အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Sahar News ၏အစီရင်ခံစာ အရ လက်ဘနွန် ဟစ်ဘွလ္လာဟ် နိုင်ငံရေးကောင်စီ၏ ခေါင်းဆောင် မဲဟ်မူဒ် ကမာသီ က အီရန်သည် မကြာသေးမီ ၁၂ ရက်ကြာ ဖြစ်ပွားခဲ့သော စစ်ပွဲတွင် အမေရိကန်နှင့် အစ္စရေးတို့အပေါ် ပြတ်ပြတ် သားသား အောင်ပွဲရရှိခဲ့ပြီး ယခုအခါ ဒေသတွင်း၌ အီရန်၏ ရပ်တည်ချက်သည် ပိုမိုအားကောင်းလာပြီဟု ပြောကြား ခဲ့ပါတယ်။
Sputnik နှင့် တွေ့ဆုံမေးမြန်းခန်းတစ်ခုတွင် မဲဟ်မူဒ် ကမာသီ က နေတန်ယာဟုသည် အီရန်အပေါ် ရန်စမှုများနှင့် အရှေ့ အလယ်ပိုင်းတွင် အမိန့်အသစ်တစ်ရပ် ထူထောင်ရန် ကြိုးပမ်းမှုများ မအောင်မြင်ခဲ့ကြောင်း ၊ အီရန်အား အားနည်းသွားအောင် အီရန်၏ စွမ်းအား ကို ချေမှုန်းရန် အစီအစဉ်မှာ မအောင်မြင်ဘဲ အမှန်တကယ်တွင် အီရန်သည် အောင်နိုင်သူအဖြစ် ပေါ်ထွက်ခဲ့ ပြောကြား ခဲ့ပါတယ်။
ထရန့်ကိုယ်တိုင် ဆွေးနွေးပွဲများ ပြန်လည်စတင်လိုကြောင်း ထုတ်ဖော်ပြောကြားခဲ့သော်လည်း အချို့သော အင်အားကြီးနိုင်ငံများသည် အီရန်၏အောင်ပွဲအား ရှုံးနိမ့်မှုအဖြစ် ပြောင်းလဲကာ အမေရိကန်၏ တိုက်ခိုက်မှုကို အောင်မြင်မှုအဖြစ် တင်ပြရန် ကြိုးပမ်းနေကြောင်း ၎င်းက ပြောကြားခဲ့ပါတယ်။
ဒေသတွင်း၏ ဇက်ကြိုးများသည် ယခုအခါ အီရန်လက်ထဲတွင် ရှိနေ ကြောင်း အီရန်သည် အမေရိကန်နှင့် အစ္စရေးတို့အပေါ် လွမ်းမိုးထားကြောင်း ယခုအခါတွင် အမေရိကန်နှင့် အစ္စရေးတို့ စိတ်ကူးမယဉ်နိုင်သော ဒေသတွင် အဖြစ်မှန်အသစ်တစ်ခု ထွက်ပေါ်လာပြီဖြစ် ကြောင်း အီရန်သည် ခက်ခဲပြီး ပြင်းထန်သော ပြိုင်ဘက်ဖြစ်ကြောင်း အောင်ပွဲနှင့်အတူ သက်သေပြခဲ့ပြီး အီရန်အတွက် တရုတ်နှင့် ရုရှားတို့ကဲ့သို့ အင်အားကြီး မဟာမိတ်များလည်းရှိကြောင်း မဲဟ်မူဒ် ကမာသီ မှ ပြောကြား ခဲ့ပါ တယ်။
မဲဟ်မူဒ် ကမာသီ မှ ဆက်လက်ပြီး အီရန်သည် ပါလက်စတိုင်းနှင့် ကြံ့ကြံ့ခံ ခုခံရေးတပ်ကို အားကောင်း စေရုံသာမက အစ္စရေးနှင့် ပုံမှန်ဆက်ဆံရေးရှိပုံရသော အာရပ်နိုင်ငံများကို လမ်းညွှန်မှုအသစ်ကိုလည်း ပေးခဲ့ ကြောင်း ဤနိုင်ငံ များ ဟာ အီရန်ကို တိုက်ခိုက်တာကို ရှုံ့ချပြီး မိမိ တို့၏ နှုတ်မြွက်တဲ့ စာနာမှုကို ဖော်ပြခြင်း အားဖြင့် ကြံ့ကြံ့ခံ ခုခံဖို့ နီးစပ်လာ ကြောင်း ရှင်းလင်းပြောကြားခဲ့ပါတယ်။
မဲဟ်မူဒ် ကမာသီ က အီရန်၏တိုက်ခိုက်မှုကြောင့် အစ္စရေးနိုင်ငံ၌ ပျက်စီးဆုံးရှုံးမှုသည် အစ္စလာမ်မစ် ကမ္ဘာ၊ အာရပ်ကမ္ဘာ နှင့် ကမ္ဘာတစ်ဝှမ်းရှိ လွတ်လပ်ရေးတိုက်ပွဲဝင်သူများအတွက် မျှော်လင့်ချက် တစ်ခု ဖြစ်ကြောင်း အီရန်သည် မိမိ ၏ဆန္ဒ၊ စိတ်အားထက်သန်မှုနှင့် ခေါင်းဆောင်မှုမှတစ်ဆင့် အရှေ့နှင့် ၎င်း၏ မဟာ မိတ်များ အတွက် မဟာဗျူဟာအသစ်အတွက် အုတ်မြစ်ချခဲ့ကြောင်း ထပ်လောင်း ပြောကြားခဲ့ပါတယ်။
အီရန်နှင့် ဟစ်ဘွလ္လာဟ် တို့ကြား အပြန်အလှန်ဆက်ဆံရေးကို အလေးထားပြီး မဲဟ်မူဒ် ကမာသီ က အီရန်နှင့် ကျနော်တို့၏ ဆက်ဆံရေးဟာ အတွေးအခေါ် ဆိုင်ရာ ၊ နိုင်ငံရေးနှင့် ဗျူဟာမြောက်ဖြစ် ကြောင်း အီရန်က ကျနော် တို့ နှင့်ယုတ်စွ လက်ဘနွန်အစိုးရကိုတောင် ကျနော်တို့ ၏ အမျိုးသားရေး မူဝါဒကို ဆန့်ကျင်တဲ့ စကား တစ်ခွန်း မှ မပြောခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment