-
ဆော်ဒီအာရေဗျရှိ စီးပွားရေးစင်တာသို့ Patriot ဒုံးကျည်ကျရောက် ။ ။ video
အဗ်နာ ။ ။ ယီမင်ဒုံးကျည်တိုက်ခိုက်မှုကို ကြားဖြတ်ဟန့်တားရန် မအောင်မြင်ပြီးနောက် ဆော်ဒီအာရေဗျရှိ စီးပွားရေးစင်တာသို့ Patriot ဒုံးကျည်ကျရောက် ခဲ့သည့် မြင်ကွင်း ဖြစ်ပါတယ်။
-
ဟော်မုဇ်ရေလက်ကြားကို ကျူးကျော်ဝင်ရောက်သည့် ကုန်တင်သင်္ဘောတစ်စင်းကို အီရန် က ပစ်မှတ်ထား တိုက်ခိုက် ။ ။ video
အဗ်နာ ။ ။ ဟော်မုဇ်ရေလက်ကြားကို ကျူးကျော်ဝင်ရောက်သည့် ကုန်တင်သင်္ဘောတစ်စင်းကို အီရန် က ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပါတယ်။
-
တူရန် ဒေသတွင် အာရှကျားသစ် «တယ်လ်ခါဘ်» ၏ စတုတ္ထအကြိမ်မြောက် အောင်မြင်စွာ မျိုးပွား ။ ။ video
အဗ်နာ ။ ။ အီရန် နိုင်ငံ ဆင်မ်နန် ပြည်နယ် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၏ ညွှန်ကြားရေးမှူး ယူစွဖ်ပူးရ်က ရှာဟ်ရူးဒ်မြို့ရှိ တူရန်အမျိုးသားဥယျာဉ်အတွင်း ကင်မရာထောင်ချောက်များမှ တစ်ဆင့် သားပေါက်များနှင့်အတူရှိနေသည့် «တယ်လ်ခါဘ်» (ခေါ်) «ခူရ်ရှီးဒ်» အမည်ရှိ အာရှကျားသစ်မ၏ ပုံရိပ်များကို မှတ်တမ်းတင်ရရှိခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။
-
အီရန်ကြည်းတပ်၏ အာရက်ရှ်ဒရုန်း အဆင့်မြှင့်တင်မှု / ထိပ်ဖူးဗုံးအလေးချိန် ၁၀၀ ကီလိုဂရမ်အထိ တိုးမြှင့် ။ ။ video
အဗ်နာ ။ ။ အီရန်ကြည်းတပ်သည် အာရက်ရှ် (Arash) တိုက်ခိုက်ရေးဒရုန်းကို အဆင့်မြှင့်တင်ထုတ်လုပ်လျက်ရှိပြီး နောက်ဆုံးမော်ဒယ်တွင် ထိပ်ဖူးဗုံးအလေးချိန်ကို ၅၀ ကီလိုဂရမ်မှ ၁၀၀ ကီလိုဂရမ်အထိ တိုးမြှင့်ထားသည့်အပြင် ဉာဏ်ရည်တုနည်းပညာဖြင့် ပစ်မှတ်တိကျမှုကို မြှင့်တင်ကာ ဂျက်အင်ဂျင်သုံး မော်ဒယ်သစ်ကိုလည်း ထုတ်လုပ်ထားပါတယ်။
-
ဟစ်ဇ်ဘိုလာ ခေါင်းဆောင် ဟောင်း ရှဟီးဒ် H.I ဆယက်ဒ် ဟစန် နစရိုလ်လ္လာဟ် ကို စော်ကားသူ အား ဟစ်ဇ်ဘိုလာ ထောက်ခံသူများ က ပညာပေး ။ ။ video
အဗ်နာ ။ ။ လက်ဘနွန်နိုင်ငံတွင် ဟစ်ဇ်ဘိုလာအဖွဲ့ကို ထောက်ခံသူများသည် ဆီးရီးယားနိုင်ငံသားတစ်ဦးကို အပေါ် အဝတ်အစားများ ချွတ်ပစ်ခဲ့၍ ဆုံးမ ခဲ့ကြောငူကြောင်း သိရပါတယ်။ အဆိုပါအမျိုးသားသည် အဲဟ်မဒ် အရှ်ရှရအ် (အဘူမိုဟမ္မဒ်အလ်ဂျောင်လာနီ) ကို ထောက်ခံသူတစ်ဦးဟု ဆိုကြပြီး၊ ဟစ်ဇ်ဘိုလာအဖွဲ့၏ ယခင်ခေါင်းဆောင် ဟောင်း ဟာဆန် နာဆရယ်လာ၏ ဓာတ်ပုံပေါ် ခြေထောက်တင်နင်းနေသည့် ဗီဒီယိုတစ်ခုကို တင်ခဲ့ပြီးနောက် ယခုဖြစ်ရပ် ဖြစ်ပွားခဲ့ခြင်းဖြစ်ပါတယ်။
-
ဆော်ဒီအာရေဗျ တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားနှစ်ဦး ခေါင်းဖြတ်ကွပ်မျက်ခံရမှုအပေါ် ဆန္ဒပြ ။ ။ video
အဗ်နာ ။ ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ရွှေ့ပြောင်းအလုပ်သမားနှစ်ဦး ဆော်ဒီအာရေဗျနိုင်ငံတွင် ခေါင်းဖြတ်ကွပ်မျက်ခံရမှုအပေါ် ကန့်ကွက်ရှုတ်ချသည့်အနေဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဆာဗာမြို့နယ်၊ အာရှူလီဒေသရှိ အမျိုးသားအာဇာနည်ဗိမာန်ရှေ့တွင် အလုပ်သမားများက နေ့လယ်ပိုင်း၌ လူထုဆန္ဒဖော်ထုတ်ပွဲတစ်ရပ် ပြုလုပ်ခဲ့ကြပါတယ်။ ဆန္ဒဖော်ထုတ်ပွဲတွင် ပါဝင်သူများက ကွပ်မျက်ခံရသည့် ရွှေ့ပြောင်းအလုပ်သမားနှစ်ဦး၏ အမှုတွင် တရားစီရင်ရေးဆိုင်ရာ ပွင့်လင်းမြင်သာမှုရှိ၊ မရှိ စိစစ်နိုင်ရေးအတွက် ဘင်္ဂလားဒေ့ရှ်အစိုးရနှင့် နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့အစည်းများက ဝင်ရောက်ဆောင်ရွက်ပေးရန် တောင်းဆိုခဲ့ကြပါတယ်။
-
တီဟီရန်အရှေ့ပိုင်းဒေသများတွင် ပြင်းအား ၃.၄ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်၊ ထိခိုက်ပျက်စီးမှုမရှိ
ယနေ့မနက်အစောပိုင်းတွင် အီရန်နိုင်ငံ၊ တီဟီရန်ပြည်နယ်အရှေ့ပိုင်းရှိ ဒါမာဗန်ဒ်၊ ပါဒစ်၊ ရူဒ်ဟန်နှင့် ဘူမ်ဟန်မြို့များတွင် ပြင်းအား ၃.၄ မဂ္ဂနီကျုရှိသော မြေငလျင်တစ်ခု လှုပ်ခတ်သွားခဲ့သော်လည်း ကနဦးသတင်းများအရ ထိခိုက်ပျက်စီးမှုနှင့် လူအသေအပျောက် မရှိကြောင်း သိရှိရပါတယ်။
-
ဂျော်ဂျီယာပြည်နယ်တွင် ထရမ့် ၏ ရွေးကောက်ပွဲမဲဆွယ်မိန့်ခွန်းကို ဆန္ဒပြသူများက နှောင့်ယှက်ဖြတ်တောက် ။ ။ video
အဗ်နာ ။ ။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ဂျော်ဂျီယာပြည်နယ်၊ ဒေါ်လ်တန်မြို့တွင် ပြုလုပ်သော ရွေးကောက်ပွဲမဲဆွယ်ပွဲအတွင်း မိန့်ခွန်းပြောကြားနေမှုကို ဆန္ဒပြသူအချို့က ကြားဖြတ်နှောင့်ယှက်ခဲ့ကြပါတယ်။ အဆိုပါဖြစ်ရပ်နှင့်ပတ်သက်၍ ထရမ့်က ဆန္ဒပြသူများသည် ငွေကြေးရယူထားသူများဖြစ်ကြောင်းနှင့် အချို့သော နိုင်ငံရေးအင်အားစုများက ဆန္ဒပြမှုများ ပြုလုပ်ရန်အတွက် ၎င်းတို့အား ငွေပေးချေနေကြောင်း စွပ်စွဲ ပြောဆိုခဲ့ပါတယ်။
-
ယီမင်နိုင်ငံ တွင် ဆော်ဒီ၏တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့သည့် ဟူသီ များ အတွက် ဈာပနဆုတောင်းပွဲ မြင်ကွင်း ။ ။ video
အဗ်နာ ။ ။ယီမင်နိုင်ငံ တွင် ဆော်ဒီ၏တိုက်ခိုက်မှုကြောင့် သေဆုံးသွားခဲ့သည့် ဟူသီ များ အတွက် ဈာပနဆုတောင်းပွဲ (ဂျနာဇဟ်နမာဇ် ဝတ်ပြုနေသည့်) မြင်ကွင်းဖြစ်ပါတယ်။ ဗီဒီယို တွင် ဟူသီအများစု မှာ လက်ပိုက်၍ နမာဇ်ဝတ်ပြုနေသည့် စွန်နီအများစုကိုတွေ့ရပါတယ်။ ဒါကြောင့် ဟူသီ ရှီအဟ် နှင့် ဆော်ဒီ စွန်နီဆို မီးရှို့ ပေးနေကြသူများ၏ မကောင်းသည့် ရည်ရွယ် ချက်ကို သိနိုင်မည် ဖြစ်ပါတယ်။
-
ဂျော်ဒန်အပေါ် တိုက်ခိုက်မှုတွင် အမေရိကန်နိုင်ငံသား ၂၀၀ ဦး သေဆုံးခဲ့ကြောင်း ဗိုလ်ချုပ် နက်ဂ်ဒီ ပြောကြား ။ ။ video
အဗ်နာ ။ ။ ဗိုလ်ချုပ် နက်ဂ်ဒီ၏ ပြောကြားချက်အရ ဂျော်ဒန်နိုင်ငံရှိ လခြမ်းနီအဖွဲ့က ဂျော်ဒန်အပေါ် တိုက်ခိုက်မှုအတွင်း အမေရိကန်နိုင်ငံသား ၂၀၀ ဦး သေဆုံးခဲ့ကြောင်း အသိပေးခဲ့ပါတယ်။ ထို့အပြင် ကူဝိတ်နှင့် ဘာရိန်းနိုင်ငံတို့ရှိ အမေရိကန်စစ်သားများ တည်းခိုနေထိုင်ခဲ့သည့် ဟိုတယ်များကို ပစ်မှတ်ထားတိုက်ခိုက်ပြီးနောက် ညနေမှ နံနက်အထိ လူနာတင်ယာဉ်များ အဆက်မပြတ် သွားလာခဲ့ကြောင်း ၎င်းက ပြောကြားခဲ့ပါတယ်။ ဒါပေမဲ့ အမေရိကန် က သူ့ စစ်သား ဘယ်လောက် သေသေ ၁၈ ယောက် ထက် ပို၍ မပြောကြောင်းလည်း ဗိုလ်ချုပ် နက်ဂ်ဒီ က ထောက်ပြ ပြောကြားခဲ့ပါတယ်။
-
ယီမင် ဟူသီ ကို အထင်မှား အောင် နေတန်ယာဟု ဝါဒဖြန့် ။ ။ video
အဗ်နာ ။ ။ ယီမင် ဟူသီ ကို အထင်လွဲအောင် အစ္စရေး ဝန်ကြီးချုပ် နေတန် ယာဟု ၏ ဝါဒဖြန့် နေသည့် ပုံရိပ် အစစ် ပြ ဗီဒီယို ဖြစ်ပါတယ်။
-
ထရမ့် ၏ လက်ရှိ အခြေအနေ ။ ။ video
အဗ်နာ ။ ။ အမေရိကန် သမ္မတ ထရမ့် လက်ရှိအခြေအနေ ကတော့ ဗီဒီယို ကလစ်ပါအတိုင်း ဖြစ်ပါတယ်။
-
လပ်ခ်နောင်းမြို့ရှိ ဂျောက်ရဲစခန်းတွင် အာယာသွလ္လာဟ် ဆယက်ဒ် အလီ ခါမေနီအား စော်ကားပြောသူ ကို အရေးယူပေးရန် တိုင်ကြားစာတင်သွင်း + ဗီဒီယို
အိန္ဒိယနိုင်ငံ၊ ဥတာပရာဒေ့ရှ်ပြည်နယ်၊ လပ်ခ်နောင်းမြို့ရှိ ဂျောက်ရဲစခန်းသို့ မောင်လာနာ ယအ်စူဗ်အဘာစ် သွားရောက်ခဲ့ပါတယ်။ ရှဟီးဒ် အာယာသွလ္လာဟ် ဆယက်ဒ် အလီ ခါမေနီ ကြီး အား စော်ကားပြောဆိုခဲ့သူ အန်ကစ် အဂ္ဂနီဟိုထရီကို ဥပဒေနှင့်အညီ အရေးယူပေးရန် တရားဝင်တိုင်ကြားစာ တင်သွင်းရန် ဖြစ်ပါတယ်။ ထို့ပြင် လပ်ခ်နောင်းရဲတပ်ဖွဲ့ ကော်မရှင်နာ၊ ADCP နှင့် သက်ဆိုင်ရာတာဝန်ရှိသူများထံ ဆက်သွယ်တင်ပြကာ အမှုကို အမြန်ဆုံး စုံစမ်းစစ်ဆေးပြီး လိုအပ်သည့် ဥပဒေအရ အရေးယူဆောင်ရွက်ပေးရန် တောင်းဆိုခဲ့ကြောင်းနှင့် အခြားဒေသများရှိ ဘာသာရေးအဖွဲ့အစည်းများ၊ ရှေ့နေများနှင့် ပြည်သူများကိုလည်း သက်ဆိုင်ရာရဲစခန်းများ၌ တိုင်ကြားကြရန် တိုက်တွန်းခဲ့ကြောင်း သိရှိရပါတယ်။
-
ဆော်ဒီအာရေဗျ၏ မုဖ်သီချုပ် ၏ ဖသ်ဝါ ။ ။ video
အဗ်နာ ။ ။ ဆော်ဒီအာရေဗျ၏ မုဖ်သီချုပ် ရှိက်ခ် ဒေါက်တာ ဆွာလေဟ် အလ်ဖောင်ဇန် ဘင်န် အဗ် ဒွလ္လာဟ် အလ်ဖောင်ဇန် က မွတ်စလင်မ်များ အတွက် ယီမင် မှာ ဂျေဟာဒ် လုပ်ရမှာ ဝါဂျစ်ဗ် (မပြုမနေ) ဖြစ်ပြီး ပါလက်စတိုင်း မှာ ဂျေဟာဒ် လုပ်ရမှာ မဟုတ်ကြောင်း ထုတ်ထားသည့် ဖသ်ဝါ ကို ကာတွန်း ဗီ ဒီယို အဖြစ် တင်ဆက်ထားတာ ဖြစ်ပါတယ်။ ဆော်ဒီ ဖုဖ်သီ ချုပ်က ဆော်ဒီ ငွေ ကို စား ဖသ်ဝါ ပေးတာဖြစ်ကြောင်း ဆော်ဒီ ကလည်း အမေရိကန် ကို အားကိုးနေရတာ ဖြစ်ကြောင်း တွေ့မြင်နိုင်ပါတယ်။
-
အီရန်သမ္မတ ဒေါက်တာ ဘေဇစ်ရှ် ဂီယန်း ၏ မိန့်ခွန်းကို ကမ္ဘာတစ်ဝန်းမှ အပြည့်အဝ ကြိုဆို ။ ။ video
အဗ်နာ ။ ။ ကုလသမဂ္ဂ အထွေထွေညီလာခံတွင် အီရန်သမ္မတ ဒေါက်တာ မတ်စ်အူဒ် ဘေဇစ်ရှ် ဂီယန်း ၏ ပြတ်သားပြီး ရိုးသားစစ်မှန်သော မိန့်ခွန်းကို ကမ္ဘာတစ်ဝန်းမှ အလွန်အပြုသဘောဆောင်စွာ ကြိုဆိုလက်ခံခဲ့ကြပြီး ထိုမိန့်ခွန်းသည် လူသန်းပေါင်းများစွာ၏ နှလုံးသားများကို ဆွဲဆောင် နိုင်ခဲ့ပါတယ်။
-
ဟဇရသ် ဖွာတွေမဟ် မအ်စူမဟ် (စ.အ) အတွက် ဟိုစိုင်းန် စသူဒေဟ် ၏ နောက်ဆုံးပေါ် ပါရှန်း နောင်ဟာ ။ ။ video
အဗ်နာ ။ ။ ဟိုစိုင်းန် စသူဒေဟ် သည် ဟဇရသ် ာတွေမဟ် မအ်စူမဟ် (စ.အ) ၏ ဝမ်းနည်းဖွယ်ကောင်းလှသော ဝဖါးသ် (ကွယ်လွန်) နေ့ညတွင် အသခင်မကြီး အတွက် မိမိ၏ နောက်ဆုံးပေါ် ပါရှန်း နောင်ဟာ ကို ပထမဆုံး ထုတ်ဖော်တင်ဆက်ခဲ့ပါတယ်။
-
နေတန်ယာဟုအတွက် အရှက်ရဖွယ်မြင်ကွင်း ။ ။ video
အဗ်နာ ။ ။ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု ၏ မိန့်ခွန်း စတင်သည်နှင့် ကုလသမဂ္ဂ အထွေထွေညီလာခံခန်းမအတွင်း ဆန့်ကျင်ကြွေးကြော်သံများ၊ စီတီးသံများ ထွက်ပေါ်ခဲ့ပြီး တက်ရောက်သူအများအပြားက ခန်းမအတွင်းမှ အစုလိုက်အပြုံလိုက် လမ်းလျှောက်ထွက်ခွာသွားခဲ့ကြသဖြင့် နေတန်ယာဟုအတွက် အရှက်ရဖွယ်မြင်ကွင်းတစ်ရပ် ဖြစ်ပေါ်ခဲ့ပါတယ်။ ၇၇ နိုင်ငံ မှ ကိုယ်စားလှယ်များ ထွက်ခွာ ခဲ့ကြောင်း မြန်မာ ကိုယ်စားလှယ်လည်း ပါဝင်ကြောင်း သိရပါတယ်။
-
အစ္စလာမ်ကမ္ဘာနှင့် ရှီအဟ် လောက၏ ရွေးချယ်ထားသော ဓာတ်ပုံသတင်းများ
အဗ်နာ ။ ။ ပြီးခဲ့သည့် တစ်ပတ်အတွင်း အစ္စလာမ်ကမ္ဘာ နှင့် ရှီအာလောကမှ ရွေးချယ်ထားသော ရုပ်ပုံသတင်းများကို အဗ်နာ ပရိသတ်များအတွက် တင်ဆက်ပေးလိုက်ပါတယ်။
-
ရဲဟ်ဗရ်အင်န်ကေလာဗ် အစ္စလာမ်မီ ရှဟီးဒ် “ဟဇရသ် မအ်စူမဟ် (စ.အ) ” ရောင်ဇာတော်မြတ် ၌ လာရောက်ရှိခဲ့သည့် အမှတ်တရမြင်ကွင်းများ ။ ။ video
အဗ်နာ ။ ။ အစ္စလာမ်မစ် တော်လှန်ရေး၏ ခေါင်းဆောင်ဖြစ်သူ ရှဟီးဒ် ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီသည် အဲဟ်လေ့ဘိုက်(သ) (အ.စ) ၏ သခင်မကြီး ဖွာတွေမဟ် မအ်စူမဟ် (စ.အ) ကွယ်လွန်ခြင်း နှစ်ပတ်လည်အခါသမယတွင်၊ “ကရီမဟ် အဲဟ်လေ့ဘိုက်(သ) (အ.စ) ” ဟု ခေါ်ဆိုသည့် မြင့်မြတ်သော ရောင်ဇာတော် မြတ် သို့ လာရောက်ခဲ့စဉ်က ရိုက်ကူးထားသော မမေ့နိုင်ဖွယ် အမှတ်တရပုံရိပ်ကို ထုတ်ဝေခဲ့ပါတယ်။
-
မရ်ဟွန်မ် အာယာသွလ္လာဟ် ရှိုဗိုင်ရီ ဇန်ဂျာနီ ရှေ့မှောက်တွင် မရ်ဟွန်မ် အာယာသွလ္လာဟ် မစ်ဆ်ဗါဟ်ယဇ်ဒီ ၏ နှိမ့်ချ ၊ဂါရဝပြုမှု ။ ။ video
အဗ်နာ ။ ။ မရ်ဟွန်မ် အာယာသွလ္လာဟ် မိုဟမ္မဒ်သကီ မစ်ဆ်ဗါဟ်ယဇ်ဒီ မှ မိမိ ထက် အသက်အားဖြင့်လည်းကောင်း ပညာ အားဖြင့် လည်းကောင်း ကြီးပြီး မြင့်သည့် မရ်ဟွန်မ် ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် မူစာ ရှိုဗိုင်ရီ ဇန်ဂျာနီ ၏ ရှေ့မှောက်တွင် နှိမ့်ချ ဂါရဝါ ပြုသည့် အတုယူဖွယ်စံပြ မြင်ကွင်းလေးဖြစ်ပါတယ်။
-
ပါလက်စတိုင်း အမျိုးသမီး ၏ ညာသံ ။ ။ video
အဗ်နာ ။ ။ပါလက်စတိုင်း အမျိုးသမီး ၏ ညာသံ ဖြစ်ပါတယ်။ မိမိတို့ ဘက်ကနေအမှန်တကယ် စတေးပြီး ကူညီ ရပ်တည်နေတာ အီရန်သာလျင် ဖြစ်လို့ ရှီအဟ် ဖြစ်ရကြောင်း ရှီအဟ် မိုဟမ္မဒ်ဒီ (စစ်မှန်သည့်ရှီအဟ် ၊အီရန်လိုရှီအဟ် ) ဖြစ်ကြောင်း ညာသံ ပေးခဲ့တယ် ဗီဒီယို ကလစ်လေး တစ်ခု ဖြစ်ပါတယ်။
-
ဆော်ဒီအာရေဗျက မက္ကာကို လှည့်ကွက် အဖြစ် အသုံးပြုခြင်း ... ။ ။ video
Muhammad Usman Bajwa( မုဟမ္မဒ် အွန်စ်မန် ဘတ်ဂျ်ဝါ ) ပြေားထားတဲ့ အူရ်ဒူဘာသာ နှင့် ကလစ်တိုလေး ကို အောက်မှာ မြန်မာလို ဘာသာပြန်ပေးလိုက်ပါတယ်။ ကလစ်တို ကိုနားထောင်ပြီး ဘာသာပြန်ထားတာတွေကို ဖတ်ကြည့်ပါ။ ရိုးရှင်းတဲ့ အမြင် ရပါလိမ့်မယ်။
-
ဆော်ဒီ ကိုအုပ်ချုပ်နေသူ၏ ပုံရိပ်မှန်ပြ ကလစ်တို ။ ။ video
အဗ်နာ ။ ။ ဆော်ဒီ ကို အရမ်း အထင်ကြီးနေသူများသေချာကြည့်ပါ။ သူတို့တွေဘာလုပ်လည်းဆိုတာ ကလေးနားလည်အောင် တင်ပြထားပါတယ်။ ရှင်းပြစရာ မလိုဘဲ သေချာကြည့်တာနဲ့ သဘောပေါက်ပါတယ်။
-
ပင်လယ်နီ နှင့် ဘာဗ်ဗိုလ်မန်ဒက်ဗ် ရေလက်ကြားကို ပိတ်ဆို့မည်ဟု ဆော်ဒီကို အန်ဆွာရိုလ္လာဟ်ခေါင်းဆောင်တစ်ဦး ကြိမ်းဝါးပြောဆို ။ ။ video
အဗ်နာ ။ ။ပင်လယ်နီ နှင့် ဘာဗ်ဗိုလ်မန်ဒက်ဗ် ရေလက်ကြားကို ပိတ်ဆို့မည်ဟု ဆော်ဒီကို အန်ဆွာရိုလ္လာဟ်ခေါင်းဆောင်တစ်ဦး ကြိမ်းဝါးကာ အောက်ပါအတိုင်း ပြောဆိုခဲ့ပါတယ်။ “ ဒီနေရာကနေ ပင်လယ်နီအထိ ၊ ဘာဗ်ဗိုလ်မန်ဒက်ဗ် ရေလက်ကြားအနီးကနေ ဆော်ဒီရန်သူကို သတင်းစကားတစ်ခု ပို့လိုက်ပါတယ်။ အလ္လာဟ် ဟို အရှင်မြတ် ကို တိုင်တည်ပြီး ပြောပါမယ် ။ ကျွန်ုပ်တို့ဟာ တိုက်ပွဲဝင်ဖို့ အဆင်သင့်ဖြစ်နေပြီး အသင့်ပြင်ဆင်ထားပါတယ်။ ပင်လယ်နီရေပြင်နဲ့ ဘာဗ်ဗိုလ်မန်ဒက်ဗ်ရေလက်ကြားကို သင်တို့ (ဆော်ဒီ နဲ့ဆော်ဒီ နောက်လိုက်များ) အတွက် ပိတ်ပင်လိုက်ပြီ။ ဆော်ဒီသင်္ဘောတစ်စင်းမှ ဖြတ်သန်းခွင့်ရမှာ မဟုတ်ဘူး။ သင်တို့က ကျည်တစ်တောင့်တောင် ရောင်းချနိုင်မှာ မဟုတ်ဘူး။ အလ္လာဟ် ဟို အရှင်မြတ် သည် ကျွန်ုပ်တို့အတွက် လုံလောက်တော်မူပြီး အကောင်းဆုံး အားကိုးရာဖြစ်တော်မူတယ်။ လွတ်လပ်ပြီး ဂုဏ်သိက္ခာရှိသူအားလုံးကို ဂုဏ်ပြုပါတယ်။”
-
အီရန်ဖခင်တစ်ဦးက ကျဆုံးသွားသော သားဖြစ်သူအား စစ်ဘက်အလေးပြုဖြင့် နောက်ဆုံးဂုဏ်ပြု ။ ။ video
အဗ်နာ ။ ။ အီရန်ဖခင်တစ်ဦးသည် ကျဆုံးသွားသော သားဖြစ်သူအား စစ်ဘက်အလေးပြုကာ နောက်ဆုံးဂုဏ်ပြုခဲ့ပါတယ်။ ထိုမြင်ကွင်းသည် အလ္လာဟ် အပေါ် အလွန်ခိုင်မာသောယုံကြည်မှု၊ ရဲရင့်မှု၊ ဂုဏ်ယူမှုနှင့် ကိုယ်ကျိုးစွန့်အနစ်နာခံမှုတို့ကို ထင်ဟပ်စေသည့် ဝမ်းနည်းဖွယ်ကောင်းသော်လည်း အားအင်ပြည့်ဝသော အခိုက်အတန့်တစ်ခု ဖြစ်ခဲ့ပါတယ်။
-
အစ္စရေးက လက်ဘနွန်တောင်ပိုင်းကို ပစ်ခတ်တိုက်ခိုက်ခဲ့ ။ ။ video
အဗ်နာ ။ ။ အစ္စရေးစစ်တပ်က လက်ဘနွန်တောင်ပိုင်း၊ နဘတီယာမြို့အနီးရှိ ဒေသတစ်ခုကို တိုက်ခိုက်ခဲ့ပြီးနောက် ကောင်းကင်ယံတွင် မီးခိုးများ ထူထပ်စွာ ထွက်ပေါ်လာခဲ့ပါတယ်။ အဆိုပါတိုက်ခိုက်မှုများသည် လက်ဘနွန်သမ္မတ ဂျိုးဇက် အောင်န် (Joseph Aoun) က မမျှော်လင့်ဘဲ နဘတီယာမြို့သို့ သွားရောက်ခဲ့ပြီး၊ အစ္စရေးတပ်ဖွဲ့များ ထိုဒေသမှ ထွက်ခွာရေးနှင့် ဒေသပြန်လည်တည်ဆောက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ရန် အလေးပေးပြောကြားခဲ့ပြီး တစ်ရက်အကြာတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပါတယ်။
-
ဟဇရသ် မအ်စူမဟ် (စ.အ) ၏ မဒီနာမြို့မှ ကွမ်း မြို့အထိ မင်္ဂလာရှိသော ခရီးစဉ်အကြောင်း «အုခ်သရ် ရေဇာ (အ.စ)» ရုပ်ရှင်မှ ကောက်နုတ်တင်ဆက်ချက် ။ ။ video
အဗ်နာ ။ ။ ဟဇရသ် ဖွာတွေမဟ် မအ်စူမဟ် (စ.အ) ၏ မဒီနာမြို့မှ သန့်ရှင်းမြင့်မြတ်သော ကွမ်းမြို့အထိ မင်္ဂလာအဖြာဖြာနှင့် ပြည့်စုံသည့် ခရီးစဉ်ကို ဇာတ်လမ်းပုံစံဖြင့် အတိုချုံးရိုက်ကူးထားသော ဗီဒီယိုတစ်ခုကို «အုခ်သရ် ရေဇာ (အ.စ)» အမည် ရှိ ရုပ်ရှင်မှ ကောက်နုတ်၍ မအ်စူမီယဟ်ကာလ ( သခင်မကြီးမအ်စူမဟ် (စ.အ) ကွယ်လွန်သည့် ကာလ ) အထိမ်းအမှတ်အဖြစ် ထုတ်လွှင့်ခဲ့ပါတယ်။
-
လူကြိုက်များမှု အထွတ်အထိပ် ရောက်တဲ့ ထရမ့် — အိမ်သာသန့်ရှင်းရေး ဘရပ်ရှ်အဖြစ်တောင် သရော်ခံရ ။ ။ video
အဗ်နာ ။ ။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ထူးခြားတဲ့ ဆံပင်ပုံစံကို အိမ်သာသန့်ရှင်းရေး ဘရပ်ရှ်အဖြစ် ပုံဖော်ထားတဲ့ ပစ္စည်းတစ်ခု လူမှုကွန်ရက်ပေါ် ပျံ့နှံ့လာပါတယ်။ လူကြိုက်များမှု အထွတ်အထိပ် ဆိုတဲ့ စကားလုံးနဲ့ အိမ်သာသန့်ရှင်းရေးပစ္စည်းကို တမင်တွဲဖက်ပုံဖော်ထားတာက ထရမ့်ရဲ့ နိုင်ငံရေးပုံရိပ်ကို ဟာသဆန်ဆန် ထင်ရှားစွာ သရော်ထားတာ ဖြစ်ပါတယ်။
-
ယီမင်နိုင်ငံ၏ ဟူသီ သူရဲကောင်းများကို ဂုဏ်ယူ ပါတယ် ။ ။ video
အဗ်နာ ။ ။ အကြမ်းဖက်မှု မတရား မှုမှန်သမျှ ကို ခိုင်ခိုင်မာမာ ရပ်တည်ပြီး တော်လှန် ကြတဲ့ ယီမင်နိုင်ငံ၏ ဟူသီ (ဟူစီ) သူရဲကောင်းများကို ဂုဏ်ယူပါတယ်။
-
အီရန်က သိမ်းဆည်းရမိထားသော အမေရိကန်၏ စမတ်ရေငုပ်ဒရုန်း ဗီဒီယိုကို ထုတ်ပြန် ။ ။ video
အဗ်နာ ။ ။ အီရန် အစ္စလာမ်မစ်တော်လှန်ရေးအစောင့်တပ် (IRGC) က ဟော်မုဇ်ရေလက်ကြားအတွင်း ရေအောက်ထောက်လှမ်းရေးအတွက် အသုံးပြုနေသည့် အမေရိကန်ပိုင် စမတ်ရေငုပ်ဒရုန်း တစ်စင်းကို သိမ်းဆည်း ရမိပြီးနောက် ၎င်း၏ဗီဒီယိုကို ထုတ်ပြန်ခဲ့ကြောင်း ဖော်ပြထားပါတယ်။