အဗ်နာ ။ ။ဂါဇာကမ်းမြှောင်တောင်ဘက် ရဖ်ဟ် (Rafah) မြို့မှာနေထိုင်နေသည့် ပါလက်စတိုင်းများ ဟာ နဘ်ချဲ့ အစ္စရေး ၏ တိုက်ခိုက်မှုကြောင့် ရှဟီးဒ် ဖြစ်ခဲ့ရသည့် ဖါရွတ်ခ် ( Farooq) ဝတ်ကျောင်းတော် ၏ အပျက်အစီးတွေကြားမှာ သောကြာနေ့ဝတ်ပြုဆုတောင်းမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။
၂၈ ဧပြီ ၂၀၂၄ - ၁၃:၁၁
News ID: 1454726
နယ်ချဲ့ ဇီယွန်စစ်တပ်သည် လွန်ခဲ့သည့် ၂၄ နာရီအတွင်း ဂါဇာကမ်းမြောင်တွင် ပါလက်စတိုင်းများအပေါ် လူသတ်မှု ၄ မှုနှင့် အခြားရာဇ၀တ်မှုများကို ကျူးလွန်ခဲ့ကြောင်း ပါလက်စတိုင်းကျန်းမာရေးဝန်ကြီးဌာနက ကြေညာခဲ့ပါတယ်။ အဆိုပါ တိုက်ခိုက်မှုအတွင်း ပါလက်စတိုင်း ၃၂ ဦး သေဆုံးပြီး ၆၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။ ဂါဇာကို ဆန့်ကျင်တဲ့ စစ်ပွဲမှာ အာဇာနည် အရေအတွက် ၃၄၃၈၈ ဦးအထိ ရှိလာခဲ့ပြီး ဒဏ်ရာရသူ အရေအတွက်ဟာ အောက်တိုဘာ ၇ ရက်ကတည်းက ၇၇၄၃၇ ဦးအထိ ရှိခဲ့ပြီးဖြစ်ပါတယ်။
................................
END / 251