၁၉ စက်တင်ဘာ ၂၀၂၆ - ၀၀:၀၀
ပါကစ္စတန်နိုင်ငံ ကိုဟတ်တွင် သေဆုံးသူများပြားသော ပေါက်ကွဲမှုဖြစ်ပွား  / ၁၆ ဦးသေဆုံး ၊ ၅၀ ကျော်ဒဏ်ရာရ

ပါကစ္စတန်နိုင်ငံ ခိုင်ဘာပက်ခတွန်ခွာပြည်နယ်၊ ကိုဟတ်ခရိုင်ရှိ ဗလီတစ်ခု နှင့် ရဲဌာနချုပ်အနီးတွင် သောကြာ နမာဇ် ဝတ်ပြုနေစဉ် ဗုံးတပ်ဆင်ထားသော မော်တော်ယာဉ်တစ်စီး ပြင်းထန်စွာ ပေါက်ကွဲခဲ့ရာ အနည်းဆုံး ၁၆ ဦး သေဆုံးပြီး ၅၀ ကျော် ဒဏ်ရာရရှိခဲ့သည်။ သေဆုံးသူများအနက် ၅ ဦးမှာ ရဲတပ်ဖွဲ့ဝင်များဖြစ်ပြီး ဒဏ်ရာရသူအချို့၏ အခြေအနေမှာ စိုးရိမ်ရကြောင်း သိရပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ပါကစ္စတန်နိုင်ငံ ခိုင်ဘာပက်ခတွန်ခွာပြည်နယ်၊ ကိုဟတ်ခရိုင်ရှိ ဗလီတစ်ခုနှင့် ရဲဌာနချုပ်အနီးတွင် ပြင်းထန်သော ပေါက်ကွဲမှုတစ်ရပ် ဖြစ်ပွားခဲ့ပြီး အနည်းဆုံး ၁၆ ဦး သေဆုံးကာ ၅၀ ကျော် ဒဏ်ရာရရှိခဲ့သည်။ သေဆုံးသူများအနက် ၅ ဦးမှာ ရဲတပ်ဖွဲ့ဝင်များ ဖြစ်ကြပါတယ်။

ရဲတပ်ဖွဲ့နှင့် ကယ်ဆယ်ရေးတာဝန်ရှိသူများ၏ အစီရင်ခံချက်အရ အဆိုပါပေါက်ကွဲမှုသည် သောကြာနေ့တွင် ဗလီ၌ သောကြာနေ့ဝတ်ပြုဆုတောင်းရန် ဝတ်ပြုသူများ ရောက်ရှိနေချိန်၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ပါတယ်။

ခိုင်ဘာပက်ခတွန်ခွာ ရဲတပ်ဖွဲ့၏ စစ်ဆေးရေးမှူးချုပ် ဇူလ်ဖီကာ ဟာမစ်က ရဲဌာနချုပ်အနီးတွင် ပေါက်ကွဲစေတတ်သော ပစ္စည်းများ သယ်ဆောင်လာသည့် မော်တော်ယာဉ်တစ်စီး ပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှု၏ ပြင်းအားကြောင့် ဗလီနှင့် အနီးဝန်းကျင်ရှိ အဆောက်အအုံများ ထိခိုက်ပျက်စီးမှုများပြားခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

ပေါက်ကွဲမှုကြောင့် ဗလီအဆောက်အအုံ၏ အစိတ်အပိုင်းတစ်ခု ပျက်စီးခဲ့ပြီး နံရံတစ်ဖက်လည်း ပြိုကျခဲ့ပါတယ်။ ကယ်ဆယ်ရေးနှင့် ရှာဖွေရေးအဖွဲ့များသည် ဖြစ်စဉ်ဖြစ်ပွားပြီးချင်း အခင်းဖြစ်နေရာသို့ ရောက်ရှိလာကာ အပျက်အစီးများကြားတွင် လူများရှာဖွေခြင်းနှင့် ကယ်ဆယ်ကူညီခြင်းလုပ်ငန်းများ စတင်ခဲ့ပါ တယ်။

ဒဏ်ရာရသူများနှင့် သေဆုံးသူများ၏ ရုပ်အလောင်းများကို ဆေးကုသမှုနှင့် အတည်ပြုဖော်ထုတ်ရန်အတွက် ကိုဟတ်ခရိုင်ဗဟိုဆေးရုံသို့ ပို့ဆောင်ခဲ့ပါတယ်။
အပျက်အစီးများအောက်တွင် ပိတ်မိနေသူများ ရှိ၊ မရှိ ဆက်လက်ရှာဖွေနေကြောင်း ကယ်ဆယ်ရေးတာဝန်ရှိသူများက ပြောကြားခဲ့ပါတယ်။

ပေါက်ကွဲမှုဖြစ်ပွားချိန်တွင် လက်နက်ကိုင်အမျိုးသား အနည်းဆုံး ၂ ဦးသည် ရဲတပ်ဖွဲ့ဝင်းအတွင်းသို့ ဝင်ရောက်ရန် ကြိုးပမ်းခဲ့ကြပြီး ထိုနောက် တိုက်ခိုက်သူများနှင့် ရဲတပ်ဖွဲ့ဝင်များအကြား အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပါတယ်။

ပါကစ္စတန်နိုင်ငံ ကိုဟတ်တွင် သေဆုံးသူများပြားသော ပေါက်ကွဲမှုဖြစ်ပွား  / ၁၆ ဦးသေဆုံး ၊ ၅၀ ကျော်ဒဏ်ရာရ

တိုက်ခိုက်သူများကို ထိန်းချုပ်နိုင်ရန် လုံခြုံရေးတပ်ဖွဲ့များ၏ စစ်ဆင်ရေးများ ဆက်လက်လုပ်ဆောင်နေကြောင်း ဒေသခံတာဝန်ရှိသူများက ပြောကြားခဲ့ပြီး ကနဦးသတင်းများအရ တိုက်ခိုက်သူတစ်ဦးမှာ ယင်းပစ်ခတ်မှုအတွင်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

ယခုအချိန်အထိ မည်သည့်အဖွဲ့ကမျှ အဆိုပါတိုက်ခိုက်မှုအတွက် တာဝန်ရှိကြောင်း ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပါ။ သို့သော် ဒေသခံသတင်းရင်းမြစ်အချို့က ပါကစ္စတန် တာလီဘန်အဖွဲ့ (Tehrik-i-Taliban Pakistan — TTP) ပါဝင်ပတ်သက်နိုင်ခြေရှိသည်ဟု ဖော်ပြခဲ့ကြပါတယ်။ အဆိုပါအဖွဲ့သည် ယခင်ကလည်း ပါကစ္စတန်နိုင်ငံအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အရပ်သားများကို ပစ်မှတ်ထားသည့် တိုက်ခိုက်မှုများတွင် ပါဝင်ခဲ့သည်ဟု စွပ်စွဲခံထားရပါတယ်။

အဆိုပါဖြစ်စဉ်သည် ခိုင်ဘာပက်ခတွန်ခွာပြည်နယ်၏ ဒေသအများအပြားတွင် လုံခြုံရေးတပ်ဖွဲ့များနှင့် လက်နက်ကိုင်အဖွဲ့များအကြား ထိတွေ့တိုက်ပွဲများ မကြာသေးမီရက်များအတွင်း ပိုမိုမြင့်တက်လာနေချိန်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပါတယ်။

ကြာသပတေးနေ့ကလည်း ဟန်ဂူခရိုင်တွင် လုံခြုံရေးတပ်ဖွဲ့များ၏ ယာဉ်တန်းသွားလာသည့် လမ်းကြောင်း၌ လမ်းဘေးဗုံးတစ်လုံး ပေါက်ကွဲခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင် ၆ ဦး သေဆုံးခဲ့ပါတယ်။

ထို့နောက် မြောက်ဝါဇီရစ္စတန်နှင့် ဟန်ဂူဒေသများတွင် စစ်တပ်က ပြုလုပ်ခဲ့သော စစ်ဆင်ရေးအတွင်း လက်နက်ကိုင်အဖွဲ့များနှင့် ဆက်နွယ်သည်ဟု သံသယရှိသူ ၁၀ ဦး သေဆုံးခဲ့ကြောင်းလည်း သတင်းထွက်ပေါ်ခဲ့ပါ တယ်။

++++++++++++++++++++++++++++++++++++++++++++++++++
END / 251

Tags

Your Comment

You are replying to: .
captcha