၁၈ ဇူလိုင် ၂၀၂၅ - ၂၀:၅၄
ဆွီဒါ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကို စုံစမ်းစစ်ဆေးရန် ကုလသမဂ္ဂက အရေးပေါ် တောင်းဆို

ဆီးရီးယားနိုင်ငံ ဆွီဒါပြည်နယ်မှာ လတ်တလောဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေနဲ့ပတ်သက်ပြီး ပွင့်လင်းမြင်သာမှုရှိ၊ မရှိ စုံစမ်းစစ်ဆေးဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးက တောင်းဆိုလိုက်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

လူပေါင်း ၆၀၀ နီးပါး သေဆုံးခဲ့ရတဲ့ ဆီးရီးယားတောင်ပိုင်းမှာ မကြာသေးမီက ဖြစ်ပွားခဲ့တဲ့ သွေးထွက်သံယို အကြမ်းဖက်မှုနဲ့ ပတ်သက်ပြီး ချက်ချင်း အမှီအခိုကင်းပြီး ပွင့်လင်းမြင်သာမှုရှိတဲ့ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးက တောင်းဆိုလိုက်ပါတယ်။

ကုလလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Volker Turk က "သွေးထွက်သံယိုနဲ့ အကြမ်းဖက်မှုတွေကို ချက်ချင်းရပ် ပစ်ရမည် ဖြစ်ကြောင်း လူအားလုံးကို အကာအကွယ်ပေးဖို့ လုံးဝဦးစားပေးရမယ်။ လူ့အခွင့် အရေး ချိုး ဖောက်မှုတွေ ကျူးလွန်သူအားလုံးကို အဖြေပေးရမယ်" ဟု  ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး ဆီးရီးယားနိုင်ငံ ဆွီဒါ ပြည်နယ်တွင် တင်းမာမှုများ ဆက်လက်ဖြစ်ပေါ်နေမှုကို Volker Turk က သတိပေးရင်း "တိုက်ပွဲများ ထပ်ဖြစ်မလာအောင် တားဆီးရန် အရေးတကြီး လုပ်ဆောင်ရမည့်အရာများ မရှိမဖြစ် လိုအပ်ကြောင်း ကလဲ့စားချေခြင်းနှင့် လက်စားချေခြင်းများသည် ဖြေရှင်းချက်မကြောင်း ပြောကြားခဲ့ပါတယ်။

ယုံကြည်ရလောက်သော အစီရင်ခံစာများကို ကိုးကား၍ တရားလက်လွတ် ကွပ်မျက်ခြင်း၊ မတရား သတ်ဖြတ် ခြင်း၊ ပြန်ပေးဆွဲခြင်း၊ ပုဂ္ဂလိက ပိုင်ဆိုင်မှု ဖျက်ဆီးခြင်းနှင့် နေအိမ်များ လုယက်ခြင်း အပါအဝင် ကျယ်ပြန့်သော ချိုးဖောက်မှုများ ဖြစ်နေသည်ကို သတိပြုရမည် ဖြစ်ပါတယ်။

အကြမ်းဖက်မှု ကျူးလွန်သူများသည် ဂျောင်လာနီ အစိုးရ အာဏာပိုင်များနှင့် ဆက်နွယ်နေသည့် လုံခြုံရေး တပ်ဖွဲ့ဝင်များ ဒရူးဇ် နှင့် ကျေးလက်ဒေသနေ မျိုးနွယ်စုဝင်များ အပါအဝင် ဒေသတွင်း လက်နက်ကိုင် တပ်ဖွဲ့ဝင်များ အပါ အဝင် ဒေသတွင်း လက်နက်ကိုင် တပ်ဖွဲ့ဝင်များ ဖြစ်သည်ဟုလည်း ကုလသမဂ္ဂ လူ့အခွင့် အရေးဆိုင်ရာ မဟာ မင်းကြီးက ပြောကြားခဲ့ပါတယ်။

ဆွီဒါ ပြည်နယ်ရှိ ရာနှင့်ချီသော လူများ အစုလိုက်အပြုံလိုက် ရွေ့ပြောင်းခံရကြောင်းကိုလည်း Volker Turk က အစီရင်ခံတင်ပြခဲ့ပါတယ်။

မကြာသေးမီရက်များအတွင်း လက်နက်ကိုင်ပဋိပက္ခများ ရက်အတန်ကြာပြီးနောက်တွင် ဂျောင်လာနီ အစိုး ရတပ်များ သည် ဆွီဒါပြည်နယ်မှ ဆုတ်ခွာသွားခဲ့ကြပါတယ်။ ယင်းနောက်တွင် တိုက်ခိုက်ရေးတပ်ဖွဲ့များထဲမှ အချို့သော ကျေးလက်နေ မျိုးနွယ်စုများသည် ဒေသတွင်းရှိ ဒရူးဇ် ကိုဆန့်ကျင်သည့် ဆီးရီးယားအနွယ်များ၏ စစ်ဆင်နွဲရန် အထွေထွေတောင်းဆိုမှုကို လှုံ့ဆော်ခဲ့ကြောင်း သိရပါ တယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha