အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် “State of the Union” မိန့်ခွန်းအတွင်း ဆန္ဒပြခဲ့သည့် ဒီမိုကရက်တစ် ကွန်ဂရက်အဖွဲ့ဝင် နှစ်ဦးဖြစ်သော အီလ်ဟန် အိုမာ နှင့် ရရှီဒါ တလီဘ်တို့ကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပြီး “သူတို့ လာခဲ့သည့် နေရာသို့ ပြန်ပို့သင့်သည်” ဟု ပြောကြားခဲ့ပါတယ်။

၂၆ ဖေဖော်ဝါရီ ၂၀၂၆ - ၁၉:၃၇

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Mehr သတင်းဌာန၏ အစီရင်ခံစာအရ ထရမ့်သည် မိမိအစိုးရ၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒနှင့် အရေး ယူဆောင်ရွက်မှုများ ကို ကာကွယ်ပြောဆိုနေစဉ် အိုမာနှင့် တလီဘ်တို့က “သင်သည် အမေရိကန်များကို သတ်ခဲ့ သည်” ဟု ကြွေးကြော်ဆန္ဒပြခဲ့ကြပါတယ်။

ထို့နောက် သမ္မတထရမ့်သည် မိမိ၏ လူမှုကွန်ယက်ပလက်ဖောင်း Truth Social တွင် ၎င်းတို့နှစ်ဦးကို “အကျင့်ပျက်နှင့် လာဘ်စား နိုင်ငံရေးသမားများ” ဟု ခေါ်ဆိုခဲ့ပြီး ၎င်းတို့၏ အပြုအမူမှာ မသင့်လျော်ကြောင်းနှင့် အမေရိကန်နိုင်ငံကို ထိခိုက်စေကြောင်း ပြောကြားခဲ့ပါတယ်။

မင်နီဆိုတာ ပြည်နယ်မှ ကွန်ဂရက်အဖွဲ့ဝင်ဖြစ်သော အီလ်ဟန် အိုမာက လူမှုကွန်ယက်ပေါ်တွင် တုံ့ပြန်ပြော ကြားရာ တွင် သမ္မတ၏ အုပ်ချုပ်ရေးမူဝါဒများကြောင့် မိမိ၏ မဲဆန္ဒနယ်မှ လူနှစ်ဦး သေဆုံးခဲ့ကြောင်း သတိပေးခဲ့ ခြင်းသာ ဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha