အဗ်နာ ။ ။ မြန်မာနိုင်ငံလုံးဆိုင်ရာ ရှီအဟ် မွတ်စလင်မ် အဖွဲ့ချုပ် မှ ပြည်မြို့ ဆိုင်ရာ မိမိ အဖွဲ့ခွဲ နှင့် အမျိုးသမီးရေးရာ အဖွဲ့ခွဲ ဖွဲ့စည်းရေးအတွက် အစည်းအဝေး ကို ပြည် မြို့ ရှိ ကျောင်းကြီး ရှီအဟ် မတ်စ်ဂျစ်ဒ် မတ်စ်ဂျစ်ဒ် တွင် ၂၀၂၄ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့ ၊ တနင်္ဂနွေနေ့ ၊ နေ့လည် ၂ နာရီတွင် ပြုလုပ်ခဲ့ပါတယ်။

၁၆ ဒီဇင်ဘာ ၂၀၂၄ - ၁၂:၂၉
ပြည်ထောင်စု မြန်မာ နိုင်ငံ ပဲခူးတိုင်း ဒေသကြီး ၏ ပြည် မြို့ ရှိ  ကျောင်းကြီး  ရှီအဟ် မတ်စ်ဂျစ်ဒ် မတ်စ်ဂျစ်ဒ် တွင် ၂၀၂၄ခုနှစ်  ဒီဇင်ဘာလ  ၁၅ ရက်နေ့ ၊ တနင်္ဂနွေနေ့ ၊  နေ့လည် ၂ နာရီတွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ရှီအဟ် မွတ်စလင်မ် အဖွဲ့ချုပ်  နှင့် ပဲခူးတိုင်းဒေသကြီး  ပြည်မြို့ဆိုင်ရာ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့တို့ ကြီးမှုး၍ ပြည်မြို့ဆိုင်ရာ မြန်မာနိုင်ငံလုံးဆိုင်ရာ ရှီအဟ် မွတ်စလင်မ် အဖွဲ့ချုပ် ၏ အဖွဲ့ခွဲ နှင့် အမျိုးသမီးရေးရာ အဖွဲ့ခွဲ ဖွဲ့စည်းရေးအတွက် ပြည်မြို့ ဘာသာဝင်များ  နှင့် အစည်းအဝေး တစ်ရပ်ကို ကျင်းပခဲ့ပါတယ်။ပြီးနောက် အစည်းအဝေး တက်ရောက်လာသော ဘာသာဝင်များ၏ ဆန္ဒနှင့်အညီ ပြည်မြို့ဆိုင်ရာ အဖွဲ့ချုပ်၏ အဖွဲ့ခွဲ အလုပ်အမှုဆောင် အဖွဲ့နှင့် အမျိုးသမီးရေးရာအဖွဲ့တိုကို အောင်မြင်စွာ ဖွဲ့စည်းခဲ့ပါတယ်။Photos Credit -  The All Myanmar Shia Muslim Organization