အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
သောကြာနေ့

၃၀ ဇွန် ၂၀၂၃

၁၉:၁၉:၁၄
1376195

ဆွီဒင်နိုင်ငံ တွင် ကုရ်ဘာနီ အီးဒ်နေ့ တွင် ဗလီ အပြင်ဘက်တွင် ကျမ်းတော်မြတ် ကုရ်အာန် အား စော်ကား မှု ဖြစ်ပွား

အစွန်းရောက် ဆွီဒင် နိုင်ငံ သား တစ်ဦး က ကုရ်ဘာနီ အီးဒ်နေ့ တွင်ဗလီ အပြင်ဘက်တွင် ဆွီဒင် အာဏာပိုင်တွေ၏ ထောက်ခံမှုနဲ့ လူ ၂၀၀ လောက်ရှေ့မှာ ကျမ်းမြတ်ကုရ်အာန်၏ စာမျက်နှာများကို ဆုတ်ဖြဲပြီးဘောလုံးပမာ ကန်ပြီး မီးရှို့ ပြီး စော်ကားမှုကို ပြုခဲ့ပါတယ်။ ဤ စော်ကား တိုက်ခိုက်မှုကို လူထုက ပြင်းပြင်း ထန်ထန် ကန့်ကွက်ခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၏ သတင်း အချက်အလက်များ အရ ကျမ်းတော် မြတ်ကုရ်အာန် အား စော်ကား သူ အစွန်းရောက် ဆွီဒင် နိုင်ငံ သား အား လူထု မှ အလ္လာဟ်ဟို အက္က်ဘဲရ် ဆိုသည့်  ညာသံ ပေး ပြီး ကန့်ကွက် မှုခဲ့ပြီး ၎င်း လူအုပ်ကြား မှ တစ်ဦးတစ်ယောက် မှ ထို အစွန်း‌ ရောက်အား  ကျောက်ခဲနဲ့ ပစ် ရန် ကြိုးစား ခဲ့ပေမဲ့ ရဲက ထိုလူကို ဖမ်းဆီး ခဲ့ပါတယ်။

ဆွီဒင် အဖြစ်အပျက်နဲ့ ပတ်သက်ပြီး မီဒီယာအချို့က မှားယွင်းဖော်ပြခဲ့ပါတယ်။

အခင်းဖြစ်ပွားပြီးတဲ့ နောက်မှာတော့ ကုရ်အာန်ကျမ်းတော်မြတ်ကို မီးရှို့ခဲ့သူကို လူမျိုးရေး တားမြစ်ထားတဲ့ ဥပဒေချိုးဖေါက်မှုဖြင့် ရဲတပ်ဖွဲ့က စွဲချက်တင်ထားခဲ့ပါတယ်။ ဒါပေမဲ့ အဖြစ်မှန်ကိုဖုံးကွယ် ထားပါတယ်။ အကြောင်း ကတော့ မီဒီယာ တွင် တွေ့မြင်နေရသည့် ရုပ်ပုံ များ နှင့် ဗီဒီယိုတွေမှာ အဲဒါနဲ့ ပတ်သက်ပြီး မိုက်ကိုင်ထားတဲ့ လူယုတ်မာ နှစ်ယောက်အနက် တစ်ယောက် မှာ ရဲတွေရှိနေလျက်  လူတွေရှေ့မှာ ကျမ်းတော်မြတ်ကုရ်အာန် အား စာမျက်နှာ များ ကို ဆုတ်ဖြဲပြီးဘောလုံးပမာ ကန်ပြီး မီးရှို့ ပြီး စော်ကားခဲ့ခြင်း  ဖြစ်ပါတယ်။ ကင်မရာများ ရှေ့တွင် ရဲတပ်ဖွဲ့၏ အကာအကွယ်အပြည့်ဖြင့် ဖြစ်ပွားခဲ့သော ဤ စော်ကား မှုသည် အလွန် ဒေါသထွက်စရာ လုပ်ရပ် ဖြစ်ပြီး ဆွီဒင် အာဏာပိုင်များ နှင့်  ရဲများသည် လည်း အလိုတူ အလိုပါများ ဖြစ်ကြောင်း သိရှိ ရပါတယ်။

အချို့ မီဒီယာ များသည် ဆွီဒင်ရဲတပ်ဖွဲ့၏ ဘက်လိုက်သောအပြုအမူနှင့် ကြီးလေးသောရာဇ၀တ်မှုများကို မီးမောင်းထိုးပြမည့်အစား အာရုံ စိုက်မှုကို လွဲ နိုင်အောင် ကြိုးစားနေကြပါတယ်။ ကျမ်းတော်မြတ်ကုရ်အာန် အား မီးရှို့စော်ကား ခြင်းကို မွတ်စလင်မ် များ အား သွေးဆူအောင် လုပ်သည့် လုပ်ရပ် တစ်ခု ဖြစ်ကြောင်း နိုင်ငံရေးရည်မှန်းချက်များ ပိုမိုအောင်မြင်ရန် အစီအမံတစ်ခုဖြစ်ကြောင်း တင်ပြရမည့် အစား  လွတ်လပ် စွာပြောဆိုခွင့် ဥပဒေဟု  မတရား ပြောဆို သတင်း လွှင့်နေကြပါတယ်။

****************************************************************

END / 251