မြန်မာ
-
ဧရာဝတီတိုင်း လေးမျက်နှာ၊ အိုင်သပြုဒေသသို့ အလှူရှင်များက လှူဒါန်းမှုများ ပြုလုပ်။ ။ Photos
အဗ်နာ ။ ။ ဧရာဝတီတိုင်း လေးမျက်နှာ နှင့် အိုင်သပြုဒေသရှိ လိုအပ်နေသူများအတွက် အလှူရှင်များက လှူဒါန်းမှုများ ပြုလုပ်ခဲ့ပြီး အလှူရှင်တစ်ဦးချင်းစီအပေါ် အလ္လာဟ်အရှင်မြတ်က အစားပေး ကောင်းချီးပေး ပါစေကြောင်း ဆုတောင်းမေတ္တာပို့ကြောင်း သိရပါတယ်။ Photos Credit - သရဖီ အရှင့်ကျေးကျွန် ပရဟိတ
-
ပုသိမ်မြို့ ဘုရားကြီးကုန်းဒါရ်ဂါဝင်း၌ ၁၅၀၁ နှစ်မြောက် ယောင်မွန်နဗီ(ဆွ) နေ့ အခမ်းအနား စည်ကား သိုက်မြိုက် စွာ ကျင်းပ ။ ။ Photos
အဗ်နာ ။ ။ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ ဘုရားကြီးကုန်းဒါရ်ဂါဝင်းအတွင်း ၁၅၀၁ နှစ်မြောက် ယောင်မွန်နဗီ(ဆွ) နေ့ (မြတ်နဗီနေ့) အခမ်းအနားကို ယနေ့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပြီး အခမ်းအနား သို့ ဘာသာရေးဆိုင်ရာ ပုဂ္ဂိုလ်များနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြကာ အမှတ်တရပုံရိပ်များကို တွေ့မြင်ရပါတယ်။Photos Credit - Thet Khaing
-
၂၀၂၆ ခုနှစ် မြန်မာ ဟာဂျီများ ၏ ဂျီဒ္ဒါမြို့ ခရီးစဥ် ။ ။ Photos
အဗ်နာ ။ ။ ၂၀၂၆ ခုနှစ် Holiness Hajj & Umra ဝန်ဆောင်မှုကုမ္ပဏီ နှင့် အတူ သန့်ရှင်းသော ဟဂ်ျခရီးစဉ်တွင် လိုက်ပါ လာကြသော မြန်မာ ဟာဂျီများ၏ ဂျီဒ္ဒါမြို့ အလည်အပတ်ခရီးစဉ်အတွင်း ရိုက်ကူးထားသည့် အမှတ် တရပုံရိပ်အချို့ကို မျှဝေပေးလိုက်ပါတယ်။ Photos Credit - Holiness Travels & Tours Co., LTD
-
ပျဉ်းမနား တွင် မီးလောင်မှုဖြစ်ပွား / အိမ်အလုံးရေ ၅၄ လုံး မီးထဲပါသွား ။ ။ Photos
အဗ်နာ ။ ။ ဒီဇင်ဘာ ၃၁ ရက် နှစ်သစ်ကူးမယ့် ညပိုင်း ၇ နာရီ နီးပါးအချိန် က မြန်မာ နိုင်ငံ မြို့တော် သစ် နေပြည်တော် ၊ ပျဉ်းမနားမြို့နယ်၊ ရန်အောင် ၂ ရပ်ကွက်မှာ မီးလောင်ခဲ့ကြောင်းသိရှိရပါတယ်။ တစ်နာရီ ကျော်ကြာ လောင်ခဲ့သည့် ဤ မီးကြောင့် အိမ်အလုံးရေ ၅၄ လုံး မီးထဲ ပါခဲ့တယ်လို့ သိရပါတယ်။ Photos Credit - MFS၊ Zin Lin Htet၊ Ko Hein Ko
-
မိမိ တို့၏ မရ်ဟွန်မ်များ အတွက် ဤကဲ့သို့ တန်ဖိုးရှိသည့် ဘာသာရေးစာအုပ်များထုတ်တွေ ခြင်းဖြင့် အီဆာလေ ဆဝါးဗ် ပြုသင့် ပါတယ် ။ ။ Photos
အဗ်နာ ။ ။ မိမိ တို့၏ မရ်ဟွန်မ်များ အတွက် ဤကဲ့သို့ တန်ဖိုးရှိသည့် စာအုပ်များထုတ်တွေ ပြီးလက်ဆောင် ပေး ခြင်းဖြင့် အီဆာလေ ဆဝါးဗ် ပြုသင့် ပါတယ်။ အကြောင်း မှာ ဤစာအုပ်များတွင် အလ္လာဟ် ၊ ရစူလ် (ဆွ) နှင့် အဲဟ်လေ့ဘိုက်(သ) (အ.စ) ၏ အမည် တော်များရှိနေသ၍ ၊ ဖတ်ရွတ်သူများ ရှိနေသ၍ ကျင့်သုံးနေသူများ ရှိနေသ ၍ ရည်းစူးထားသည့် မရ်ဟွန်မ် (သို့) မရ်ဟွန်မဟ် အတွက် ဆဝါးဗ် ရရှိနေမှာ ဖြစ်ပါတယ်။ မြန်မာ မွတ်စလင်မ် အများစု ဖြစ်သည့် ရှီအဟ်ဖြစ်စေ စွန်နီ ဖြစ်စေတို့သည့် မိမိတို့၏ ဂျမာအသ်ဝင်များ အတွက် ခန္ဓကိုယ် အတွက် လိုအပ်သည့် အဟာရ (ပမာအားဖြင့် ဒန်ပေါက် ၊ ထမင်း စသည် များ ) လှူဒါန်း ကြပြီး ရှုဟ် (နာမ် ) အတွက် အဟာရ ဖြစ်သည့် အဖိုးတန် စာအုပ်စာပေများ အထူးသဖြင့် ဘာသာရေး စာအုပ်စာပေ များကို လှူဒါန်းဖို့ မေ့နေကြပြီး ၊စိတ်မဝင်စား ကြသည်ကို ဝမ်းနည်းဖွယ် တွေ့မြင်နိုင်ပါတယ်။ Photos Credit - Hajeema Thin Thin
-
မကွေးတိုင်းကို ရုပ်အလောင်းသွားပို့သည့် ရန်ကုန် မြို့ မှ ပရဟိတယာဉ်တစ်စီး တိမ်းမှောက်လို့ ပရဟိတအသင်းဥက္ကဌ သေဆုံး
ရန်ကုန်တိုင်း သန်လျင်မြို့နယ်ကနေ မကွေးတိုင်းရုပ်အလောင်းသွားပို့သည့် ပရဟိတယာဉ် တိမ်းမှောက်မှု ဖြစ်ပွားခဲ့ပြီး အသင်းဥက္ကဌ သေဆုံးခဲ့ကြောင်း သိရပါတယ်။
-
ရန်ကုန် မြို့ မဂို ရှီအဟ် ဂျအ်မေ့ ဗလီ တွင် နိုဝင်ဘာလ ၁၈ ရက်နေ့တွင် ပြုလုပ်သည့် သခင်မကြီး ဖွာတွေမဟ် ဇဲဟ်ရာ (စ.အ) ၏ ရှဟာဒသ် မဂျ်လစ် ။ ။ Photos
အဗ်နာ ။ ။ ပြည်ထောင်စု မြန်မာ နိုင်ငံ ၏ မြို့တော် ဟောင်း ရန်ကုန်မြို့ လမ်း ၃၀ ရှိ မဂို ရှီအဟ် ဂျအ်မေ့ ဗလီ တွင် အယန်းမေ ဖွာတွေမီယဟ် အဖြစ် နိုဝင်ဘာလ ၁၈ ရက်နေ့တွင် ပြုလုပ်သည့် သခင်မကြီး ဖွာတွေမဟ် ဇဲဟ်ရာ (စ.အ) ၏ ရှဟာဒသ် မဂျ်လစ် ကျင်းပ နေသည့် ပုံရိပ်များ ဖြစ်ပါတယ်။ Photos Credit - Mogul Shia Jamay Masjid
-
မြန်မာနိုင်ငံလုံးဆိုင်ရာရှီအဟ်မွတ်စလင်မ်အဖွဲ့ချုပ်မှညောင်လေးပင်မြို့ရှိမိသားစုအေမာမ်ဘာရာတွင် သခင်မကြီး ဇဲဟ်ရာ(စ.အ) ၏ ရှဟာဒသ် မဂျ်လစ် ပြုလုပ်။ Photos
အဗ်နာ ။ ။ ပြည်ထောင်စု မြန်မာနိုင်ငံ ပဲခူးတိုင်းဒေသကြီးရှိ မြို့တစ်မြို့ ဖြစ်သည့် ညောင်လေးပင် မြို့ ၏ မိသားစု အေမာမ်ဘာရာ တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ရှီအဟ် မွတ်စလင်မ် အဖွဲ့ချုပ် မှ သခင်မကြီး ဇဲဟ်ရာ (စ.အ) ၏ ရှဟာဒသ် မဂျ်လစ် ပြုလုပ် ခဲ့ကြပါတယ်။ Photos Credit - The All Myanmar Shia Muslim Organization
-
Gulf Winner အွမ်ရဟ် အဖွဲ့ မက္ကဟ် ရွှေမြို့တော် မှ မဒီနာရွှေမြို့တော်သို့ ရထား ဖြင့် သွားနေ ။ ။ Photos
အဗ်နာ ။ ။ ပြည်ထောင်စု မြန်မာ နိုင်ငံ ၏ Gulf Winner အွမ်ရဟ် အဖွဲ့ မက္ကဟ် ရွှေမြို့တော် မှ မဒီနာရွှေမြို့တော်သို့ ရထား ဖြင့် သွားနေသည့် ပုံရိပ်များ ဖြစ်ပါတယ်။ Photos Credit - Gulf Winner
-
Multi Point Company ၏ ဦးဆောင် မှု ဖြင့် အောက်တိုဘာ လ အုမရဟ် ခရီးစဥ် မြင်ကွင်း ။ ။ Photos
အဗ်နာ ။ ။ ပြည်ထောင်စု မြန်မာ နိုင်ငံ အခြေဆိုက် Multi Point Company ၏ ဦးဆောင် မှု ဖြင့် အောက်တိုဘာ လ အုမရဟ် ခရီးစဥ် မြင်ကွင်း ဖြစ်ပါတယ်။ Photos Credit - Multi Point Hajj & Umra Tours Company