၁၄ နိုဝင်ဘာ ၂၀၂၆ - ၁၂:၂၇
ဟော်မုဇ်ရေလက်ကြား၏ အရှေ့ဘက်တွင် ရေနံတင်သင်္ဘောနှစ်စင်း ထပ်မံမီးလောင်မှုဖြစ်ပွား

အီရန်စစ်တပ်၏ ပြောကြားချက်အရ သတိပေးချက်များကို လျစ်လျူရှုပြီး တားမြစ်ထားသော ရေကြောင်းနယ်မြေအတွင်းသို့ ဝင်ရောက်လာသည့် ရေနံတင်သင်္ဘောနှစ်စင်းသည် ရေကြောင်းမိုင်းနှင့် တိုက်မိခဲ့ကြောင်း သိရပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Mehr သတင်းဌာန ၏ အစီရင်ခံစာအရ အီရန်စစ်တပ်၏ ပြည်သူ့ဆက်ဆံရေးဌာနက ဟော်မုဇ်ရေလက်ကြား၏ အရှေ့ဘက်ပိုင်းတွင် စည်းမျဉ်းချိုးဖောက်သော ရေနံတင်သင်္ဘောနှစ်စင်း ထပ်မံမီးလောင်မှုဖြစ်ပွားခဲ့ကြောင်း ကြေညာခဲ့ပါတယ်။

အီရန်စစ်တပ်၏ ထုတ်ပြန်ချက်အရ အဆိုပါ ရေနံတင်သင်္ဘောနှစ်စင်းသည် သတိပေးချက်များကို လျစ်လျူရှုကာ မိမိတို့၏ ရေဒါစနစ်များကိုလည်း ပိတ်ထားပြီး ဟော်မုဇ်ရေလက်ကြား၏ အရှေ့ဘက်ရှိ တားမြစ်ထားသော၊ အန္တရာယ်ရှိသော ရေကြောင်းနယ်မြေအတွင်းသို့ ဝင်ရောက်လာခဲ့ကြသည်။ ထိုသို့ ဝင်ရောက်လာစဉ် ရေကြောင်းမိုင်းနှင့် တိုက်မိခဲ့သဖြင့် သင်္ဘောနှစ်စင်းစလုံး မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ဟော်မုဇ်ရေလက်ကြား၏ အရှေ့ဘက်တွင် ရေနံတင်သင်္ဘောနှစ်စင်း ထပ်မံမီးလောင်မှုဖြစ်ပွား

အီရန်ရေတပ်က တားမြစ်ထားသော အန္တရာယ်ရှိသည့် ရေကြောင်းနယ်မြေအတွင်း ရေနံတင်သင်္ဘောများ မီးလောင်မှုဖြစ်ပွားခဲ့ခြင်းအတွက် ပထမဆုံး တာဝန်ရှိသူမှာ အမေရိကန်သမ္မတဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့နောက် အမေရိကန်၏ မဟုတ်မမှန်သော ဝါဒဖြန့်မှုများကို ယုံကြည်အားကိုးခဲ့ကြသည့် အဆိုပါသင်္ဘောများ၏ ပိုင်ရှင်များတွင်လည်း တာဝန်ရှိကြောင်း အီရန်ရေတပ်က ပြောကြားခဲ့ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++
END / 251

Tags

Your Comment

You are replying to: .
captcha