၁၉ စက်တင်ဘာ ၂၀၂၆ - ၂၃:၄၆
အီရန်နှင့် ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီးများ ဆက်သွယ်ဆွေးနွေး၊ ဒေသတွင်းအခြေအနေများကို အမြင်ချင်းဖလှယ်

အီရန်နိုင်ငံခြားရေးဝန်ကြီးသည် ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးနှင့် နှစ်နိုင်ငံဆက်ဆံရေးနှင့် ဒေသတွင်းအခြေအနေများအကြောင်း ဆွေးနွေးခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

IRNAသတင်းဌာန ၏ အစီရင်ခံစာအရ  အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ နိုင်ငံခြားရေး ဝန်ကြီး ဆယက်ဒ် အဘာစ် အီရတ်က်ကျီ  သည် ယနေ့ စနေနေ့မွန်းလွဲပိုင်းတွင် ပါကစ္စတန် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး မိုဟမ္မဒ်အစ္စဟက် ဒါးရ် နှင့် တယ်လီဖုန်းမှတစ်ဆင့် ဆွေးနွေးခဲ့ပါတယ်။

ဆွေးနွေးမှုအတွင်း နှစ်ဖက်အကျိုးစီးပွားနှင့် သက်ဆိုင်သည့် ကိစ္စရပ်များအပြင် ဒေသတွင်း၏ နောက်ဆုံးဖြစ်ပေါ်နေသော အခြေအနေများနှင့် ပတ်သက်၍ အမြင်ချင်းဖလှယ်ကာ ဆွေးနွေးညှိနှိုင်းခဲ့ကြပါတယ်။

အီရန်နိုင်ငံခြားရေးဝန်ကြီးသည် စက်တင်ဘာလ ၁၇ ရက်နေ့  တွင်လည်း ပါကစ္စတန် စစ်တပ်အကြီးအကဲ ဖီမာရှယ် ဆယက်ဒ် အာစင်မ် မိုနီရ်  နှင့် တယ်လီဖုန်းမှတစ်ဆင့် ဆက်သွယ်ကာ ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++
END / 251

Tags

Your Comment

You are replying to: .
captcha