နီပေါငလျင်ကြောင့် ကျန်ရစ်တဲ့သူတွေကို ကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေ အကောင်းဆုံး လုပ်ဆောင်ခဲ့သလို လက်ရှိမှာအချိန်မှာတော့ ကျန်ရစ်သူတွေ မရှိတော့ဘူးလို့ ပြည်ထဲရေး ၀န်ကြီးဌာနက ပြောပါတယ်။

၂ မေ ၂၀၁၅ - ၁၉:၂၁

အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ

နီပေါငလျင်ကြောင့် ကျန်ရစ်တဲ့သူတွေကို ကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေ အကောင်းဆုံး လုပ်ဆောင်ခဲ့သလို လက်ရှိမှာအချိန်မှာတော့ ကျန်ရစ်သူတွေ မရှိတော့ဘူးလို့ ပြည်ထဲရေး ၀န်ကြီးဌာနက ပြောပါတယ်။

ပြင်းအား ၇.၉ ရှိတဲ့ ငလျင်ကြောင့် လက်ရှိ အချိန်အထိ သေဆုံးသူ ၆၆၂၁ ဦးရှိသွားပြီ ဖြစ်သလို ၁၄၀၂၁ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

ဥရောပသမဂ္ဂ နိုင်ငံတွေက လူ ၁၀၀၀ ပျောက်ဆုံးနေသလို ၁၂ ဦးက သေဆုံးတာကို အတည် ပြုနိုင်ခဲ့တယ်လို့ ဥရောပ သမဂ္ဂ ကိုယ်စားလှယ်က ပြောပါတယ်။ ပျောက်ဆုံးနေသူ အများစုကတော့ ခရီးသွားတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါအပြင် ဝေးလံခေါင်ဖျားဒေသက ထောင်နဲ့ ချီတဲ့ လူတွေရဲ့ ကံကြမ္မာကိုတော့ မသိရသေးသလို ရှာဖွေရေး လုပ်ငန်းတွေ လုပ်ဆောင်စဉ်မှာပဲ သေဆုံးသူ အရေအတွက်က မြင့်တက်လာတယ်လို့ ဆိုပါတယ်။

နီပေါ ငလျင် ဗဟိုချက်နားမှာ ကျရောက်ခဲ့တဲ့ အစွန်အဖျားက ကျေးရွာတွေမှာ ကပ်ဘေးအလွန် တပတ်နီးပါးအထိ အကူအညီတွေကို စောင့်ဆိုင်းနေရဆဲ ဖြစ်ပါတယ်။

ဂေါ်ခါဒေသကို သွားတဲ့ လမ်းတွေ အားလုံးနီးပါး ပျက်စီးနေတဲ့ အခြေအနေမှာ အကူအညီတွေ ပို့ပေးဖို့ အခက်ကြုံ နေရသလို ဒီ ဒေသထဲက ရွာတွေအားလုံး ကုန်းလမ်း ဆက်သွယ်ရေး ပြတ်တောက်နေပြီး လေကြောင်းကနေ အကူအညီတွေ ပို့တဲ့ နည်းလမ်းတခုပဲ ရှိတယ်လို့ ကုလသမဂ္ဂစားနပ်ရိက္ခာအဖွဲ့က ပြောပါတယ်။

ဒေသထဲက လမ်ဘက္ခာ ကျေးရွာမှာ အိမ်တိုင်းနီးပါးဟာ ငလျင်ဒဏ်ကြောင့် အပိုင်းပိုင်း ပြိုလဲခဲ့သလို ကပ်ဘေးကြုံရတဲ့ အခြေအနေဟာ အလွန်ဆိုးတယ်လို့ ရွာသားတွေက ပြန်ပြောပြကြပါတယ်။

လူသားချင်းစာနာမှုနဲ့နိုင်ငံတကာ အကူအညီကို နီပေါက ထပ်ခါတလဲလဲတောင်းဆိုနေသလို ထူထောင်ရေး လုပ်ငန်းအတွက် ဒေါ်လာ သန်း ၄၀၀ ကျော်လိုအပ်နေပါတယ်။ လူ ၃ သန်းက အစားအစာလိုအပ်နေသလို အိုးအိမ် ၁ သိန်းကျော် ပျက်စီးသွားပါတယ်။
---------------------------------
251 / End