၁၈ စက်တင်ဘာ ၂၀၂၆ - ၂၃:၁၈
ယီမင် အန်ဆွာရိုလ္လာဟ် အဖွဲ့များ က ဘာဗ်ဗိုလ်မန်ဒက်ဗ် ကို အပေါ်စီးမှကြည့်ရှုနိုင်သော အလ်အဂ်ဘရာတောင်တန်းများကို သိမ်းပိုက်

ဆော်ဒီအာရေဗျ၏ ထောက်ပံ့မှုရရှိထားသော “အလ်အမာလီကာ” တပ်ဖွဲ့များဟု ခေါ်ဆိုသည့် အင်အားစုများ ဆုတ်ခွာသွားပြီးနောက်၊ ယီမင် အန်ဆွာရိုလ္လာဟ် တပ်ဖွဲ့ဝင်များသည် “အလ်အဂ်ဘရာ” ဟုခေါ်သော မဟာဗျူဟာမြောက် တောင်တန်းများကို ထိန်းချုပ်နိုင်ခဲ့ကြပါတယ်။ ယင်းတောင်တန်းများသည် “အလ်မုဒ်ဒါရိဗာ” ဒေသတွင် တည်ရှိပြီး ဘာဘ်အယ်လ်မန်ဒက် မဟာဗျူဟာမြောက် ရေလက်ကြားကို အပေါ်စီးမှ ကြည့်ရှုနိုင်သည့်နေရာဖြစ်ပါတယ်။ ထိုလုပ်ဆောင်ချက်ကြောင့် ဘာဗ်ဗိုလ်မန်ဒက်ဗ် ရေလက်ကြားအပေါ် ဆာနာဘက်၏ စစ်ရေးအရ အပေါ်စီးမှ ကြည့်ရှုနိုင်မှုသည် သိသိသာသာ တိုးမြင့်လာခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


အန်ဆွာရိုလ္လာဟ် လှုပ်ရှားမှုနှင့် ဆက်နွယ်သော ဆာနာအခြေစိုက် ယီမင် လက်နက်ကိုင်တပ်ဖွဲ့များသည် ပင်လယ်နီအတွင်းရှိ မဟာဗျူဟာမြောက် ဘာဘ်အယ်လ်မန်ဒက် ရေလက်ကြားကို အပေါ်စီးမှ ကြည့်ရှုနိုင်သည့် လာဟ်ဂျ်ပြည်နယ်၊ အလ်-မုဒ်ဒါရိဗာဒေသရှိ “အလ်-အဂ်ဘရာ” တောင်တန်းများကို ဆော်ဒီအာရေဗျနှင့် ဆက်နွယ်သော တပ်ဖွဲ့များထံမှ ပြန်လည်သိမ်းပိုက်ခဲ့ကြောင်း သိရသည်။

ယင်းအောင်မြင်မှုနှင့်အတူ ဆာနာဘက်မှ ထောက်ပံ့ထားသော ယီမင်လက်နက်ကိုင်တပ်ဖွဲ့များသည် အလ်-မုဒ်ဒါရိဗာနှင့် ရာစ်အလ်-အာရာဒေသများရှိ အလ်-အဂ်ဘရာတောင်တန်းများ၊ ထို့အပြင် ဘာဗ်ဗိုလ်မန်ဒက်ဗ် ကို အပေါ်စီးမှ ကြည့်ရှုနိုင်သော ကဟ်ဘူဗ်တောင်တန်းတစ်လျှောက်တွင် ၎င်းတို့၏ ထိန်းချုပ်မှုကို ခိုင်မာစေခဲ့ပါတယ်။

ဒေသခံသတင်းရင်းမြစ်များ၏ အဆိုအရ ဆော်ဒီအာရေဗျ၏ ထောက်ပံ့မှုရရှိထားသော “အလ်အမာလီကာ” တပ်မဟာ သည် ယီမင်လက်နက်ကိုင်တပ်ဖွဲ့များ၏ တိုက်ခိုက်မှုနောက်ပိုင်း ဆုတ်ခွာခဲ့ပြီး ၎င်းတို့၏ စစ်စခန်းများကို စွန့်ခွာခဲ့ကြပါတယ်။

ထိုသတင်းရင်းမြစ်များက ဆာနာဘက်မှ တပ်ဖွဲ့များသည် ထိုဒေသရှိ မျိုးနွယ်စုများအား ဆော်ဒီအာရေဗျ၏ ထောက်ပံ့မှုရရှိထားသော တပ်ဖွဲ့များ၏ စုဝေးမှုများကိုသာ ပစ်မှတ်ထားမည်ဖြစ်ကြောင်း အာမခံချက်ပေးထားသည်ဟုလည်း ဆိုပါတယ်။

ထိုသတင်းရင်းမြစ်များ၏ အဆိုအရ အန်ဆာရုလ္လာဟ်၏ ထောက်ခံမှုရရှိထားသော ယီမင်လက်နက်ကိုင်တပ်ဖွဲ့များက အလ်အဂ်ဘရာတောင်တန်းများကို ထိန်းချုပ်လိုက်ခြင်းသည် ဘာဗ်ဗိုလ်မန်ဒက်ဗ် ဒေသရှိ ၎င်းတို့၏ စစ်ရေးနေရာများကို ပိုမိုခိုင်မာစေမည်ဖြစ်ပါတယ်။ 

ထို့အပြင် ဒေသအတွင်း ပိုမိုကောင်းမွန်သော စောင့်ကြည့်ထိန်းချုပ်နိုင်မှု ရရှိစေပြီး ဘာဗ်ဗိုလ်မန်ဒက်ဗ် နှင့် အနောက်ဘက်ကမ်းရိုးတန်းဒေသများတွင် ရန်သူတပ်ဖွဲ့များ စုဝေးခြင်း သို့မဟုတ် လှုပ်ရှားခြင်းများကို တားဆီးနိုင်မည်ဟု ဆိုပါတယ်။

ယီမင်လက်နက်ကိုင်တပ်ဖွဲ့များသည် မကြာသေးမီရက်များအတွင်း ဆော်ဒီအာရေဗျ၏ ယီမင်နိုင်ငံအပေါ် လေကြောင်းတိုက်ခိုက်မှုများနှင့် ကုန်းမြေ၊ ရေကြောင်းနှင့် လေကြောင်း ပိတ်ဆို့မှုများကို တုံ့ပြန်သည့်အနေဖြင့် စစ်ဆင်ရေးများ ပြုလုပ်ခဲ့ပါတယ်။

ထိုစစ်ဆင်ရေးများအတွင်း ဆော်ဒီအာရေဗျ၏ ထောက်ပံ့မှုရရှိထားသော ယီမင်တိုက်ခိုက်ရေးသမားများကို ပြန်လည်ဆုတ်ခွာစေပြီးနောက် သမိုင်းဝင် ဆိပ်ကမ်းမြို့ဖြစ်သော “အလ်မိုခါ” နှင့် ယီမင်တောင်ပိုင်းရှိ အရေးပါသော မဟာဗျူဟာမြောက် ကမ်းရိုးတန်းဒေသ “ကဟ်ဘူဗ်” ကို ထိန်းချုပ်နိုင်ခဲ့ကြောင်း ဖော်ပြထားပါတယ်။

ယင်းအခြေအနေသည် ကမ္ဘာ့အရေးအပါဆုံး ရေကြောင်းကုန်သွယ်ရေးလမ်းကြောင်းများထဲမှ တစ်ခုဖြစ်သော “ဘာဗ်ဗိုလ်မန်ဒက်ဗ်” မဟာဗျူဟာမြောက် ရေလက်ကြားအပေါ် ယီမင်တပ်မတော်၏ ထိန်းချုပ်မှုကို သိသိသာသာ တိုးမြှင့်စေသည်ဟု ဖော်ပြထားပါတယ်။

ထို့အပြင် ယီမင်တပ်မတော်သည် ဤရေလမ်းကြောင်းအပေါ် ထိန်းချုပ်မှုကို ပြီးပြည့်စုံစေရန် အထောက်အကူပြုသည့် မဟာဗျူဟာမြောက် ကျွန်းအချို့ကိုလည်း ပြန်လည်သိမ်းပိုက်ခဲ့ကြောင်း သိရပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++
END / 251

Tags

Your Comment

You are replying to: .
captcha