၂၅ အောက်တိုဘာ ၂၀၁၉ - ၁၆:၀၅
ပင္နီဝတ္ဒီခ်ဳပ္ပါတီဝင္အခ်ိဳ႕ကို ျပည္သူေၾကာက္ေနရဟု ရန္ကုန္တိုင္းအလုပ္အမႈေဆာင္အဖြဲ႕ဥကၠ႒ေျပာၾကား ဒီခ်ဳပ္ရန္ကုန္တိုင္းအလုပ္အမႈေဆာင္အ

ပင္နီဝတ္ဒီခ်ဳပ္ပါတီဝင္အခ်ိဳ႕ေနရာတကာပါဝင္ေနျခင္း ေၾကာင့္ ျပည္သူမ်ားေၾကာက္ ႐ြံ႕မႈမ်ားရွိေနသည္ဟု ယင္း ပါတီ ရန္ကုန္တိုင္းေဒသႀကီးအလုပ္အ မႈေဆာင္အဖြဲ႕ဥကၠ႒ ဦးျမင့္ေဌးက ေျပာသည္။

အဲဟ္ေလ့ဘိုက္(သ) (အလိုင္ေဟမြစ္စလာမ္) သတင္းဌာန ၊ အဗ္နာ

Zawgyi

ပင္နီဝတ္ဒီခ်ဳပ္ပါတီ ဝင္အခ်ိဳ႕ေနရာတကာပါဝင္ေန  ျခင္းေၾကာင့္ ျပည္သူမ်ားေၾကာက္ ႐ြံ႕မႈမ်ားရွိေနသည္ဟု ယင္းပါတီ ရန္ကုန္တိုင္းေဒသႀကီးအလုပ္အ မႈေဆာင္အဖြဲ႕ဥကၠ႒ ဦးျမင့္ေဌးက ေျပာသည္။

ေအာက္တိုဘာ ၂၄ ရက္က ရန္ကုန္ၿမိဳ႕ Sky Star Hotel တြင္ ျပဳလုပ္သည့္ သတၱမအႀကိမ္ အစိုးရ၊ လႊတ္ေတာ္၊ ပါတီစုံညီ ေတြ႕ဆုံပြဲ၌ ဦးျမင့္ေဌးက အမွာ စကားေျပာရာတြင္ ထည့္သြင္း ေျပာၾကားျခင္းျဖစ္သည္။

‘‘တျခားတိုင္းေတာ့ ကြၽန္ ေတာ္မေျပာပါဘူး။ ရန္ကုန္တိုင္း ပဲေျပာပါတယ္။ ရန္ကုန္တိုင္းမွာ ရွိေနတဲ့ ပင္နီဝတ္ေနၾကတဲ့လူတ ခ်ိဳ႕ပင္နီျမင္ရင္ လူေတြကေၾကာက္ ေနတယ္။ ေနရာတကာဟိုစပ္စပ္ ပါတယ္။ ဟိုေနရာပါ။ ဒီေနရာပါ။ လူတခ်ိဳ႕ကို ကြၽန္ေတာ္ေျပာတာ ဘယ္သူလဲဆိုတာ ကိုယ့္အ ေၾကာင္း ကိုယ္သိၾကလိမ့္မယ္’’ဟု ဦးျမင့္ေဌးကေျပာသည္။

ပင္နီဆိုသည့္ သေကၤတ သည္ အမ်ိဳးသားေရးကို ကိုယ္စား ျပဳၿပီး တိုင္းျပည္အာဏာကို မ တရားယူထားေသာ သူမ်ားကို ေတာ္လွန္ခဲ့သည့္ သေကၤတျဖစ္ ေသာ္လည္း လက္ရွိအေျခအေန တြင္ ပင္နီဝတ္ဆင္ထားသူအခ်ိဳ႕ ကို ျပည္သူမ်ားကေၾကာက္ေနရ ေၾကာင္း ၎ကဆက္လက္ေျပာ သည္။

‘‘ပင္နီျမင္ရင္ လူထုရဲ႕အျမင္ က ပင္နီဝတ္ထားတဲ့ဆက္စပ္ လူတခ်ိဳ႕အေပၚမွာ အထင္အျမင္ ေတြ အေတာ္လြဲေနၾကတာရွိ တယ္။ ဒါေၾကာင့္ ကြၽန္ေတာ္တို႔  တစ္ဦးခ်င္းရဲ႕ စိတ္ဓာတ္သေဘာ ထားအျမင္ေတြေျပာင္းလဲဖို႔လို အပ္တယ္’’ ဟု ဦးျမင့္ေဌးကေျပာ သည္။

ထို႔အျပင္ ဒီခ်ဳပ္ပါတီဝင္မ်ား အေနျဖင့္ ျပည္သူလူထု၏ ဒီမိုက ေရစီႏွင့္ လူ႔အခြင့္အေရးအတြက္ ႀကိဳးပမ္းေဆာင္ရာတြင္ မည္သူက ေရွ႕ေရာက္ေနသည္ဆိုသည့္ အ ေတြးမ်ိဳးကို မစဥ္းစားဘဲတာဝန္ သိစိတ္ျဖင့္ ရည္မွန္းခ်က္ပန္းတိုင္ ကို ေဆာင္႐ြက္သြားရန္ စိတ္ဆႏၵ ထားရန္ ဦးျမင့္ေဌးက တိုက္တြန္း ေျပာၾကားသည္။

‘‘ပါတီက ပါတီအလုပ္ကို လုပ္၊ အစိုးရက အစိုးရအလုပ္ကို လုပ္၊ လႊတ္ေတာ္က လႊတ္ေတာ္ အလုပ္ကိုလုပ္။ အဲဒီမွာ ကြၽန္ ေတာ္တို႔အားလုံးစုေပါင္းလုပ္ရ မယ့္ အလုပ္ေတြရွိတယ္။ ကိုယ့္ အခန္းက႑နဲ႔ကိုယ္လုပ္ရင္ဘာ မွမျဖစ္ပါဘူး’’ ဟု ၎ကေျပာ သည္။ေအာက္တိုဘာ ၂၄ ရက္က ျပဳလုပ္သည့္ သတၱမအႀကိမ္ ေျမာက္အစိုးရ၊လႊတ္ေတာ္၊ပါတီ စုံညီေတြ႕ဆုံပြဲတြင္ ဗဟိုေကာ္မ တီက အစီရင္ခံစာဖတ္ၾကားျခင္း၊ ၂၀၂၀ ေ႐ြးေကာက္ပြဲအတြက္ ႀကိဳတင္ျပင္ဆင္မႈမ်ားအစရွိသည္ တို႔ ေဆြးေႏြးခဲ့သည္။

Unicode

ပင်နီဝတ်ဒီချုပ်ပါတီဝင်အချို့ကို ပြည်သူကြောက်နေရဟု ရန်ကုန်တိုင်းအလုပ်အမှုဆောင်အဖွဲ့ဥက္ကဋ္ဌပြောကြား
ဒီချုပ်ရန်ကုန်တိုင်းအလုပ်အမှုဆောင်အဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဌေး

 ပင်နီဝတ်ဒီချုပ်ပါတီ ဝင်အချို့နေရာတကာပါဝင်နေ  ခြင်းကြောင့် ပြည်သူများကြောက် ရွံ့မှုများရှိနေသည်ဟု ယင်းပါတီ ရန်ကုန်တိုင်းဒေသကြီးအလုပ်အ မှုဆောင်အဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဌေးက ပြောသည်။

အောက်တိုဘာ ၂၄ ရက်က ရန်ကုန်မြို့ Sky Star Hotel တွင် ပြုလုပ်သည့် သတ္တမအကြိမ် အစိုးရ၊ လွှတ်တော်၊ ပါတီစုံညီ တွေ့ဆုံပွဲ၌ ဦးမြင့်ဌေးက အမှာ စကားပြောရာတွင် ထည့်သွင်း ပြောကြားခြင်းဖြစ်သည်။

