၁၃ ဇူလိုင် ၂၀၂၅ - ၁၂:၂၅
အေမာမ် ဟိုစိုင်းန် (အ.စ) ကယ်တင်မည့် သင်္ဘော ဖြစ်ကြောင်း

အေမာမ် ဂျအ်ဖရ် ဆွာဒစ်က် (အလိုင်ဟစ်စလာမ်) မှ ရီဝါယသ် တော် တစ်ခု တွင် အေမာမ် ဟိုစိုင်းန် (အ.စ) ကယ်တင်မည့် သင်္ဘော ဖြစ်ကြောင်း နှင့်ပတ်သက်ပြီး မိန့်တော် မူထား ပါတယ်။ဤဟဒီးစ်တော် အား လေ့လာ နှလုံးသွင်းပြီး လက်တွေ့ လိုက်နာ ကျင့်သုံး နိုင် အောင် ကြိုးစား ရမည် ဖြစ်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ဘေဟာရိုလ်အန်နဝါရ် ကျမ်း မှ ရီဝါယသ်တော် လာရှိမှု ကို တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။

قال الامام الصادق (عليه السلام):

الحُسَینُ سَفینَةُ النَّجاةِ، مَن تَمَسَّکَ بِهَا نَجَا مِنَ الْهَلَاکَةِ.

အေမာမ် ဂျအ်ဖရ်ဆွာဒစ်က်  (အလိုင်ဟစ်စလာမ်)   မိန့်တော် မူ၏။

«ဧကန်မုချ အေမာမ် ဟိုစိုင်းန် (အ.စ) သည် ကယ်တင်မည့် သင်္ဘော ဖြစ်ပါသည်။ အကြင်မည်သူ မဆို ၎င်း အား မြဲမြံ စွာ ဆုပ်ကိုင်ထားမည် ဆိုလျင် ပျက်စီးခြင်းမှ လွတ်မြောက်မည် ဖြစ်ပါသည်။  »

ကျမ်းကိုး ။ ။ ဝစာအေလွတ်ရှ်ရှီအဟ် ကျမ်း၊  အတွဲ ၁၄ ၊ စာမျက်နှာ ၃၅၂

မှတ်ချက်  -  အထက်ပါ ဟဒီးစ်တော် ကို ကြည့်ပြီးအေမာမ် ဂျအ်ဖရ်ဆွာဒစ်က် ( အ.စ) ၏ဟဒီးစ်တော် အတိုင်း ကျနော်တို့တွေ ဘဝတည်ဆောက် နိုင်အောင်  ကြိုးပမ်းရမည် ဖြစ်ပါတယ်။ အင်န်ရှာအလ္လာဟ် အေမာမ် ဟိုစိုင်းန် (အ.စ) အား မြဲမြံ စွာ ဆုပ်ကိုင်ထားမည် ဆိုလျင် ပျက်စီးခြင်း အမျိုးမျိုး မှ လွတ်မြောက်မည် ဖြစ်ပါတယ်။ ဒါကြောင့် အေမာမ် (အ.စ) အား မြဲမြံ စွာ ဆုပ်ကိုင်ထားရမည် ဖြစ်ပါတယ်။ မြဲမြံစွာ ဆုပ်ကိုင်ထားမည်ဆိုသည် မှာ အေမာမ် (အ.စ) ၏ နောက်လိုက်ပီသအောင် နေရမည် ဖြစ်ပြီး အေမာမ် (အ.စ) ၏ မိန့်ကြား ချက်မှန်သမျှ ကို လက်တွေ့ ကျင့်သုံး ရမည် ဖြစ်ပါတယ်။

****************************************************************

END / 251

Tags

Your Comment

You are replying to: .
captcha