အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
မလေးရှားနိုင်ငံတွင် ကျင်းပနေသည့် (၂၉)ကြိမ် မြောက် အရှေ့တောင်အာရှအား ကစားပြိုင်ပွဲ(ဆီးဂိမ်း)၌ မြန်မာ နိုင်ငံအတွက် ပထမဆုံးရွှေတံဆိပ် ဆုကို မြန်မာအမျိုးသားခြင်းလုံး အသင်းက ရယူခဲ့သည်။
ဩဂုတ် ၁၆ ရက်က ကွာ လာလမ်ပူမြို့တွင် ကျင်းပသည့် အမျိုးသားခြင်းလုံးပြိုင်ပွဲ (Event -2)ဗိုလ်လုပွဲ၌ ထိုင်းအသင်းနှင့် အကြိတ်အနယ်ယှဉ်ပြိုင်ပြီး မြန် မာအသင်းက ၁၄ မှတ်အသာဖြင့် ရွှေတံဆိပ်ဆွတ်ခူးခဲ့သည်။ ဗိုလ် လုပွဲတွင် မြန်မာအမျိုးသားခြင်း လုံးအသင်းက စုစုပေါင်းရမှတ် ၃၁၇ မှတ်နှင့် ထိုင်းအသင်းကစုစုပေါင်းရမှတ် ၃၀၃ မှတ် ရရှိခဲ့ သည်။
အမျိုးသားခြင်းလုံးပြိုင်ပွဲ (Event-2)တွင် မြန်မာအသင်းက ရွှေတံဆိပ်၊ ထိုင်းအသင်းကငွေတံဆိပ်၊ အိမ်ရှင်မလေးရှားနှင့် လာအိုအသင်းတို့က ပူးတွဲကြေး တံဆိပ်ရရှိခဲ့သည်။
ဩဂုတ် ၁၆ ရက်တွင် ဆီး ဂိမ်းမြားပစ် (Compound)အမျိုး သား၊ အမျိုးသမီးတစ်ဦးချင်းပြိုင် ပွဲများကို ကျင်းပခဲ့ပြီး မြန်မာအ သင်းကစားသမားများ ဆုတံဆိပ် လွဲချော်ခဲ့သည်။
မြားပစ် (Compound) တစ် ဦးချင်း အမျိုးသားပြိုင်ပွဲ၌ ရဲမင်း ဆွေနှင့် ရှိန်းထက်ကျော်တို့ ယှဉ် ပြိုင်ခဲ့ပြီး ပထမအဆင့်မှ ထွက်ခဲ့ ရသည်။ Compound တစ်ဦးချင်း အမျိုးသမီးပြိုင်ပွဲ၌ စုစုလှိုင်က ပထမအဆင့်၌ ထွက်ခဲ့ရပြီး အောင်ငှိမ်းက ကွာတားဖိုင်နယ် အဆင့် တက်ရောက်နိုင်ခဲ့သည်။ သို့သော် အောင်ငှိမ်းသည် ကွာ တားအဆင့်တွင် ဗီယက်နမ်အ သင်းကို ရှုံးနိမ့်ကာ ပြိုင်ပွဲမှ ထွက်ခဲ့ရသည်။
၂၀၁၇ ဆီးဂိမ်းပြိုင်ပွဲ ဩ ဂုတ် ၁၆ ရက် ပွဲစဉ်များအပြီးတွင် အင်ဒိုနီးရှားနိုင်ငံက ရွှေတံဆိပ် နှစ်ခုဖြင့် ထိပ်ဆုံး၌ ဦးဆောင်နေပြီး အိမ်ရှင်မလေးရှားက ရွှေတစ်ခု၊ ငွေတစ်ခု၊ ကြေးနှစ်ခုဖြင့် ဒုတိယ၊ မြန်မာနိုင်ငံက ရွှေတံဆိပ်တစ်ခုဖြင့် တတိယနေရာတို့၌ အသီးသီးရပ်တည်နေသည်။
=====================
251/ End
၁၇ ဩဂုတ် ၂၀၁၇ - ၁၈:၃၃
News ID: 848897

မလေးရှားနိုင်ငံတွင် ကျင်းပနေသည့် (၂၉)ကြိမ် မြောက် အရှေ့တောင်အာရှအား ကစားပြိုင်ပွဲ(ဆီးဂိမ်း)၌ မြန်မာ နိုင်ငံအတွက် ပထမဆုံးရွှေတံဆိပ် ဆုကို မြန်မာအမျိုးသားခြင်းလုံး အသင်းက ရယူခဲ့သည်။