၁၄ နိုဝင်ဘာ ၂၀၂၆ - ၁၂:၅၉
အီရန်နှင့် စစ်ပွဲ ပြန်လည်ဖြစ်ပွားတော့မည်လား? အမေရိကန်၏ အစ္စရေးသို့ ပေးပို့သည့် သတင်းစကားနှင့်ပတ်သက်၍ စင့်ကွန်း (CENTCOM) က ငြင်းဆို

အမေရိကန်စစ်တပ်၏ ဗဟိုကွပ်ကဲရေးဌာန (CENTCOM) က ဝါရှင်တန်အစိုးရသည် အီရန်ကို ဆန့်ကျင်သည့် စစ်ပွဲ ပြန်လည်စတင်နိုင်ရန် ပြင်ဆင်ထားဖို့ အစ္စရေးအုပ်ချုပ်ရေးအစိုးရထံ တောင်းဆိုခဲ့သည်ဆိုသော သတင်းများမှာ ခန့်မှန်းပြောဆိုမှုများသာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Mehr သတင်းဌာန ၏ အစီရင်ခံစာအရ  အမေရိကန်စစ်တပ်၏ ဗဟိုကွပ်ကဲရေးဌာန (CENTCOM) က ဝါရှင်တန်အစိုးရသည် အီရန်ကို ဆန့်ကျင်သည့် စစ်ပွဲ ပြန်လည်စတင်ရန် ပြင်ဆင်ထားဖို့ အစ္စရေးအုပ်ချုပ်ရေးအစိုးရထံ တောင်းဆိုခဲ့သည်ဆိုသော သတင်းများမှာ ခန့်မှန်းပြောဆိုမှုများသာဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။

CENTCOM သည် အယ်လ်ဂျဇီးရား ရုပ်သံဌာနနှင့် ဆက်သွယ်ပြောကြားရာတွင် အဆိုပါ ကွပ်ကဲရေးဌာနက အီရန်နှင့် စစ်ပွဲ ပြန်လည်စတင်ရန် အသင့်ပြင်ထားဖို့ အစ္စရေးအုပ်ချုပ်ရေးအစိုးရထံ တောင်းဆိုခဲ့သည်ဟု ဖော်ပြထားသော သတင်းများကို ငြင်းဆိုခဲ့ပါတယ်။

CENTCOM က အီရန်နှင့် စစ်ပွဲ ပြန်လည်စတင်ရန် ပြင်ဆင်ထားဖို့ အစ္စရေးထံ တောင်းဆိုခဲ့သည်ဆိုသော သတင်းများသည် ခန့်မှန်းပြောဆိုချက်များအပေါ် အခြေခံထားခြင်းသာဖြစ်ပြီး ယင်းတို့ကို စစ်ရေးဆိုင်ရာ ဆုံးဖြတ်ချက် သို့မဟုတ် အမိန့်တစ်ရပ်အဖြစ် မယူဆသင့်ကြောင်း ကြေညာခဲ့ပါတယ်။

သတိပြုရမည်မှာ ယခုတုံ့ပြန်ချက်သည် လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း အစ္စရေးအုပ်ချုပ်ရေးအစိုးရက အီရန်အပေါ် ဖြစ်နိုင်ခြေရှိသော နောက်ထပ်တိုက်ခိုက်မှုတစ်ရပ်အတွက် စစ်ရေးပြင်ဆင်မှုများကို တိုးမြှင့်နေကြောင်း သတင်းများ ထွက်ပေါ်လာသည့် အချိန်တွင် ထွက်ပေါ်လာခြင်းဖြစ်ပါတယ်။

ထို့အပြင် အီရန်အာဏာပိုင်များကလည်း အမေရိကန်နှင့် အစ္စရေးအုပ်ချုပ်ရေးအစိုးရတို့၏ နောက်ထပ် စစ်ရေးစွန့်စားမှုတစ်ရပ်ကြောင့် ဖြစ်ပေါ်လာနိုင်သည့် အကျိုးဆက်များနှင့်ပတ်သက်၍ သတိပေးထားပြီး ရန်လိုတိုက်ခိုက်မှုများ ထပ်မံပြုလုပ်လာပါက အီရန်၏ တုံ့ပြန်မှုသည် ဒေသတွင်း ပထဝီဝင်နယ်နိမိတ်အတွင်း၌သာ ကန့်သတ်နေမည်မဟုတ်ကြောင်း အလေးပေးပြောကြားထားပါတယ်။ 

++++++++++++++++++++++++++++++++++++++++++++++++++
END / 251

Tags

Your Comment

You are replying to: .
captcha