ဟွတ်ဂျ်ဂျသိုလ်အစ္စလာမ် ဝလ်မွတ်စ်လေမီးန် ဆယက်ဒ် မိုဟမ္မဒ် သကီ မိုဟမ္မဒ်ဒီ ရှိက်ခ် သည် ရှရီအီ အဲဟ်ကာမ် ကျွမ်းကျင်သူဖြစ်ပြီး လမြတ် ရမ်ဒွါန် ၏ ရိုဇဟ် ၊ ကဇွာ ရိုဇဟ် နှင့် မွတ်စ်သဟဗ် ရိုဇဟ် ဆိုင်ရာ မေးခွန်းများကို ဖြေကြားခဲ့ပါတယ်။

၄ မတ် ၂၀၂၅ - ၁၇:၃၇

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Hawza News Agency ၏ အစီရင်ခံစာအရ ရမ်ဒွါန် လမြတ်အတွင်း  ရှရီအီအဲဟ်ကာမ် နှင့် မရာ‌ဂျေအ် တို့ အမြင် များပါရှိသော «  ရမ်ဒွါန် လမ်းညွှန်ချက် » ခေါင်းစဉ်အောက်တွင် ဝန်ဆောင်မှုကို နေ့စဉ် ဆောင်ရွက်ပေးနေကြောင်း ဖြစ် ပါတယ်။

နီယသ် ၏ အဲဟ်ကာမ်

ရိုဇဟ် ဆိုင်ရာ အဲဟ်ကာမ် တွင် အရေးကြီးသည့် မေးခွန်း တစ်ခု မှာ နီယသ် ပြုရမည့် အချိန် နှင့် ပတ်သက် ပြီး ဖြစ်ပါတယ်။ အခြေခံအားဖြင့် ရိုဇဟ် သုံးမျိုးသုံးစား ရှိပါတယ်။

(၁) လမြတ် ရမ်ဒွန် ၏ ဝါဂျစ်ဗ် ရိုဇဟ်

 (၂) ကဇွာ ရိုဇဟ်

 (၃) မွတ်စ်သဟဗ် ရိုဇဟ်

ရိုဇဟ် တိုင်း အတွက် နီယသ် ပြုရန် တိကျသည့် အချိန်  တစ်ခုရှိပါတယ်။ 

(၁) လမြတ် ရမ်ဒွန် ၏ ဝါဂျစ်ဗ် ရိုဇဟ်

လမြတ် ရမ်ဒွန် ၏ ဝါဂျစ်ဗ် ရိုဇဟ် အတွက် နီယသ်  အား ဖဂျ်ရ် မတိုင်ခင် ပြုရမည် ဖြစ်ပါတယ်။ ရှရီအီ အရွယ်ရောက်ပြီး သူ အနေဖြင့် ယေဘုယျ အား ဖြင့် လမြတ် ရမ်ဒွါန် တစ်လ လုံးအတွက်  နီယသ် ပြုနိုင်ပါတယ်။ သို့မဟုတ် နေ့စဉ်အတွက် သီးခြား နီယသ်  လည်း ပြုနိုင်ပါတယ်။ သို့သော် အခြေအနေ နှစ်ရပ် တွင် ခြွင်းချက် ရှိပါတယ်။

ပထမ ခြွင်းချက် - ခရီးသည် တစ်ဦး တစ်ယောက် အနေဖြင် တီဟီရန် မြို့ မှ မိမိ ၏ ဇာတိမြေ ကွမ်မြို့သို့ ပြန်လာ မည် ပြီးနောက်  နံနက် ၁၀ နာရီတွင် မိမိ ၏ မြို့သို့ ပြန်ရောက်လာမည်။ မိမိ ဇာတိ မြေ သို့ ပြန်ရောက်ပြီးနောက် ထို သူသည် ရိုဇဟ် ကို ပျက်ပြားစေသော မည်သည့်အရာကိုမျှ မလုပ်ခဲ့ပါက ထိုအချိန်တွင် သူသည် ရိုဇဟ်  ၏ နီယသ် ကို ပြုနိုင်မည် ဖြစ်ပြီး  ၎င်း ၏  ရိုဇဟ်ထားခြင်းသည်လည်း မှန်ကန်မည်ဖြစ်ပါတယ်။

ဒုတိယ ခြွင်းချက် - ဖျားနာ နေသူသည် နေ့အတွင်း တစ်နည်းအားဖြင့် ဇဟိုရ် မတိုင်မီ ပြန်လည်နေကောင်းလာ မည် ဆိုလျင် ထိုအချိန် နီယသ် ပြုပြီး ရိုဇဟ် ထားနိုင်ပါတယ်။ ထို သူသည် ရိုဇဟ် ကို ပျက်ပြားစေသော မည်သည့် အရာကိုမျှ မလုပ်ထားရန် လိုပါတယ်။

(၂) ကဇွာ ရိုဇဟ်

ကဇွာ ရိုဇဟ် အတွက် နီယသ်  အား ဖဂျ်ရ် ပြီးနောက်လည်း ပြုနိုင်ပါတယ်။ တစ်နည်းအားဖြင့် ရှရီအီ အရွယ် ရောက်ပြီး သူ အနေဖြင့်ရိုဇဟ် ကို ပျက်ပြားစေသော မည်သည့် အရာကိုမျှ မလုပ်ထား မည်ဆိုလျင် ဇဟိုရ် အချိန် မတိုင်ခင် နီယသ် ပြုနိုင်ပါတယ်။ ပြီးနောက် ၎င်း ၏ ရိုဇဟ် သည် မှန်ကန် မည် ဖြစ်ပါတယ်။

(၃) မွတ်စ်သဟဗ် ရိုဇဟ်

မွတ်စ်သဟဗ် ရိုဇဟ်    အတွက် နီယသ် ပြုချိန် မှာ အကျယ်ပြန့်ဆုံးဖြစ် ပါတယ်။ (အချိန်အရဆုံး ဖြစ်ပါတယ်။ ) ရှရီအီ အရွယ် ရောက်ပြီး သူ အနေဖြင့်ရိုဇဟ် ကို ပျက်ပြားစေသော မည်သည့် အရာကိုမျှ နေ့၏ ကုန်ဆုံးမည့် အချိန်အထိ မပြုရသေးလျင် နီယသ် ပြုနိုင်ပါတယ်။ ပြီးနောက် ထိုသူ၏ ရိုဇဟ် သည်လည်း မှန်ကန် မည် ဖြစ်ပါ တယ်။

အရေးကြီးပွိုင့်များ

*ကဇွာ ရိုဇဟ်ထားရန် ဝါဂျစ်ဗ် ဖြစ်သူများ အနေဖြင့်  မွတ်စ်သဟဗ် ရိုဇဟ် ၏ နီယသ် ပြု၍ မရချေ။

*အကယ်၍  လမြတ်ရမ်ဒွါန် ရောက်ဖို့ တစ်ရက် အလို  ရိုဇဟ် ကဇွာ ထားရန် ဝါဂျစ်ဗ် ဖြစ်သူ တစ်ဦး တစ်ယောက် အနေဖြင့် ပထမ ရိုဇဟ် ကဇွာ ကိုထားရမည် ဖြစ်ပါတယ်။

*အကယ်၍ တစ်ဦးတစ်ယောက် အပေါ် နမာဇ် ကဇွာ ဝါဂျစ်ဗ် ဖြစ်မည် ။ ပြီးနောက် လမြတ် ရမ်ဒွါန် ရောက်ရန် ရက်ပေါင်း များစွာ ကျန်နေသေးမည်ဆိုလျင်လည်း ပထမ ဆုံး ကဇွာ ရိုဇဟ် အား ထားရန် အရေးကြီးပါတယ်။ ပြီးမှ မွတ်စ်သဟဗ် ရိုဇဟ်  ထားရမည် ဖြစ်ပါတယ်။

.......................................................

END / 251

Tags

Your Comment

You are replying to: .
captcha