‘‘တခြားတိုင်းတော့ ကျွန် တော်မပြောပါဘူး။ ရန်ကုန်တိုင်း ပဲပြောပါတယ်။ ရန်ကုန်တိုင်းမှာ ရှိနေတဲ့ ပင်နီဝတ်နေကြတဲ့လူတ ချို့ပင်နီမြင်ရင် လူတွေကကြောက် နေတယ်။ နေရာတကာဟိုစပ်စပ် ပါတယ်။ ဟိုနေရာပါ။ ဒီနေရာပါ။ လူတချို့ကို ကျွန်တော်ပြောတာ ဘယ်သူလဲဆိုတာ ကိုယ့်အ ကြောင်း ကိုယ်သိကြလိမ့်မယ်’’ဟု ဦးမြင့်ဌေးကပြောသည်။

ပင်နီဆိုသည့် သင်္ကေတ သည် အမျိုးသားရေးကို ကိုယ်စား ပြုပြီး တိုင်းပြည်အာဏာကို မ တရားယူထားသော သူများကို တော်လှန်ခဲ့သည့် သင်္ကေတဖြစ် သော်လည်း လက်ရှိအခြေအနေ တွင် ပင်နီဝတ်ဆင်ထားသူအချို့ ကို ပြည်သူများကကြောက်နေရ ကြောင်း ၎င်းကဆက်လက်ပြော သည်။

‘‘ပင်နီမြင်ရင် လူထုရဲ့အမြင် က ပင်နီဝတ်ထားတဲ့ဆက်စပ် လူတချို့အပေါ်မှာ အထင်အမြင် တွေ အတော်လွဲနေကြတာရှိ တယ်။ ဒါကြောင့် ကျွန်တော်တို့  တစ်ဦးချင်းရဲ့ စိတ်ဓာတ်သဘော ထားအမြင်တွေပြောင်းလဲဖို့လို အပ်တယ်’’ ဟု ဦးမြင့်ဌေးကပြော သည်။

ထို့အပြင် ဒီချုပ်ပါတီဝင်များ အနေဖြင့် ပြည်သူလူထု၏ ဒီမိုက ရေစီနှင့် လူ့အခွင့်အရေးအတွက် ကြိုးပမ်းဆောင်ရာတွင် မည်သူက ရှေ့ရောက်နေသည်ဆိုသည့် အ တွေးမျိုးကို မစဉ်းစားဘဲတာဝန် သိစိတ်ဖြင့် ရည်မှန်းချက်ပန်းတိုင် ကို ဆောင်ရွက်သွားရန် စိတ်ဆန္ဒ ထားရန် ဦးမြင့်ဌေးက တိုက်တွန်း ပြောကြားသည်။

‘‘ပါတီက ပါတီအလုပ်ကို လုပ်၊ အစိုးရက အစိုးရအလုပ်ကို လုပ်၊ လွှတ်တော်က လွှတ်တော် အလုပ်ကိုလုပ်။ အဲဒီမှာ ကျွန် တော်တို့အားလုံးစုပေါင်းလုပ်ရ မယ့် အလုပ်တွေရှိတယ်။ ကိုယ့် အခန်းကဏ္ဍနဲ့ကိုယ်လုပ်ရင်ဘာ မှမဖြစ်ပါဘူး’’ ဟု ၎င်းကပြော သည်။အောက်တိုဘာ ၂၄ ရက်က ပြုလုပ်သည့် သတ္တမအကြိမ် မြောက်အစိုးရ၊လွှတ်တော်၊ပါတီ စုံညီတွေ့ဆုံပွဲတွင် ဗဟိုကော်မ တီက အစီရင်ခံစာဖတ်ကြားခြင်း၊ ၂၀၂၀ ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုများအစရှိသည် တို့ ဆွေးနွေးခဲ့သည်။

====================================

END / 251