၄ ဒီဇင်ဘာ ၂၀၂၅ - ၁၃:၄၂
မကွေးတိုင်းကို ရုပ်အလောင်းသွားပို့သည့်  ရန်ကုန် မြို့ မှ ပရဟိတယာဉ်တစ်စီး တိမ်းမှောက်လို့  ပရဟိတအသင်းဥက္ကဌ သေဆုံး

ရန်ကုန်တိုင်း သန်လျင်မြို့နယ်ကနေ မကွေးတိုင်းရုပ်အလောင်းသွားပို့သည့် ပရဟိတယာဉ် တိမ်းမှောက်မှု ဖြစ်ပွားခဲ့ပြီး အသင်းဥက္ကဌ ‌သေဆုံးခဲ့ကြောင်း သိရပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

သန်လျင်မြို့နယ်က အောင်မြင့်မိုရ်လူမှုကူညီကယ်ဆယ်ရေးအသင်းဟာ ပြီးခဲ့သည့်  နိုဝင်ဘာ ၂၈ ရက်က မကွေးတိုင်းဘက်ကို ရုပ်အလောင်းသွားပို့ပြီးနောက်အပြန် တောင်ညိုလမ်းတနေရာမှာ ယာဉ်တိမ်းမှောက်ခဲ့ကြောင်း၊ ကားပေါ်ပါ ဥက္ကဌ ဦးစိုးနိုင်(ခ)ဦးကျီးကန်းန နှင့် အခြားအသင်းသားတစ်ဦးဟာ ဒဏ်ရာတွေ ရခဲ့ပြီးနောက် ရန်ကုန်ဆေးရုံကြီးမှာ ဆေးကုသခဲ့ရကြောင်း နီးစပ်သူတွေက ပြောကြောင်း သိရပါတယ်။

မကွေးတိုင်းကို ရုပ်အလောင်းသွားပို့သည့်  ရန်ကုန် မြို့ မှ ပရဟိတယာဉ်တစ်စီး တိမ်းမှောက်လို့  ပရဟိတအသင်းဥက္ကဌ သေဆုံး

အဲဒီနောက် ၄ရက်အကြာ ဒီဇင်ဘာ ၂ ရက် မနက်ပိုင်းမှာတော့ အသင်းဥက္ကဌဖြစ်သူဟာ ကွယ်လွန်သွားခဲ့ကြောင်း နီးစပ်သူတွေက ပြောပါတယ်။

မကွေးတိုင်းကို ရုပ်အလောင်းသွားပို့သည့်  ရန်ကုန် မြို့ မှ ပရဟိတယာဉ်တစ်စီး တိမ်းမှောက်လို့  ပရဟိတအသင်းဥက္ကဌ သေဆုံး

"မကွေးတိုင်းကို သန်လျင်က DB(သေဆုံးရုပ်အလောင်း) ပို့ပြီး အပြန်လမ်းပြင်နေတဲ့နေရာ မျက်ကွယ်ဖြစ်နေလို့ မှောက်သွားတာပြောတယ်"လို့ နီးစပ်သူတစ်ဦးက ပြောပါတယ်။ 

အောင်မြင့်မိုလ်လူမှုကူညီကယ်ဆယ်ရေးယာဉ်ဟာ သန်လျင်မြို့နယ်မှာ ဆေးရုံမှလူနာတွေကို အခြားဒေသသို့ မကြာခဏလွှဲပြောင်းပို့ဆောင်ပေးတဲ့အရေးပေါ် ကားတစ်စီးဖြစ်ကြောင်း သိရပါတယ်။ 

Source: မြန်မာစွယ်စုံသတင်း

++++++++++++++++++++++++++++++++++++++++++++++++++
END / 251 

Tags

Your Comment

You are replying to: .
captcha