အဗ်နာ ။ ။ ကမ္ဘာလုံးဆိုင်ရာ ကွတ်ဒ်စ် နေ့အခမ်းအနားအဖြစ် အီရန်နိုင်ငံရှိ မြို့အများအပြားတွင် ပါလက်စတိုင်း ပြည်သူများ ကို ထောက်ခံသည့် ဆန္ဒပြပွဲများ ပြုလုပ်ခဲ့ကြပါတယ်။ ကွတ်ဒ်စ် နေ့အထိမ်း အမှတ်အဖြစ် ရမ်ဒွါန် လမြတ် ၏ နောက်ဆုံးသောကြာအပတ် တွင် အီရန်နိုင်ငံရှိ မြို့ကြီးများနှင့် မြို့ငယ်များ တစ်လျှောက် ဆန္ဒပြပွဲများ ထွက်ခဲ့ကြပါတယ်။မြို့တော် တီဟီရန် အပါအဝင် မြို့ကြီးများ ၊ မြို့ငယ်များနှင့် ရွာများတွင် ပြုလုပ်ခဲ့သော ဆန္ဒပြပွဲများတွင် အမျိုးသမီးများ၊ ကလေးများ အပါအဝင် လူမှုအဖွဲ့ အစည်း အလွှာမျိုးစုံမှ လူများ ပါဝင်ခဲ့ကြပါတယ်။
၁၃ မတ် ၂၀၂၆ - ၂၃:၅၇
News ID: 1791587
Your Comment