အဗ်နာ ။ ။ အရှင့်ကျေးကျွန်ပရဟိတအဖွဲ့၏ (၆) နှစ်ပြည့်အထိမ်းအမှတ်အဖြစ် စေတနာ့ဝန်ထမ်းများကို ဂုဏ်ပြု သည့် အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါတယ်။ နေပူပူ၊ မိုးရွာရွာ မအားလပ်သည့်ကြားမှ ပရဟိတ လုပ်ငန်းများတွင် စေတနာပါပါ ပါဝင်ကူညီပေးခဲ့ကြသော အစ်ကို၊ အစ်မ၊ ညီမများနှင့် မိသားစုဝင်များအား အထူးဂုဏ်ပြု၍ ကျေးဇူးတင်ရှိကြောင်း ဖော်ပြခဲ့ပါတယ်။အခမ်းအနားသို့ ကြွရောက်အားပေးခဲ့ကြသော ဒေါက်တာများနှင့် စာရေးဆရာကြီးများအားလည်းကောင်း၊ အခမ်းအနားကျင်းပရန် နေရာပံ့ပိုးပေးခဲ့သည့် ဒေါက်တာဦးမြင့်သိန်း (ဆရာငြိမ်းချမ်းလုလင်) နှင့် အခမ်းအနားကို တင်ဆက်ပေးခဲ့သည့် ဒေါက်တာသန်းဝင်း (မြန်မာစာ) တို့အား အထူးကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ပါတယ်။ အပြင် အခမ်းအနားအလှအပအတွက် ပန်းများကို စပွန်ဆာပေးခဲ့သည့် အစ်မ ပန်းဝါနွယ်၊ လိုအပ်သောအရာများကို မငြီးမငြူ ကူညီပေးခဲ့သည့် ဆရာဂျွန်သောင်း နှင့် အခမ်းအနားမှတ်တမ်းတင်ပေးခဲ့သည့် ကိုသက်လွင် တို့အားလည်း ကျေးဇူးတင်ဂုဏ်ပြုခဲ့ ပါတယ်။ Photos Credit - သရဖီ (အရှင့်ကျေးကျွန်ပရဟိတ)











++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment