၂၇ ဧပြီ ၂၀၂၆ - ၂၃:၅၆
ကျမ်းတော်မြတ်ကုရ်အာန် ၏  အင်္ဂါလက္ခဏာကြီးလေးပါး

ကျမ်းတော်မြတ်ကုရ်အာန် ကိုယ်တိုင် မိမိ ၏ အင်္ဂါလက္ခဏာကြီးလေးပါး ကို စူရဟ် ယူနွတ်စ် အာယသ်တော် အမှတ် ၅၇ တွင် ထင်ရှားစွာမိန့်ကြားတော်မူထားပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ကျမ်းတော်မြတ်ကုရ်အာန် ကိုယ်တိုင် မိမိ ၏  အင်္ဂါလက္ခဏာကြီးလေးပါး ကို စူရဟ် ယူနွတ်စ် အာယသ်တော် အမှတ် ၅၇ တွင် ထင်ရှားစွာမိန့်ကြားတော်မူထားပါတယ်။

يَٰٓأَيُّهَا ٱلنَّاسُ قَدْ جَآءَتْكُم مَّوْعِظَةٌ مِّن رَّبِّكُمْ وَشِفَآءٌ لِّمَا فِى ٱلصُّدُورِ وَهُدًى وَرَحْمَةٌ لِّلْمُؤْمِنِينَ .

အဓိပ္ပာယ် -

အို လူသား အပေါင်းတို့၊ သင်တို့ထံ သင်တို့၏ အရှင်ထံမှ သွန်သင်ဆုံးမချက်တစ်ရပ် ၊ ရင်ထဲရှိ နာကျင်မှုများ အတွက် ဆေးကောင်းတစ်ရပ်၊ အီမာန်သက်ဝင် ယုံကြည်သူများအတွက် လမ်းညွှန်ချက်နှင့် ကရုဏာ တော် တစ်ရပ် ရောက်လာပြီဖြစ်ပါသည်။

အနှစ်ချုပ်

ဤအာယတ်တော်သည် ကျမ်းတော်မြတ်ကုရ်အာန်အား

၁။သွန်သင်ဆုံးမချက်

၂၊စိတ်နှလုံးအတွက် ကုသမှု

၃။ လမ်းညွှန်မှု

၄။ သက်ဝင်ယုံကြည်သူများအတွက် ကရုဏာ ဟု ဖော်ပြထားပါတယ်။

ဤအတွက်ကြောင့် မိမိကိုယ့်ကို မွတ်စလင်မ်အဖြစ်ခံယူထားသူတိုင်း ကျမ်းတော်မြတ်ကုရ်အာန်ကို နားလည် အောင် ပြီးနောက် လက်တွေ့လိုက်နာ ကျင့်သုံး ဘဝတည်ဆာက်နိုင်အောင်ကြိုးပမ်းရမည် ဖြစ်ပါတယ်။ ကျမ်းတော်မြတ် ကုရ်အာန် အား ပိုင်ရှင်ဖြစ်သည့် အလ္လာဟ် ကိုယ်တိုင် ဘာမိန့်ထားသည့်ကို သိအောင်  ကိုယ်တော် မြတ်မိုဟမ္မဒ်  (ဆွ) နှင့် ကိုယ်တော်၏ အဲဟ်လေ့ဘိုက်(သ) (အ.စ) ၏ ဆဟီးဟ်ဟဒီးစ်တော်များ ၊ ခိုင်လုံသည့် သဖ်စီးရ်တော် များကို အကူ အညီယူရမည် ဖြစ်ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha