၁၁ ဇူလိုင် ၂၀၂၅ - ၁၃:၁၇
လက်ဘနွန်နိုင်ငံရှိ မဂျ်မအ်အေဂျဟာနီအဲဟ်လေ့ဘိုက် (သ) (အ.စ)၏ ကိုယ်စားလှယ်တော်မှ H.I ရှိက်ခ် ရစူလ် ရှဟူဒ် ၏ ရှဟာဒသ် အတွက် ဝမ်းနည်း ကြေကွဲကြောင်းပြောကြား

လက်ဘနွန်နိုင်ငံရှိ မဂျ်မအ်အေ ဂျဟာနီ အဲဟ်လေ့ဘိုက် (သ) (အ.စ) မှ H.I ရှိက်ခ် ရစူလ် ရှဟူဒ် ၏ ရှဟာဒသ် ပတ်သက် ၍ ဝမ်းနည်းပူဆွေးမှုဖြင့် အစ္စလာမ့် အွန်မသ် ၏ စည်းလုံးညီညွတ်မှုနှင့် လမ်းညွှန်မှုကို ထိန်းသိမ်း စောင့်ရှောက်ရာတွင် ဤမြင့်မြတ်သောပညာရှင်၏ ရပ်တည်ချက်ကို ချီးကျူးခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

လက်ဘနွန်နိုင်ငံရှိ မဂျ်မအ်အေ ဂျဟာနီ အဲဟ်လေ့ဘိုက် (သ) (အ.စ) ၏ ကိုယ်စားလှယ်တော် မှ H.I ရှိက်ခ် ရစူလ် ရှဟူဒ် ၏ ရှဟာဒသ် အတွက် ဝမ်းနည်း ကြေကွဲကြောင်း ပြောကြားရင်း ဤရှဟီးဒ် အာလင်မ်သည်  အစ္စလာမ့် စည်းလုံးညီညွတ်မှု နှင့် ဘာသာရေးအသံ၏ သင်္ကေတ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

အကျော်အမော် ဆီးရီးယား ရှီအဟ် အာလင်မ် ဟွတ်ဂျ်ဂျသိုလ်အစ္စလာမ် ဝလ်မွတ်စ်လေမီးန် ရှိက်ခ် ရစူလ် ရှဟူဒ် သည် မိမိကိုယ်ကို အစ္စလာမ် အလံကိုင် အဖြစ်မိတ်ဆက်ပေးနေကြသည့် လက်နက်ကိုင်အဖွဲ့တစ်ခု၏ လူမဆန် သည့် တိုက်ခိုက် မှုကြောင့် မတရား အသတ်ခ့ခဲ့ရသူ ဖြစ်ပါတယ်။

ကျမ်းတော်မြတ် ကုရ်အာန် ၏ နှုတ်ကပတ်တော်ဖြစ်သည့် ( ... و لا تحسبنّ الذین قُتلوا )  ဟူသော ကျမ်းပိုဒ်ဖြင့် အစပြုကာ အာဇာနည်များ၏ ထာဝရအသက်ကို ရည်ညွှန်းပြောကြားပြီး H.I ရှိက်ခ် ရစူလ် ရှဟူဒ် ၏ ရှဟာဒသ် သည် “နာကျင်ဖွယ်အဖြစ်ဆိုး” ဖြစ်ကြောင်း ဖော်ပြခဲ့ပါတယ်။

ဆက်လက်၍ ထုတ်ပြန်ချက်တွင် လက်ဘနွန်နိုင်ငံရှိ မဂျ်မအ်အေ ဂျဟာနီ အဲဟ်လေ့ဘိုက် (သ) (အ.စ) ၏ ကိုယ်စားလှယ်တော် မှ က ရှဟီးဒ် H.I ရှိက်ခ် ရစူလ် ရှဟူဒ် ၏ မိသားစုနှင့် နောက်လိုက်များအတွက် စာနာကြောင်း ပြောကြားပြီး ဤပညာရှင်၏  ရှဟာဒသ် အတွက် အစ္စလာမ့်အသိုင်းအဝိုင်းအား ဝမ်းနည်းကြောင်း ပြောကြား ခဲ့ပါတယ်။

အဆိုပါထုတ်ပြန်ချက်တွင် ရှဟီးဒ် H.I ရှိက်ခ် ရစူလ် ရှဟူဒ် သည် တိတ်ဆိတ်နေသည့်အချိန်၌ သာသနာ၏အသံ ဖြစ်ကြောင်း ၊ ပညာ နှင့် သာသနာ့ ကျောင်းသားများကို ထောက်ခံသူ ဖြစ်ကြောင်း ၊ အသိတရားကို မြှင့်တင်သူနှင့် ချို့တဲ့သူများကို ကူညီထောက်ခံသူဖြစ်ကြောင်း ပါရှိပါတယ်။

 ရှဟီးဒ် H.I ရှိက်ခ် ရစူလ် ရှဟူဒ် သည် မိမိ နှစ်ပေါင်းများစွာ ကြိုးပမ်းခဲ့သည့် သာသနာ့ ခရီး စဉ်တွင် အစ္စလာမ် ဂိုဏ်းခွဲများ စည်းလုံးညီညွတ်ရေးဆိုင်ရာ ညီလာခံများနှင့် အစည်းအဝေးများစွာကို ကျင်းပခဲ့ပြီး ရှီအဟ် နှင့် စွန္နီ များကြား စည်းလုံးညီညွတ်မှုကို အားကောင်းစေရန် ပြုလုပ်ခဲ့ မှုတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့ပါတယ်။

လက်ဘနွန်နိုင်ငံရှိ မဂျ်မအ်အေ ဂျဟာနီ အဲဟ်လေ့ဘိုက် (သ) (အ.စ) က မိမိ ၏ ကြေညာချက်တွင်  ရှဟီးဒ် H.I ရှိက်ခ် ရစူလ် ရှဟူဒ် ၏ ရှဟာဒသ် သည် သစ္စာတရားနှင့် ဂုဏ်သိက္ခာ လမ်းကြောင်းပေါ်၌ မွတ်စလင်မ်တို့၏ ဆန္ဒကို ဘယ်သောအခါမှ အားနည်းစေမည်မဟုတ်ကြောင်း အလေးပေးပြောကြားခဲ့ပြီး အာဇာနည်များ နှင့် ပညာရှင် များ (အိုလမာ) ၏ လမ်းစဉ်အတိုင်း ဂိုဏ်းစွဲ ဝါဒ ကို ဆန့်ကျင်ကြရန် မွတ်စလင်မ်အားလုံးကို တောင်း ဆိုခဲ့ပါတယ်။

ထုတ်ပြန် ချက်၏အဆုံးတွင် စူရဟ် ဖါသေဟဟ်  ကိုရွတ်ဆို၍ အနန္တတန်ခိုးရှင် အလ္လာဟ်ဟို အရှင်မြတ် သည် ရှဟီးဒ် H.I ရှိက်ခ် ရစူလ် ရှဟူဒ် အား ရှဟီးဒ်တော်များကြားတွင်ထားတာ်မူရန် နေရာချထားရန်နှင့် အသက်ရှင် ကျန်ရစ်သူများ အား သည်းခံနိုင်စွမ်းအား တိုးမြှင့် ပေးသနားရန် ဒိုအာ ပြုခဲ့ပါတယ်။

ရှဟီးဒ် ဟွတ်ဂျ်ဂျသိုလ်အစ္စလာမ် ဝလ်မွတ်စ်လေမီးန် ရှိက်ခ် ရစူလ် ရှဟူဒ် သည် ဆီးရီးယားနိုင်ငံ ဟုမ်း တွင် အစ္စလာမ့် စည်းလုံးညီညွတ်ရေးလှုပ်ရှားမှုများကို တည်ထောင်သူများနှင့် ရှေ့ဆောင်သူများထဲမှ တစ်ဦးဖြစ် ကြောင်း မှတ်သားထိုက်ပါတယ်။ ရှဟီးဒ် ရှိက်ခ် ရစူလ် ရှဟူဒ် သည်  အဲဟ်လေ့ဘိုက်(သ) (အ.စ) ၏ အဆုံးအမများကို ဖြန့်ကျက်ပြီး လိုအပ်နေသူများ ကို ပံ့ပိုးပေးကာ နောက်ဆုံး ဗုဒ္ဓဟူးနေ့တွင် အစ္စလာမ် ၏ စံနှုန်းများကို အကောင်အထည်ဖော်သည့် အလ္လာဟ် လမ်းကြောင်းတွင် အာဇာနည်အဆင့်ကို ရရှိခဲ့ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha