၆ မတ် ၂၀၂၅ - ၀၂:၁၁
အန်နစိုနေယာမွန် ဖအေဇာ မာသွန်သဗဟူ  ဆိုတာ မိတ်ဆွေ သိပါသလား?

အန်နစိုနေယာမွန် ဖအေဇာ မာသွန်သဗဟူ ဆိုသည်မှာ ကျော်ကြားသည့် ဟဒီးစ်တော်များ မှ တစ်ပါးဖြစ်ပါတယ်။ သိထားသည့် အရာ ဖြစ်၍ အဗ်နာ ချစ် ပရိတ်သတ်ကြီး အတွက် တင်ပြလိုက်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အန်နစိုနေယာမွန် ဖအေဇာ မာသွန်သဗဟူ  ဆိုသည်မှာ ကျော်ကြားသည့် ဟဒီးစ်တော်များ မှ တစ်ပါး ဖြစ်ပါတယ်။  အဓိပ္ပာယ် မှာ လူတို့သည် အိပ်ပျော် နေကြပြီး သေဆုံးသည့် အခါ နိုးထလာကြသည်ဟု ဖြစ်ပါတယ်။ တမန်တော်မြတ် မိုဟမ္မဒ် (ဆွ) နှင့်  အမီးရိုလ် မိုအ်မေနီးန် အေမာမ် အလီ (အ.စ) တို့ ထံ မှဆင့်ပြန် လာရှိပါတယ်။ ဤဟဒီးစ်တော် ၏ ရှင်းလင်း ချက် တွင် လူများစွာသည် မိမိ တို့အတွက် အရာများ ဖြစ်ကြသည့် ငွေကြေး ၊ပစ္စည်းဥစ္စာ များ စသည်  တို့ ရှိသည်ဟု ထင်မြင်ကြပါတယ်။ ဒါပေမယ့် သေပြီး နောက်မှာ တော့ မိမိ တို့မှာ ဘာမှ ပိုင်ဆိုင်ခြင်း မရှိဘူးဆိုတာကို သိလာခြင်း ဖြစ်ပါတယ်။

« ကမ္ဘာပေါ်ရှိလူများသည် အိပ်ပျော်နေစဉ် သယ်ဆောင်လာသော လူအုပ်ကြီးနှင့်တူသည်  » ဟု နဲဟ်ဂျိုလ် ဗလာဂဟ် ကျမ်း တွင် အမီးရိုလ် မိုအ်မေနီးန် အေမာမ် အလီ (အ.စ) မှ မိန့်ကြား တော်မူထားပါတယ်။ သာသနာ့ ပညာရှင်များ အနေဖြင့် ဤ ဟဒီးစ်တော် «  အန်နစိုနေယာမွန် ဖအေဇာ မာသွန်သဗဟူ » နှင့် အဓိပ္ပါယ်တူသည်ဟု ယူဆကြ ပါတယ်။ « အန်သဗာဟို  » ဟူသော စကားလုံးသည် မူလက အသိပေးရန်ဖြစ်ပြီး ဤ ဟဒီးစ်တော်တွင် နိုးထခြင်းဟု အဓိပ္ပါယ်ရကြောင်း မန်ဇူမေဟ်ဟာယေ အေရ်ဖါန်နီ ယေ အစ္စလာမ်မီ ၏ စာအုပ်များ မှ တစ်အုပ် ဖြစ်သည့် ဂိုလ်ရှန်း နေရာဇ် ဆိုသည် စာအုပ်တွင် « သင်သည် အိပ်မက်ထဲတွင်ရှိပြီးဤမြင်ခြင်းသည် အတွေး ဖြစ်သည်  » မတ်ဆ်ရအ် (ကဗျာစာပိုဒ်) ကို ဤ ဟဒီးစ်တော် မှ ကောက်နှုတ် ထားသည်ဟု ဆိုကြပါတယ်။

ဂျာမီ ( ဟီဂျရီ ၈၁၇ ခုနှစ် ကွယ်လွန် )ကတော့ « سَکْرَةُ الْمَوْت بعدها انْتَبَهُوا فإذا جائهم و إن کَرِهُوا إِنَّمَا النَّاس هِجْعٌ و نِیام قال خَیْرُ الْوَرَی عَلَیْهِ سَلَام‏  » တမန်တော်မြတ်(ဆွ) မိန့်တော်မူကြောင်း လူတို့သည် အိပ်ပျော်လျက် ရှိကြောင်း မလိုချင်လျက် သေခြင်း ၏ အခက်အခဲ တွင် ရင်ဆိုင်ရမည် ဖြစ်ကြောင်း ထိုအချိန် နိုးကြားလာပြီး သတိရှိကြလိမ့်မည် ဖြစ်ကြောင်း ပါရှန်းဘာသာဖြင့် آدمی‌زاده در مَبادی حاپی نفس و هوا رود همه سال အဓိပ္ပာယ် - လူသည် မွေးဖွားချိန်မှစ၍ တစ်သက်တာလုံး စိတ်ဆန္ဒနောက် လုပ် ကြလေ ကြောင်း ဆိုထားပါတယ်။

ဤ ဟဒီးစ်တော် «  အန်နစိုနေယာမွန် ဖအေဇာ မာသွန်သဗဟူ » သည် အဓမ္မနှင့် ရုပ်ပစ္စည်း သေခြင်းတို့ကို ရည်ညွှန်းပြီး ဤကမ္ဘာတွင် အသက်ရှင်စဉ်အတွင်း ရရှိသည့် အေရ်ဖန်နီ (ခ) အလ္လာဟ်ကိုသိခြင်း  သဘောဖြင့် သေဆုံးခြင်း လည်း ပါဝင်သည်ဟု သုတေသီအချို့က ယုံကြည်ကြပါတယ်။

ဤအကြောင်းကြောင့် ဤဟဒီးစ်တော် သည် ဤနိုးထမှုမှ သေသည့်နေ့ တွင် မဖြစ်ရန် သတိပြုရန် ဆုံးမပေးသည်ဟု အချို့ ပညာရှင်များ က ယုံကြည်ကြပါတယ်။  ရှီအဟ် ပညာရှင် နှင့် ဒဿနပညာရှင် မွတ်လာ ဆဒ်ရာ သေခြင်း တရားကို အချည်းနှီးသက်သက်အဖြစ် အဓိပ္ပာယ်ဖွင့်ဆိုချက်ကို ပယ်ချပြီး ဤဟဒီးစ်တော် မှ သေခြင်း တရား သည် နိုးကြားခြင်းတစ်မျိုးဖြစ်ပြီး အချည်းနှီးမဟုတ် ကြောင်း သက်သေ ထူနေသည်ဟု ဆိုထားပါ တယ်။

အေမာမ် ဂဇါလီ ( ဟီဂျရီ ၅၀၅ ကွယ်လွန် ) မွတ်စလင်မ်များ ၏ မိုသကလင်မ် နှင့် အာရစ်ဖ် တစ်ပါး ဖြစ်သူ မှ ဤ ဟဒီးစ်တော် ကို နမူနာပုံစံဖြင့် ရှင်းပြခဲ့ပါတယ်။  ရှင်းပြပုံကတော့  - ကလေးသည် မိခင်၏ဝမ်း၌ရှိပြီး ကမ္ဘာနှင့်နေရာသစ်များကို ကြည့်ရှုရန် ထွက်လာကြောင်း ဤကလေးသည် အမိဝမ်းမှ ထွက်လာ၍ လောက၏ ကြီးမြတ်မှုကို မြင်သောအခါ အမိဝမ်းတွင်းသို့ ပြန်လိုခြင်းသည် သင့်လျော်ပါသလော? ဟုဆိုထားပြီး ဂဇါလီ အနေဖြင့် ကမ္ဘာကြီး နှင့် နောင်ဘဝ (အာခေရသ် ) လည်း ဤ အတိုင်းပင် အတူတူပင်ဖြစ်သည်ဟု ယုံကြည် ကြောင်း ၊ ဤလောကမှ နောင်တမလွန်ဘဝသို့ သွား၍ နောင်တမလွန် (အာခေရသ် ) ၏ အကျယ်ကို မြင်သောသူသည် ဤလောကသို့ ပြန်လိုခြင်းငှါ မသင့်လျော် ကြောင်း ဆိုထားပါတယ်။

ရှီအဟ် မွတ်စလင်မ် ပညာရှင် နှင့် မွတ်ဂျ်သဟစ်ဒ် တစ်ပါးဖြစ်သည့် အာယာသွလ္လာဟ် အလ်အွဇ်မာ ဂျဝါဒ်ဒီ အာမိုလီ မှ ဟဒီးစ်တော် «  အန်နစိုနေယာမွန် ဖအေဇာ မာသွန်သဗဟူ » ကိုရှင်းပြရာတွင် လူများစွာ တို့သည် မိမိတို့ ကိုယ်စီ (ပစ္စည်း၊ဥစ္စာ၊ငွေကြေးများကို) ပိုင်ဆိုင်ကြသည်ဟု ထင်နေကြကြောင်း ဒါပေမယ့် သူတို့ သေတဲ့အခါ သူတို့မှာ ဘာမှမရှိဘူးဆိုတာကို သိလာကြမည် ဖြစ်ကြောင်း အိပ်ပျော်နေသူ သည် အိပ်မက်ထဲတွင် အရာများစွာကို မြင်သည်နှင့် နိုးလာပြီးနောက်တွင် ၎င်းတို့ကို မမြင်ရသကဲ့သို့ ဖြစ်ကြောင်း မိန့်ကြားထားပါတယ်။

ဟီဂျရီ ခုနှစ် ရာစု၏ မွတ်စလင်မ်များ ၏ အာရစ်ဖ် တစ်ပါး ဖြစ်သူ နစဖီသည် မိမိ ၏ အန်စာန်နေ ကာမေလ် စာအုပ်တွင် အိပ်မက်ထဲတွင် မြင်သောအရာသည် ရှင်သန်ခြင်း မရှိသလို ဤကမ္ဘာတွင်ရှိသော အရာများ သည်လည်း ရှင်သန်မှုနှင့် တည်ငြိမ်မှု ရှိလိမ့်မည်မဟုတ်ကြောင်း ဤဟဒီးစ်တော် ကို ကိုးကား ရေးသားထားပါ တယ်။

ဤလောကရှိလူများ သည် မိမိတို့ပြုခဲ့သော သစ္စာတရားကို မသိကြဘဲ သေပြီးနောက် ၎င်းတို့၏ လုပ်ရပ်များ၏ « ဖြစ်တည်မှုသဘော » သည် ထင်ရှားပေါ်လွင်ပြီး လူတို့သည် မိမိ တို့၏ လုပ်ရပ်များ၏ အမှန်တရားကို သိရှိလာကြလိမ့်မည်ဟူသော အချက်ကို သုတေသီအချို့က အာရုံစိုက်ခဲ့ကြပါတယ်။

မွတ်လာ ဆဒ်ရာ သည် အိပ်မက်ထဲတွင် လူတစ်ဦးမြင်သောအရာသည် အပြင်လောက တွင် ရှိနေသည့် အရာ များ ၏ နမူနာများဖြစ်သည်ဟု ယုံကြည်ပါတယ်။ ထို့အတူ ဤလောက၌ လူတစ်ဦးမြင်သောအရာများသည် နောင်တမလွန်ဘဝ (ခ) အာခေရသ်) ၌ ဖြစ်ပျက်နေသော သာဓကများဖြစ်ပါကြောင်း  နောင်တမလွန်ဘဝ (ခ) အာခေရသ် ၏ အဖြစ်မှန်များကို အနက်ဖွင့်ဆိုရန်နှင့် အကျယ်ရှင်းပြ ဆိုရန် လိုအပ်သော ဥပမာများ အကြောင်းမှ တပါး လူသားတို့အပေါ် ထင်ရှားပေါ်လွင်ခြင်းမရှိကြောင်း ဆိုထားပါတယ်။

သဖ်စီးရ် မခ်ဇန်နိုလ် အေရ်ဖာန် အား ရေးသားသူသည် ဤ ကမ္ဘာကြီး ၌ ကျွန်ုပ်တို့မြင်နေရသောအရာများသည် ဤ ဖြစ်ရပ်မှန်များ ၏ အခွံများ ဖြစ်ကြောင်း ယုံလူတို့သည် သေပြီးနောက် ဤဖြစ်ရပ်မှန်များကို သိရှိလာကြမည် ဖြစ်ကြောင်း ယုံကြည်လက်ခံ ထားပါတယ်။

ကိုးကားထားသည့် ကျမ်းများ

၁။ نهج البلاغة

၂။ مخزن العرفان در تفسیر قرآن

၃။ wikishia.net

၄။ کنوز الحکمة

၅။ درخشان پرتوی از اصول کافی

၆။ شرح گلشن راز

၇။ روح الأرواح فی شرح أسماء الملک الفتاح

၈။ خصائص الأئمة علیهم السلام (خصائص أمیر المؤمنین علیه السلام)

၉။ گلشن راز

၁၀။ مجموعة رسائل الإمام الغزالی

၁၁။ شرح أصول الکافی

၁၂။ الانسان الکامل

၁၃။ مجموعة ورام (تنبیه الخواطر و نزهة النواظر)

.......................................................

END / 251

Your Comment

You are replying to: .
captcha