အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Maher News Agency မှ Al Jazeera ကို ကိုးကားဖော်ပြထားသည်မှာ ယီမင်စစ်တပ် ဘက်မှ စစ်လေယာဉ်များကို တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်ကာကွယ်ရေးဌာနက အတည်ပြုခဲ့ပါတယ်။
ပင်တဂွန်ပြောရေးဆိုခွင့်ရှိသူ Pete Ryder က အမေရိကန် စစ်သင်္ဘောများသည် ဗာဗိုလ်မန်ဒတ်ဗ် ရေလက်ကြားရှိ အန်ဆွာရိုလ္လာဟ် မှ ပစ်မှတ်များကို အကြီးစား ဒုံးကျည်များနှင့် ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့ကြောင်း သတင်းထောက်များအား ပြောကြားခဲ့ပါတယ်။
ဒီတိုက်ခိုက်မှုအသေးစိတ်အချက်အလက်တွေကို ဖော်ပြရာမှာ ဒီစစ်သင်္ဘောတွေကို အသေခံမောင်းသူမဲ့ လေယာဉ် ၈ စင်း၊ သင်္ဘောဖျက်ဒုံးကျည် ၅ စင်းနဲ့ သင်္ဘောဖျက်ခရုဇ်ဒုံးကျည် ၃ စင်းတို့က ပစ်မှတ်ထား တိုက်ခိုက်ခဲ့ ကြောင်း သို့သော်လည်း ကျွန်ုပ်တို့၏ စစ်သင်္ဘောများသည် ဤတိုက်ခိုက်မှုကို ခုခံကာကွယ်နိုင်ခဲ့ဟု Pete Ryder က ပြောပါတယ်။
တိုက်ခိုက်မှုအတွင်း အမေရိကန်ရေတပ်သင်္ဘောများ ထိခိုက်ပျက်စီးခြင်းမရှိကြောင်း ပင်တဂွန်စစ်ဌာနချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါတယ်။
ဗာဗိုလ်မန်ဒတ်ဗ် ရေလက်ကြား ရှိ အမေရိကန် စစ်သင်္ဘောများကို တိုက်ခိုက်ကြောင်း အစောပိုင်းတွင် အန်ဆွာရိုလ္လာဟ် က ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
ယီမင်၏ ခိုင်မာမှုအပေါ် အမေရိကန်က အဆက်မပြတ် ရန်လိုမှုနှင့် ဗုံးကြဲတိုက်ခိုက်မှုကို တုံ့ပြန်သည့်အနေဖြင့် ယခုတိုက်ခိုက်မှုကို တုံ့ပြန်ခြင်းဖြစ်သည်ဟု ကြေညာချက်တွင် ဖော်ပြထားပါတယ်။
မှတ်သားစရာ အချက်မှာ နယ်ချြ့ အစ္စရေး နှင့် ၎င်း၏ ဖခင် အမေရိကန် သည် မည်မျှပင် မိမိ စစ်သား၊ သေဆုံးပါစေ ၊ ပစ္စည်းများ ပျက်စီးပါစေ များသော်အားဖြင့် မိမိတို့ကာကွယ်နိုင်ခံကြောင်း ဘာမှ မဆုံးရှုံး ကြောင်း ပြောလေ့ရှိပါတယ်။ မိမိတို့၏ အားနည်းချက် များ ဆုံးရှုံးမှုများကို မီဒီယာ တွင် အတင်မခံသည်ကား များပေသည်။
.......................................................
END / 251