပြောဆိုခဲ့သည့် မဂျီဒီ၏ လုပ်ဆောင်ချက်များကို အသိအမှတ်ပြု ချီးကျူးခဲ့ပါတယ်။

၎င်းက မဂျီဒီသည် အီရန်ပြည်သူများအပေါ် ချမှတ်ထားသည့် ပိတ်ဆို့အရေးယူမှုများနှင့် နိုင်ငံတကာဖိအားများကို ရင်ဆိုင်ရာတွင် ပြည်သူများ၏ နစ်နာမှု နှင့် ကြံ့ကြံ့ခံရပ်တည်မှုအသံကို ကမ္ဘာသို့ ပျံ့နှံ့စေခဲ့ကြောင်း ဖော်ပြခဲ့ပါတယ်။

ထို့အပြင် မဂျီဒီသည် ရုပ်ရှင်ဒါရိုက်တာတစ်ဦးအဖြစ်သာမက အီရန်နိုင်ငံ၏ ယဉ်ကျေးမှုနှင့် အမျိုးသားဂုဏ်သိက္ခာကို ကိုယ်စားပြုသည့် စစ်မှန်သော သံတမန်တစ်ဦးအဖြစ် ပေါ်လွင်ထင်ရှားခဲ့ကြောင်း အာရစ်ဖ်က ချီးကျူးရေးသားခဲ့ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++
END / 251

Tags

Your Comment

You are replying to: .
captcha