အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Irna သတင်းဌာန ၏ အစီရင်ခံစာ အရ အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ နိုင်ငံခြားရေး ဝန်ကြီး ဆယက်ဒ် အဘာစ် အီရတ်က်ကျီ သည် ၁၇ ကြိမ်မြောက် BRICS ထိပ်သီးအစည်းအဝေး၏ဘေးတွင် မိမိနှင့် ရာထူးတူ ဘရာဇီးလ်နိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေရိုးတွင် တွေ့ဆုံစဉ် ဆယက်ဒ် အဘာစ် အီရတ်က်ကျီ က ဘရာဇီးနိုင်ငံ၏ လက်ခံကျင်းပမှုကို ကြိုဆိုခဲ့ပြီး ကမ္ဘာတစ်ဝှမ်းတွင် နိုင်ငံစုံဝါဒနှင့် တရားဥပဒေစိုးမိုးရေးကို မြှင့်တင်ရာတွင် ဘရာဇီး၏ အရေးကြီးသောအခန်းကဏ္ဍကို ချီးကျူးခဲ့ပါတယ်။
အဆိုပါ အခမ်းအနားတွင် နှစ်နိုင်ငံနှင့် နိုင်ငံတကာအဖွဲ့အစည်းများ လက်အောက်ရှိ အီရန်နှင့် ဘရာဇီးနိုင်ငံတို့ အကြား ပူးပေါင်းဆောင်ရွက်မှု လိုအပ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးက အလေးပေး ပြောကြားခဲ့ပါတယ်။
ဆယက်ဒ် အဘာစ် အီရတ်က်ကျီ က ဇီယွန်ဝါဒီအစိုးရနှင့် အီရန်အပေါ် အမေရိကန်၏ ရန်စမှုကို ရှုတ်ချသည့် ဘရာဇီး၏ ရှင်းလင်းပြတ်သားပြီး စည်းစနစ်ကျသော ကြေညာချက်ကို ကြိုဆိုလိုက်ပြီး အဆိုပါ တိုက်ခိုက်မှုများ သည် ကုလသမဂ္ဂ ပဋိညာဉ်ကို ဆန့်ကျင်ရုံသာမက ဒေသတစ်ခုလုံး၏ ငြိမ်းချမ်းရေးကို ပြင်းထန်စွာ ထိခိုက်စေမည့် နျူလက်နက် ဖျက်သိမ်းရေးနှင့် သံတမန်ရေးရာ ကြိုးပမ်းမှုများကိုပါ ထိုးနှက်ခြင်းလည်း ဖြစ်သည်ဟု ပြောကြားခဲ့ပါတယ်။
နိုင်ငံခြားရေးဝန်ကြီး ဆယက်ဒ် အဘာစ် အီရတ်က်ကျီ က မိမိ နှင့် ရာထူး တူ ဘရာဇီးလ်နိုင်ငံခြားရေးဝန်ကြီးအား ဇီယွန်ဝါဒီအစိုးရသည် အပြစ်ပေး ခံရမည် ဖြစ်ကြောင်း အမေရိကန် နှင့် ဥရောပနိုင်ငံအချို့ကလည်း မိမိအား စိတ်ချဖို့ ပြောကြောင်း ကမ္ဘာပေါ်ရှိ အစိုးရအားလုံးသည် မိမိ တို့၏ တရားဥပဒေ နှင့် ကိုယ်ကျင့်တရားဆိုင်ရာ တာဝန်များကို ကျေပွန်အောင် ထမ်းဆောင်ရမည်ဖြစ် ကြောင်း ဤသို့ဖြစ် ပါလက်စတိုင်းပြည်သူများနှင့် ဒေသတွင်းနိုင်ငံများအပေါ် ဇီယွန်နစ်အစိုးရ၏ ရန်စမှုများကို ချက်ခြင်း အရေးယူဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
ဘရာဇီးနိုင်ငံခြားရေးဝန်ကြီး Mauro Vieira ကလည်း အီရန်၏ ပိုင်နက်နယ်မြေ ခိုင်မာမှု၊ အချုပ်အခြာအာဏာနှင့် အထူးသဖြင့် အီရန်နျူကလီးယား စက်ရုံများကို ဇီယွန်ဝါဒီအစိုးရ၏ တိုက်ခိုက်မှုအား ရှုတ်ချခဲ့ပြီး မိမိ သည် ဘရာဇီး ၏ မူအရ မယိမ်းယိုင်သော ရပ်တည်ချက်ဖြစ် ရပ်တည် မည် ဖြစ် ကြောင်း ပြောကြားခဲ့ပါတယ်။
ကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအတွက် လုံခြုံရေးကောင်စီသည် မိမိ ၏တာဝန်များကို စနစ်တကျ ကျေပွန်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့ပါတယ်။
အီရန်နှင့် ဘရာဇီးနိုင်ငံခြားရေးဝန်ကြီးများသည် စီးပွားရေးနှင့် ကုန်သွယ်မှုကဏ္ဍများတွင် အပြန်အလှန် ပူးပေါင်း ဆောင်ရွက်မှုကို အလေးပေးပြောကြားခဲ့သည်မှာ မှတ်သားစရာပင်ဖြစ်ပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment