၁ ဇွန် ၂၀၂၆ - ၂၃:၅၉
အီးဒ်များက ဘာကို သတိရစေသနည်း?

မွတ်စလင်မ်များ ကို မိမိတို့ ပြုလုပ်သည့် အီးဒ်များ က ဘာတွေ သတိရ စေကြောင့် တင်ပြပေးမှာ ဖြစ်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန – အဗ်နာ

မွတ်စလင်မ်များသည် ရမ်ဒွါန်လမြတ်၏ ရက်ပေါင်း ၃၀ ပြည့်မြောက်သည့်အခါ အီးဒ်ဖေသွ်ရ် ကို ဆင်နွှဲကြပြီး၊ ဟဂျ်အခမ်းအနား၏ အရေးကြီးသည့်နေ့ရက်များ ပြီးမြောက်သည့်အခါ အီးဒ်အလ်အဇ်ဟာ (ကုရ်ဘာနီအီးဒ်) ကိုလည်း ကျင်းပကြပါတယ်။

ထို့အပြင် သာသနာတော် ပြည့်စုံပြီးစီးမှုကို အထင်ကရဖော်ပြသည့်နေ့ကို အီးဒ်ဂဒီးရ် အဖြစ် သတ်မှတ်ကာ ဆင်နွှဲကြသည်။ ထိုကြောင့် သာသနာတော်၏ ပြည့်စုံမှုကို လက်ခံယုံကြည်သူများအတွက် အီးဒ်ဂဒီးရ် သည် အထူးအရေးပါသည့် နေ့ရက်တစ်ရက် ဖြစ်ပါသည်။

အီးဒ်တစ်ခုစီတွင် သီးခြား အဓိပ္ပာယ်နှင့် သတိပေးချက်များ ရှိနေပါသည်။

အီးဒ်ဖေသွ်ရ် သည် ကျင့်ကြံအားထုတ်မှု၊ သန့်ရှင်းမှုနှင့် ကိုယ်ကျင့်တရားမြှင့်တင်မှု ကို သတိရစေပါတယ်။

ကုရ်ဘာနီအီးဒ် သည် အနစ်နာခံမှု၊ စတေးမှုနှင့် အလ္လာဟ်အရှင်မြတ်အတွက် အပြည့်အဝ လိုက်နာအပ်နှံမှု ကို သတိရစေပါတယ်။

အီးဒ်ဂဒီးရ် သည် သာသနာတော် ပြည့်စုံခြင်းနှင့် ဦးဆောင်မှုအမွေဆက်ခံခြင်း ကို သတိရစေပါတယ်။

ဤအီးဒ် သုံးခုသည် အချိန်ကာလ မတူညီကြသော်လည်း၊ အလ္လာဟ်အရှင်မြတ်၏ နှစ်သက်မှုကို ရရှိစေရန် ရည်ရွယ်ချက်တူညီစွာဖြင့် ဆင်နွှဲကြသည့် နေ့ရက်များ ဖြစ်ကြပါတယ်။

အီးဒ်ဖေသွ်ရ်နှင့် ကုရ်ဘာနီအီးဒ်ကို လက်ခံဆင်နွှဲပြီး၊ အီးဒ်ဂဒီးရ်ကို မဆင်နွှဲသူတစ်ဦးသည် သာသနာတော်၏ ပြည့်စုံမှုနှင့် ပတ်သက်သည့် အရေးကြီးသော အယူအဆတစ်ရပ်ကို မလက်ခံသကဲ့သို့ ဖြစ်သွားနိုင်ပါတယ်။

 အကြောင်းမှာ တမန်တော်မြတ် မိုဟမ္မဒ် (ဆွ) သည် အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်ဖြင့် မောင်လာအလီ (အ.စ) ကို မောင်လာ၊ အုပ်ထိန်းဦးဆောင်သူ အဖြစ် သတ်မှတ်ကြေညာခဲ့ခြင်းကို လက်ခံခြင်းသည် အီးဒ်ဂဒီးရ်၏ အခြေခံအဓိပ္ပာယ်ထဲတွင် ပါဝင်နေသောကြောင့် ဖြစ်ပါတယ်။

ထို့ကြောင့် မောင်လာအလီ (အ.စ) ကို မောင်လာအဖြစ် လက်ခံယုံကြည်သူတိုင်း၊ သာသနာတော် ပြည့်စုံပြီးစီး ကြောင်းကို နှလုံးသားထဲမှ သက်ဝင်ယုံကြည်သူတိုင်း အီးဒ်ဂဒီးရ်ကို အလေးထားပြီး ဆင်နွှဲကြပါတယ်။

ကိုယ်တော်မြတ် (ဆွ) ဆဟီးဟ် ဟဒီးစ်တော် (အမိန့်တော် ) ကို လက်ခံ သူတိုင်း၊ မောင်လာအလီ (အ.စ) ကို အချစ်ထားပြီး မောင်လာ အဖြစ်လက်ခံသူတိုင်း အီးဒ်ဒေ ဂဒီးရ် ကို ဆင်နွှဲ နိုင်ကြပါစေ ။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha