အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
မြန်မာဘာသာပြန်
ဆော်ဒီအာရေဗျနိုင်ငံက မက္ကာကို အကြောင်းပြုပြီး၊ ကအ်ဗဟ်ရဲ့နာမည်ကို အသုံးချကာ မွတ်စလင်မ် ကမ္ဘာတစ်ဝှမ်းက လူတွေရဲ့ စာနာထောက်ထားမှုကို ရယူနေတယ်လို့ ပြောလို့ရပါတယ်။
ကျနော် တို့ရဲ့ အချို့သော အိုလမာ (သာသနာ့ပညာရှင်များ) က မနေ့ကတည်းက “ကအ်ဗဟ်ရဲ့ အမြတ်အထွတ်ကို ကာကွယ်ဖို့ အသက်ပေးပြီး တိုက်ပွဲဝင်ဖို့တောင် အသင့်ရှိတယ်” ဆိုပြီး ကြွေးကြော်နေကြပါတယ်။
ရဖေဇီ တစ်ဦးတစ်ယောက် က ဟာရမ်မိုင်း (မက္ကာ နှင့် မဒီနာ ) ဘက်ကို မကောင်းတဲ့ရည်ရွယ်ချက်နဲ့ မျက်စိကျလာတာကို ကျနော်တို့ ခွင့်ပြုမလား? ခွင့်ပြုမလား? တိုက်ခိုက်မလား? (ဆိုပြီ ဝဟာဘီအာလင်မ်က လူထုကိုမေးခွန်းထုတ်နေပါတယ်။)
ကြည့်ပါ။ ယုံကြည်သူတစ်ဦး (မုအ်မင်) ရဲ့ အသက်နဲ့ ဂုဏ်သိက္ခာရဲ့ အထွတ်အမြတ် ဟာ ကအ်ဗဟ် ရဲ့ အထွက်အမြတ် ထက်တောင် ပိုမိုမြင့်မြတ်တယ်လို့ ကျနော်တို့၏ ချစ်ခင်ရတဲ့ တမန်တော်မြတ် မုဟမ္မဒ်(ဆွ) က မိန့်တော်မူခဲ့ပါတယ်။
ဒါပေမဲ့ မွတ်စလင်မ် တွေဖြစ်တဲ့ ကျနော် တို့က ကအ်ဗဟ် ရဲ့ အထွတ်အမြတ် အတွက်တော့ အသက်ပေးဖို့ အမြဲအသင့်ရှိကြပါတယ်။ ဒါပေမဲ့ ရှကီလာ နဲ့ တခြားအကဖျော်ဖြေသူတွေကို ကျနော် တို့ရဲ့ ချစ်ခင်ရတဲ့ တမန်တော် (ဆွ) နဲ့ ဆွာဟာဘာ (ရ.သွေ့ ) တွေရဲ့ သွေးမြေကျခဲ့တဲ့ ဒီမြေမှာ အကဖျော်ဖြေခွင့်ပေးခဲ့တုန်းက ဒီဘာသာရေးပညာရှင်တွေက ဘယ်မှာရှိနေခဲ့ကြတာလဲ ?
ဒီဗီဒီယိုထဲမှာလည်း ကအ်ဗဟ် နဲ့ ဆင်တူတဲ့ မော်ဒယ်တစ်ခု ပြုလုပ်ပြီး အဲဒီအပေါ်မှာ ရှကီလာ ကို အဝတ်အစားအနည်းငယ်သာ ဝတ်ဆင်ထားတဲ့ အခြေအနေမျိုးနဲ့ ကပြဖျော်ဖြေစေခဲ့တယ်လို့ တွေ့နိုင်ပါတယ်။
ဒါဆို မေးခွန်းတစ်ခု ပေါ်လာတာ သဘာဝမကျဘူးလား။ အဲဒီအချိန်တုန်းက ကျနော် တို့ရဲ့ ဘာသာရေးပညာရှင်တွေက ကအ်ဗဟ်ရဲ့ အထွတ်အမြတ် အတွက် ဘာကြောင့် အော်ဟစ်ပြီး မပြောခဲ့ကြတာလဲ?
အကြောင်းကတော့ ဒီဟာက အဲဒီဆော်ဒီနိုင်ငံပဲ မဟုတ်လား။ သူတို့က ဒီမြင့်မြတ်တဲ့မြေကို ခေတ်မီတိုးတက်ရေးဘက်ကို ဦးတည်သွားစေဖို့ New York City လိုမျိုး ပရောဂျက်တစ်ခုကို စတင်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီပရောဂျက်မှာ အလုပ်လုပ်ဖို့ အစ္စရေးလူမျိုးတွေ/အစ္စရေးဘက်က ဝန်ဆောင်မှုတွေကို အသုံးပြုခဲ့တယ်လို့ Dawn သတင်းစာကို ကိုးကားပြီး ပြောထားပါတယ်။
ထို့အပြင် အာလေ့စအူးဒ် မိသားစုက ကအ်ဗဟ် နဲ့ ဟဂျ်ဝတ်ပြုမှုကို စီးပွားရေးပုံစံတစ်ခုအဖြစ် အသုံးချခဲ့တယ်လို့လည်း ပြောထားပါတယ်။ မက္ကာရဲ့ မွတ်ရှ်ရေက်တွေ (အယူဝါဒမဲ့/ရုပ်တုကိုးကွယ်သူများ) ကလည်း အလားတူ လုပ်ခဲ့ကြတယ်လို့ ဆိုပါတယ်။
ပြီးတော့ အလ္လာဟ်အရှင်မြတ်က ကုရ်အာန်ထဲမှာ ဘာပြောထားသလဲဆိုရင် ...
“ဟာဂျီများကို ရေတိုက်ပေးသူနဲ့ မတ်စ်ဂျစ်ဒ်ဒိုလ်ဟရမ်ကို ပြုစုစောင့်ရှောက်သူကို အလ္လာဟ်နဲ့ နောက်ဆုံးနေ့ကို ယုံကြည်ပြီး အလ္လာဟ်ရဲ့ လမ်းမှာ တိုက်ပွဲဝင်သူနဲ့ တန်းတူလို့ သင်တို့ ထင်ကြသလား? သူတို့ဟာ အလ္လာဟ်အရှင်မြတ်ရဲ့ အမြင်မှာ တန်းတူမဟုတ်ကြပါဘူး။” ဆို မိန့်ထားပါတယ်။
ဒီလူတွေက ဟာဂျီတွေကို ရေပေးကြတယ်၊ မတ်စ်ဂျစ်ဒ် ဒိုလ်ဟရမ်ကို ပြုစုစောင့်ရှောက်ကြတယ်၊ မတ်စ်ဂျစ်ဒ် ဒိုလ်နဗဝီကို ရွှေတွေနဲ့ အလှဆင်ဒီဇိုင်းလုပ်ကြတယ်။
ဒါပေမဲ့ ဒီအွန်မ္မသ် (မွတ်စလင်မ် အသိုင်းအဝိုင်း) ရဲ့ လူသတ်သမားလို့ ဖြစ်တဲ့ ထရမ့် ကိုတော့ ဖက်လှဲတကင်း ဆက်ဆံကြတယ်။ ထို့အပြင် ကျနော် တို့ရဲ့ တမန်တော် မြတ် (ဆွ) ရဲ့ သွေးမြေကျခဲ့တဲ့ ဒီမြင့်မြတ်တဲ့မြေပေါ်ကို အနောက်နိုင်ငံက အကဖျော်ဖြေသူတွေကို ခေါ်လာပြီး အဝတ်အစားအနည်းငယ်သာ ဝတ်ဆင်ထားတဲ့ အခြေအနေမျိုးနဲ့ ကပြဖျော်ဖြေစေကြတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment