၁၄ ဇူလိုင် ၂၀၂၅ - ၂၁:၃၃
ရန်ကုန်တွင် ဆရာ၊ ဆရာမများကို မဲပေးစက်ကိုင်တွယ်အသုံးပြုနည်း သင်တန်းပေး
DVB

ရွေးကောက်ပွဲမှာ အီလက်ထောနစ်မဲပေးစက်ကို ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးပြုနိုင်ရေးအတွက် ရန်ကုန်က ဆရာ၊ ဆရာမတွေကို ဒီကနေ့ ဇူလိုင် ၁၄ ရက် မနက်မှာ စစ်ကောင်စီက အီလက်ထရောနစ် မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာ သင်တန်းပေးနေတယ်လို့ ပညာရေးဝန်ထမ်းတွေဆီက သိရပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


ရန်ကုန်တိုင်းအတွင်းရှိ  ခရိုင် ၁၄ ခရိုင် လက်အောက်မှာရှိတဲ့ မြိုနယ်က ဆရာ၊ ဆရာမတွေကို သင်တန်းတက်ဖို့ ပညာရေးမှူးတွေက စာထုတ်ညွှန်ကြားခဲ့တာလို့ ဗိုလ်တစ်ထောင်မြို့နယ် ပညာရေးဝန်ထမ်းတယောက်က DVB ကို ပြောပါတယ်။

“၁၁ ရက်နေ့ကတည်းက မဲပေးစက်သင်တန်းတက်ဖို့ ပညာရေးမှူးက အကြောင်းကြားတာ၊ မနက်ကနေ ညနေအထိ မြို့နယ်အလိုက် သင်တန်းရက်တွေကွာတယ်။ မဲရုံများတဲ့ မြိုနယ်က ဆရာ ဆရာမပိုများတယ်။” 

မဲရုံအရေအတွက် နည်းပါးတဲ့ လသာမြို့နယ်မှာ  အီလက်ထရောနစ် မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာသင်တန်းကို ၂ ရက်သာပြုလုပ်မှာဖြစ်ပြီး တရက်ကို ဆရာ၊ ဆရာမဦးရေ ၁၃၀ နဲ့ သင်တန်းပေးနေတာလို့ ပညာရေးဝန်ထမ်းတယောက်က DVB ကို ပြောပါတယ်။

“တရက် ဆရာ၊ ဆရာမအယောက် ၁၀၀ ကို  မဲရုံများတဲ့ မြို့နယ်က ဆရာမဦးရေ ထောင်ချီရှိတော့ သင်တန်းရက်ကြာတယ်။ လသာမှာ မဲရုံလည်းနည်းတယ်၊ ဆရာမဦးရေလည်း နည်းတော့ ၂ ရက်ပဲ။” 

စစ်ကောင်စီက ရွေးကောက်ပွဲ ဘယ်နေ့လုပ်မယ်ဆိုတာ မကြေညာသေးပေမဲ့ ဇူလိုင် ၁၄ ရက်ကစပြီး မြန်မာနိုင်ငံတဝန်းမှာရှိတဲ့ စစ်တပ်ထိန်းချုပ်ရာမြို့နယ်တွေမှာ မဲပေးစက်ကိုင်တွယ်အ သုံးပြုခြင်းဆိုင်ရာ သင်တန်းကို ပေးနေတာဖြစ်ပါတယ်။ 

Source: Dvb

++++++++++++++++++++++++++++++++++++++++++++++++++
END / 251

Tags

Your Comment

You are replying to: .
captcha