၁၆ စက်တင်ဘာ ၂၀၂၆ - ၂၃:၅၂
ပင်လယ်နီ နှင့် ဘာဗ်ဗိုလ်မန်ဒက်ဗ် ရေလက်ကြားကို ပိတ်ဆို့မည်ဟု ဆော်ဒီကို အန်ဆွာရိုလ္လာဟ်ခေါင်းဆောင်တစ်ဦး ကြိမ်းဝါးပြောဆို ။ ။ video

အဗ်နာ ။ ။ပင်လယ်နီ နှင့် ဘာဗ်ဗိုလ်မန်ဒက်ဗ် ရေလက်ကြားကို ပိတ်ဆို့မည်ဟု ဆော်ဒီကို အန်ဆွာရိုလ္လာဟ်ခေါင်းဆောင်တစ်ဦး ကြိမ်းဝါးကာ အောက်ပါအတိုင်း ပြောဆိုခဲ့ပါတယ်။ “ ဒီနေရာကနေ ပင်လယ်နီအထိ ၊ ဘာဗ်ဗိုလ်မန်ဒက်ဗ် ရေလက်ကြားအနီးကနေ ဆော်ဒီရန်သူကို သတင်းစကားတစ်ခု ပို့လိုက်ပါတယ်။ အလ္လာဟ် ဟို အရှင်မြတ် ကို တိုင်တည်ပြီး ပြောပါမယ် ။ ကျွန်ုပ်တို့ဟာ တိုက်ပွဲဝင်ဖို့ အဆင်သင့်ဖြစ်နေပြီး အသင့်ပြင်ဆင်ထားပါတယ်။ ပင်လယ်နီရေပြင်နဲ့ ဘာဗ်ဗိုလ်မန်ဒက်ဗ်ရေလက်ကြားကို သင်တို့ (ဆော်ဒီ နဲ့ဆော်ဒီ နောက်လိုက်များ) အတွက် ပိတ်ပင်လိုက်ပြီ။ ဆော်ဒီသင်္ဘောတစ်စင်းမှ ဖြတ်သန်းခွင့်ရမှာ မဟုတ်ဘူး။ သင်တို့က ကျည်တစ်တောင့်တောင် ရောင်းချနိုင်မှာ မဟုတ်ဘူး။ အလ္လာဟ် ဟို အရှင်မြတ် သည် ကျွန်ုပ်တို့အတွက် လုံလောက်တော်မူပြီး အကောင်းဆုံး အားကိုးရာဖြစ်တော်မူတယ်။ လွတ်လပ်ပြီး ဂုဏ်သိက္ခာရှိသူအားလုံးကို ဂုဏ်ပြုပါတယ်။”

Tags

Your Comment

You are replying to: .
captcha