အဗ်နာ ။ ။ တမန်တော်မြတ်ကြီး မိုဟမ္မဒ် (ဆွ) မွေးနေ့ရက်မြတ် မင်္ဂလာ ကို ဂုဏ်ပြုသည့်အနေဖြင့် စည်းလုံး ညီညွတ်ရေးနှင့် တမန်တော်မြတ်ကြီး (ဆွ) ၏ ကိုယ်ကျင့်တရားများကို အလေးထားဆွေးနွေးသည့် “တတိယ အကြိမ် စည်းလုံးညီညွတ်ရေးစကားဝိုင်း” ကို မြန်မာရှီအဟ်မွတ်စလင်မ် သုတေသနနှင့် လေ့ကျင့် သင်ကြား ရေးစင်တာမှ ဦးဆောင်၍ ၂၀၂၆ ခုနှစ် စက်တင်ဘာလ ၃ ရက်နေ့တွင် ရန်ကုန်မြို့ရှိ မဂိုရှီအဟ်ဂျာမေအ် ဗလီကြီး၌ ကျင်းပခဲ့ပြီး၊ မြန်မာနိုင်ငံအတွင်းရှိ အစ္စလာမ်ဘာသာရေးအဖွဲ့အစည်းများ၊ ရှီအဟ်မွတ်စလင်မ်အဖွဲ့အစည်းများ၊ လူမှုကူညီရေးနှင့် ပညာရေးသုတေသနအဖွဲ့များမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါတယ်။ Photos Credit - Myanmar Shia Muslim Research and Training Center
၉ စက်တင်ဘာ ၂၀၂၆ - ၀၉:၄၄
News ID: 1863350
Your Comment