၁၈ ဇူလိုင် ၂၀၂၅ - ၀၈:၃၆
အမေရိကန် နိုင်ငံခြားရေးဌာနသည် ဟစ်ဘွလ္လာဟ် ၏ ငွေကြေးစီးဆင်းမှုကို ရပ်တန့်ရန် ကြိုးပမ်း

ကရ်ဇိုလ်ဟစန် ဖောင်ဒေးရှင်းမှတစ်ဆင့် ဟစ်ဇ်ဘိုလာအဖွဲ့၏ ငွေကြေးထောက်ပံ့မှုကို ရပ်တန့်ရန်မှာ ဦးစား ပေးဖြစ် ကြောင်း အမေရိကန် နိုင်ငံခြားရေးဌာနက အခိုင်အမာဆိုထားပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အမေရိကန် နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ Tommy Bruce က ဆီးရီးယားဆိုင်ရာ အမေရိကန်သံတမန် Tom Brock သည် ဟစ်ဘွလ္လာဟ် ၏ ငွေကြေးထောက်ပံ့မှုကို အထူးသဖြင့် ကရ်ဇိုလ်ဟစန် ဖောင်ဒေးရှင်း မှတစ်ဆင့် မှတစ်ဆင့် ရပ်တန့်ခြင်းသည် လက်ဘနွန်ရှိ ဟစ်ဘွလ္လာဟ် များကို ထောက်ပံ့ရန် ၊ ရန်ပုံငွေများနှင့် ပတ်သက်၍ အမေရိကန်အတွက် ထိပ်တန်းဦးစားပေးဖြစ်ကြောင်း အခိုင်အမာ ပြောကြားခဲ့ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ လက်ဘနွန် ဗဟိုဘဏ် အကြီးအကဲရဲ့ ကြိုးပမ်းမှုတွေကို ကျေးဇူးတင်ကြောင်းနဲ့ ဒါဟာ လမ်းကြောင်းမှန်ပေါ် ခြေလှမ်းတစ်ခုလို့ ယူဆပေမယ့် ပိုပြီးတော့ လုပ်ဆောင်ဖို့ လိုအပ်တယ်လို့ Tommy Bruce က ဆက်ပြောကြောင်း ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ လက်ဘနွန်အစိုးရကို ဖိအားတွေ တိုးမြှင့်ဖို့ ကြိုးစားခဲ့တဲ့ သူက လက်ဘနွန်အစိုးရအနေနဲ့ ကရ်ဇိုလ်ဟစန် ဖောင်ဒေးရှင်း အဖွဲ့အစည်းဟာ လက်ဘနွန်ဥပဒေတွေကို လိုက်နာတဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းဖြစ်တယ်လို့ လက်ဘနွန်အစိုးရက ထုတ်ဖော်ပြောဆိုတာကို ဤအဖွဲ့အစည်း အား ရပ်တန့်သင့် တယ်လို့ ပြောပါတယ်။

ဤ ကရ်ဇိုလ်ဟစန် ဖောင်ဒေးရှင်း အဖွဲ့အစည်းသည် လက်ဘနွန်ရှိ ဟစ်ဘွလ္လာဟ် များ အသုံးပြုသည့် ငွေကြေးအဖွဲ့အစည်းတစ်ခုဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဌာနက ပြောရေးဆိုခွင့်ရှိသူက အခိုင်အမာ ပြောကြားထားပြီး လက်ဘနွန်နိုင်ငံ၏ တရားဝင်စီးပွားရေးကို ထိခိုက်စေသည်ဟုစွပ်စွဲထားပါတယ်။

အမေရိကန် နှင့် အစ္စရေး ၏ ဖိအားကြောင့် လက်ဘနွန် ဗဟိုဘဏ်၏ အကြီးအကဲအသစ် ကရီးမ် စအီးဒ် သည် တရားဝင် အဖွဲ့အစည်း ဖြစ်သည့် ကရ်ဇိုလ်ဟစန် ဖောင်ဒေးရှင်း  ၏ လုပ်ဆောင်မှုများကို တားမြစ်ပိတ်ပင်ရန် အမိန့်ထုတ်ပြန်ခဲ့ပါတယ်။

ကရီးမ် စအီးဒ် သည် ‌ရေယာဇ် စလာမဟ် နှင့် လက်ဘနွန်ရှိ အခြားသော အမေရိကန် ပုဂ္ဂိုလ်များ ကဲ့သို့ပင် အစ္စလာမ့် တော်လှန်ရေး နှင့် ဟစ်ဘွလ္လာဟ်  တို့ကို ချေမှုန်းရန် အဓိက ထောက်ခံသူ ဖြစ်ပါတယ်။

ကရီးမ် စအီးဒ် သည် အမေရိကန်၏ တောင်းဆိုချက်များကို အပြည့်အဝ အကောင်အထည်ဖော်ရန် တာဝန်ရှိ သည်ဟု ယူဆပြီး လက်ဘနွန် ဗဟိုဘဏ်၏ အကြီးအကဲအဖြစ် ဟစ်ဘွလ္လာဟ် ၏ စီးပွားရေး ပိတ်ဆို့ခြင်းဆီသို့ ခြေလှမ်းများ လှမ်းရန် တာဝန်ရှိသည်ဟု ခံယူထားသူ ဖြစ်ပါတယ်။

ဤနေရာတွင် အမေရိကန် ၏ လူသားမဆန်သည့် ကိုယ်ချင်းစာ တရားမရှိသည့် လူအခွင့်အရေးဆိုတာ ကိုယ့်အတွက်သာ ပြောသည့် နိုင်ငံဖြစ်ကြောင်း ထင်ရှားစွာ တွေ့မြင်နိုင်မှာဖြစ်ပါတယ်။ အကြောင်းက မိမိ နိုင်ငံ နှင့် မိမိ လူမျိုး ကို အစ္စရေး နှင့် အမေရိကန် လက်ထဲ မရောက်သွား အောင် ၎င်းတို့ မကျူးကျော် နိုင်ရန် ကြိုးပမ်းနေသည့်တရားဝင် လက်ဘနွန် အမျိုးသား အဖွဲ့ ဟစ်ဘွလ္လာဟ် အား ငွေကြေး ထောက်ပံ့မှုများ မပြုနိုင်ဖို့ လုပ်နေပြီး မိမိကိုယ်တိုင် အကြမ်းဖက် ၊ ကလေးနှင့် မိန်းမများကို ရက်ရက်စက်စက် သတ်နေသူ၊ လူမျိုးတုံး သတ်ဖြတ်မှုကို ကျူးလွန်နေသည့် ရာဇဝတ်သား အစ္စရေးကို ငွေကြေးလက်နက် အပြည့်အဝ ထောက် ပံ့ နေခြင်း ဖြစ်ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha