အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အူဆူလေ ကာဖီ ကျမ်းမှ ရီဝါယသ်တော် လာရှိမှု ကို တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ရီဝါယသ်တော် တွင် အောက်ပါ အတိုင်း အရဘီ စာသား လာရှိပါတယ်။
قال الامام موسى الكاظم (عليه السلام):
من ترک أهل بيت نبيه ضل.
အေမာမ် မူစာကာဇင်းမ် (အလိုင်ဟစ်စလာမ်) မိန့်တော် မူ၏။
« အကြင်မည်သူမဆို တမန်တော်မြတ် (ဆွ) ၏ အဲဟ်လေ့ဘိုက်(သ) (အ.စ) ကို စွန့်လွှတ်မည်ဆိုလျင် ထိုသူသည် လမ်းလွဲလမ်းမှား သွားသူဖြစ်ပါသည်။ »
ကျမ်းကိုး ။ ။ အူဆူလေ ကာဖီ ကျမ်း၊ အတွဲ ၁ ၊ စာမျက်နှာ ၇၂ ၊ ဟဒီးစ်တော် အမှတ် ၁၀
မှတ်ချက် - အထက်ပါ ဟဒီးစ်တော် ကို ကြည့်ပြီးသုံးသပ်ရမည်ဆိုလျှင် အဲဟ်လေ့ဘိုက်(သ) (အ.စ) ဆိုသည်မှာ တမန်တော် မိုဟမ္မဒ် (ဆွ) ၏ မြတ်နွယ်တော်မွန်များကို ဆိုလိုသည်။ အေမာမ် မူဟာ ကာဇင်းမ် ၏ ဟဒီးစ်တော် အရ ပြစ်မဲ့ ၁၄ပါး တမန်တော်မြတ် (ဆွ) ကိုယ်တော်၏ သမီးတော် ဖွာတွေမဟ် (စ.အ) နှင့် ကိုယ်တော်မြတ် ၏ သားမက်တော် နှင့် မြေး၊မြစ် ... တော်များပေါင်း အေမာမ် ၁၂ပါး တို့ ၏ လမ်းညွှန်မှုလမ်းကြောင်းကို လိုက်နာ ရန် ဖြစ်ပါတယ်။ အစ္စလာမ်ကို မှန်ကန်စွာ နားလည်လိုသူများသည် တမန်တော်မြတ် (ဆွ) ၏ ဤ မိသားစု ဝင်များ နှင့် သူတို့၏ လမ်းညွှန်ချက်များကို လေးစားလိုက်နာရမည်ဟု အဓိပ္ပာယ်ရပါတယ်။သူတို့ကို စွန့်လွှတ်ပြီး လမ်းညွှန်မှု မယူပါက သမ္မာတရားမှ လွဲချော်နိုင်ကြောင်း သတိပေးထားခြင်းဖြစ်ပါတယ်။
****************************************************************
END / 251
Your Comment