-
လက်ရှိတွင် အမေရိကန်တာဝန်ရှိသူများနှင့် တွေ့ဆုံရန် အစီအစဉ်မရှိ / ဆယက်ဒ် အဘာစ် အီရတ်က်ကျီ
အီရန်နိုင်ငံခြားရေးဝန်ကြီး ဆယက်ဒ် အဘာစ် အီရတ်က်ကျီ က အမေရိကန်ဒုတိယသမ္မတ ဂျေဒီ ဗန့်စ်၏ သတင်းစကားကို အလေးအနက် ဆန်းစစ်လေ့လာခဲ့ပြီး အဆင့်မြင့်အစည်းအဝေးများတွင် ဆွေးနွေးခဲ့ကြောင်း ပြောကြားခဲ့သလို လက်ရှိအချိန်၌ အမေရိကန်တာဝန်ရှိသူများနှင့် တွေ့ဆုံရန် အစီအစဉ်မရှိကြောင်း အတည်ပြုပြောဆိုခဲ့ပါတယ်။
-
ရန်ကုန်မြို့ နေ မိုအ်မေနာများ မှ ညောင်လေးပင် မြို့ ရှိ မိသားစု အေမာမ်ဘာရာ တွင် ရှဟာဒသ် ဟဇရသ် ဇဲဟ်ရာ (စ.အ) မဂျ်လစ်များ ကျင်းပ ။ ။ Photos
အဗ်နာ ။ ။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ၊ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ညောင်လေးပင်မြို့၌ ရန်ကုန်မြို့မှ မိုအ်မေနာများက မိသားစု အေမာမ်ဘာရာတွင် ရှဟာဒသ် ဟဇရသ် ဇဲဟ်ရာ (စ.အ) အထိမ်းအမှတ် မဂျ်လစ်များ ကို ကျင်းပပြုလုပ်ခဲ့ကြပါတယ်။အဆိုပါ မဂျ်လစ် များကျင်းပပြုလုပ်ခဲ့သည့် မြင်ကွင်းပုံရိပ်အချို့ကို ဓာတ်ပုံမှတ်တမ်းအဖြစ် ဖော်ပြအပ်ပါတယ်။ Photos Credit - Shwe Mar
-
ထရမ့်သည် အမေရိကန်သမိုင်းတစ်လျှောက် အဂတိလိုက်စားမှုအများဆုံး သမ္မတဖြစ် / ခရစ်မာဖီ
အမေရိကန် ဒီမိုကရက်တစ်ပါတီ အထက်လွှတ်တော်အမတ် ခရစ်မာဖီက သမ္မတ ဒေါ်နယ်ထရမ့်သည် အမေရိကန်သမိုင်းတစ်လျှောက် အဂတိလိုက်စားမှုအများဆုံး သမ္မတဖြစ်ကြောင်း ပြောကြားခဲ့ပြီး ၎င်းနှင့် ယှဉ်နိုင်သည့် အခြားသမ္မတမရှိကြောင်း ဝေဖန်ပြောဆိုခဲ့ပါတယ်။
-
အဏုမြူဗုံးထုတ်လုပ်ရေးသည် အီရန်အတွက် ကစားစရာတစ်ခုလို လွယ်ကူကြောင်း ဂျဝါဒ် လာရီဂျာနီပြောကြား
အီရန် နိုင်ငံရေးအရာရှိ လည်းဖြစ် သင်္ချာပညာရှင် တစ်ပါးလည်း ဖြစ်သည့် မိုဟမ္မဒ် ဂျဝါဒ် လာရီဂျာနီက အဏုမြူဗုံးထုတ်လုပ်နိုင်စွမ်းသည် အီရန်အတွက် အခက်အခဲမရှိကြောင်း ပြောကြားခဲ့ပြီး နျူကလီးယားလုပ်ငန်းနယ်ပယ်တွင် ပါကစ္စတန်၊ အိန္ဒိယနှင့် အစ္စရေးတို့ထက်ပင် ရှေ့ရောက်နေကြောင်း ဂုဏ်ယူ ပြောဆိုခဲ့ပါတယ်။
-
တော်လှန်ရေးခေါင်းဆောင်ကြီး ၏ အဆင့်မြင့်စစ်ဘက်ကွပ်ကဲရေးမှူးများအား အရေးကြီးညွှန်ကြားချက်များ
အစ္စလာမ်မစ် တော်လှန်ရေးခေါင်းဆောင်ကြီး (ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ) သည် အဆင့်မြင့်စစ်ဘက်ကွပ်ကဲရေးမှူးများ နှင့် တွေ့ဆုံစဉ် ရန်သူ၏ ခြိမ်းခြောက်မှုတိုင်းကို ချက်ချင်းတုံ့ပြန်ရန်နှင့် ပထဝီဝင်နယ်နိမိတ် ကန့်သတ်ချက်မရှိဘဲ တုံ့ပြန်ဆောင်ရွက်ရန် အလေးအနက် တိုက်တွန်းမိန့်ကြားခဲ့ပါတယ်။
-
အစ္စလာမ်နှင့် ခရစ်ယာန် အမျိုးသမီးသုတေသီများ ပူးတွဲစာအုပ်ထုတ်ဝေ
အစ္စလာမ်နှင့် ခရစ်ယာန်ဘာသာဝင် အမျိုးသမီးသုတေသီ ၇ ဦး ပူးပေါင်းရေးသားထားသည့် «မြင့်မြတ်သော ပဋိညာဉ်၊ အစ္စလာမ်နှင့် ခရစ်ယာန်ဘာသာတွင် မိသားစုကျင့်ဝတ်ဆိုင်ရာ လေ့လာချက်များ» (A Sacred Covenant: Essays on Family Ethics in Islam and Christianity) စာအုပ်ကို ထုတ်ဝေခဲ့ပြီး အမေရိကန်၊ ဥရောပနှင့် ဩစတြေးလျနိုင်ငံတို့၏ စာအုပ်ဈေးကွက်များသို့ ဖြန့်ချိခဲ့ပါတယ်။
-
အီရန်နှင့် အာဖရိကနိုင်ငံများအကြား ကုန်သွယ်မှုပမာဏ ၆၆ ရာခိုင်နှုန်း မြင့်တက်လာ
အီရန်နိုင်ငံ၏ စိုက်ပျိုးရေးဝန်ကြီးက ယခုအီရန်နှစ်၏ ပထမခြောက်လတာကာလအတွင်း အီရန်နှင့် တောင်အာဖရိကနိုင်ငံတို့အကြား ကုန်သွယ်ဖလှယ်မှုတန်ဖိုးသည် ၆၆ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။
-
အီရန် စစ်သေနာပတိချုပ်က လက်နက်ကိုင်တပ်ဖွဲ့များအား နယ်မြေကန့်သတ်ချက်မရှိ တုံ့ပြန်ရန် အမိန့်ထုတ်ပြန်
အဗ်နာ ။ ။ အီရန်နိုင်ငံ၏ စစ်သေနာပတိချုပ် (ဟဇရသ် အာယာသွလ္လာဟ် ဆယက်ဒ် မွတ်ဂျ်သဗါ ဟိုစိုင်းန်နီ ခါမေနာအီ ) သည် လက်နက်ကိုင်တပ်ဖွဲ့များ၏ အဆင့်မြင့်တပ်မှူးများအား မည်သည့်အဆင့်အတန်းနှင့် ပုံစံမျိုးရှိသော ခြိမ်းခြောက်မှုကိုမဆို ပထဝီဝင်နယ်မြေ ကန့်သတ်ချက်မရှိဘဲ ချက်ချင်းလက်ငင်းနှင့် ထိရောက်ပြင်းထန်စွာ တုံ့ပြန်ရင်ဆိုင်သွားရန် အမိန့်ညွှန်ကြားထားကြောင်း သိရပါတယ်။
-
အီရတ်မျိုးနွယ်စုခေါင်းဆောင်များကို မရှ်ဟဒ်မြို့ရှိ ရှဟီးဒ် ဟာရှီမီနေဂျာဒ် လေဆိပ်တွင် ကြိုဆို ။ ။ Photos
အဗ်နာ ။ ။ အီရတ်မျိုးနွယ်စုခေါင်းဆောင်များအား ကြိုဆိုသည့် အခမ်းအနားကို ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၂၈ ရက်၊ ဗုဒ္ဓဟူးနေ့ညတွင် အီရန်နိုင်ငံ၊ မရှ်ဟဒ်မြို့ရှိ ရှဟီးဒ် ဟာရှီမီနေဂျာဒ် လေဆိပ်၌ ကျင်းပခဲ့ပါတယ်။ဤအခမ်းအနားသို့ ကွဒ်စ် ရဇဝီ ဂေါပကအဖွဲ့၏ ဒုတိယဥက္ကဋ္ဌ မွတ်စ်သဖွာ ဖိုင်ဇီး ၊ ပြည်နယ်အုပ်ချုပ်ရေးမှူး ဂိုလာန်မ် ဟိုစိုင်းန် မိုဇဖာရီ၊ ဒေသဆိုင်ရာတာဝန်ရှိသူများနှင့် အေမာမ် ရေဇာ (အ.စ) ၏ ရောင်ခြည်တော်ဆောင်တွင် တာဝန်ထမ်းဆောင်နေသူများ တက်ရောက်ခဲ့ကြပါတယ်။
-
အဲဟ်မဒ် မိုဟမ္မဒ် နေဂျာဒ် ဂျဝါန် ကမ္ဘာ့ချန်ပီယံဖြစ်လာ၊ အိုလံပစ်ချန်ပီယံကို ဗိုလ်လုပွဲတွင် အပြတ်အသတ် အနိုင်ယူ
အီရန်နပန်းသမား အဲဟ်မဒ် မိုဟမ္မဒ် နေဂျာဒ် ဂျဝါန် သည် ကမ္ဘာ့ချန်ပီယံနှင့် အိုလံပစ်ချန်ပီယံ ရုရှားနပန်းသမား ဇော်အာ အိုဂူယက်ဗ်ကို ဗိုလ်လုပွဲတွင် ၉-၂ မှတ်ဖြင့် အပြတ်အသတ် အနိုင်ယူကာ ၆၁ ကီလိုဂရမ်တန်း အလွတ်တန်းနပန်းပြိုင်ပွဲ၏ ကမ္ဘာ့ရွှေတံဆိပ်ကို ဆွတ်ခူးရရှိခဲ့ပါတယ်။ ထို့အပြင် အိုဂူယက်ဗ်၏ ဗိုလ်လုပွဲများတွင် ရှုံးပွဲမရှိသည့် စံချိန်ကိုလည်း အဆုံးသတ်နိုင်ခဲ့ပါတယ်။
-
အီရန်ကို ခြိမ်းခြောက်နေမှုများ ရပ်တန့်ရန် အမေရိကန်နှင့် အစ္စရေးကို အိုမန်နိုင်ငံခြားရေးဝန်ကြီး တောင်းဆို
အိုမန်နိုင်ငံခြားရေးဝန်ကြီး ဆယက်ဒ် ဗဒ်ရိုလ် ဘူစအီဒီ က ဒေသတွင်း၌ နောက်ထပ် စစ်ရေး အသစ်တစ်ခုခု ပြုလုပ်လာပါက ဆိုးရွားသော အကျိုးဆက်များ ဖြစ်ပေါ်လာနိုင်ကြောင်း သတိပေးခဲ့ပြီး ပါရှန်ပင်လယ်ကွေ့၏ လုံခြုံရေးတာဝန်ကို ဒေသတွင်းနိုင်ငံများက ကိုယ်တိုင်တာဝန်ယူသင့်ကြောင်း ပြောကြားခဲ့ပါတယ်။
-
ဥရောပ ဗဟိုဘဏ် ဥက္ကဋ္ဌ ခရစ္စတင်း လာဂါ့ဒ် သက်တမ်းမကုန်ဆုံးမီ ရာထူးမှ နုတ်ထွက်မည်
ဥရောပဗဟိုဘဏ် (ECB) ဥက္ကဋ္ဌ ခရစ္စတင်း လာဂါ့ဒ် သည် ၎င်း၏ ရာထူးသက်တမ်းမကုန်ဆုံးမီ ၂၀၂၇ ခုနှစ် ဖေဖော်ဝါရီ ၇ ရက်တွင် ရာထူးမှ နုတ်ထွက်မည်ဖြစ်ကြောင်း အောက်တိုဘာ ၂၉ ရက်တွင် ကြေညာခဲ့ပါတယ်။ ယင်းဆုံးဖြတ်ချက်သည် ငွေကြေးမူဝါဒဆိုင်ရာ ကိစ္စရပ်များအပြင် အခြားသော ကမ္ဘာ့ရေးရာများကိုပါ ပိုမိုလွတ်လပ်စွာ ထုတ်ဖော်ပြောဆိုနိုင်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့ပါတယ်။
-
ဟော်မုဇ် ရေလက်ကြား မှ ရေနံသယ်ယူပို့ဆောင်ရန် အမေရိကန်နှင့် ယူအေအီးတို့၏ စစ်ဆင်ရေး အကျပ်အတည်းနှင့် ရင်ဆိုင်ရ
ယူအေအီးနိုင်ငံက စီမံရေးဆွဲပြီး အမေရိကန်က ပူးပေါင်းပါဝင်ခဲ့သည့် ဟော်မုဇ်ရေလက်ကြားမှတစ်ဆင့် ရေနံတင်ပို့နိုင်ရေး ရည်ရွယ်သော “စူပါကလပ်စတာ” (Supercluster) စစ်ဆင်ရေးမှာ မအောင်မြင်ဘဲ အကျပ်အတည်းနှင့် ရင်ဆိုင်နေရကြောင်း HFI အဖွဲ့အစည်း၏ ထုတ်ပြန်ချက်ကို ကိုးကား၍ သိရပါတယ်။
-
မကြာမီ ဤကဲ့သို့ ဖြစ်လာတော့ မည် ... အင်န်ရှာအလ္လာဟ် ... ။ ။ video
အဗ်နာ ။ ။ ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် ဆယက်ဒ် မွတ်ဂျ်သဗါ ဟိုစိုင်းန်နီ ခါမေနာအီ အား ဗီဒီယို တွင် တွေ့ရသည့် အတိုင်း မကြာမီ တွေ့ရမည် ဖြစ်ပါတယ်။ နောက်ကိုယ်ရှာမတွေ့တိုင်း သေသွားလို့ ၊ ဒဏ်ရာ ရနေလို့ ဆိုပြီး ကမ္ဘာကို အမှောင်ချနေသူများ ရှိပါတယ်။ အကယ်၍ အာယာသွလ္လာဟ် ဆယက်ဒ် မွတ်ဂျ်သဗါ ဟိုစိုင်းန်နီ ခါမေနာအီ သာ သူတို့ ပြောသလို ဖြစ်သွားလျင် အမေရိကန် ၊ အစ္စရေး နှင့် မဟာမိတ်များသည် အခု ကဲ့သို့ မအီမသာ ဖြစ်နေမည် မဟုတ်ချေ။
-
ပြီးခဲ့သည့် ၂၄ နာရီအတွင်း အီရန်နိုင်ငံမှ ကောလာဟလသတင်းများကို ဖော်ထုတ်တင်ပြခြင်း
ပြီးခဲ့သည့် ၂၄ နာရီအတွင်း အီရန်နိုင်ငံနှင့်ပတ်သက်၍ လူမှုကွန်ရက်များနှင့် သတင်းမီဒီယာများတွင် ပျံ့နှံ့ထွက်ပေါ်လာခဲ့သည့် သတင်းအချက်အလက်များအနက် ကောလာဟလများနှင့် အတည်မပြုနိုင်သေးသော ပြောဆိုချက်များကို သက်ဆိုင်ရာဘက်များ၏ ရှင်းလင်းချက်များနှင့်အတူ စုစည်းဖော်ပြလိုက်ပါတယ်။
-
မက္ကဟ် မြို့ပေါ်တွင် ဒရုန်းတစ်စင်းကို ကြားဖြတ်ပစ်ချခဲ့သည်ဆိုသော ဆော်ဒီ၏ ပြောဆိုချက်ကို ယီမင်စစ်တပ် ပယ်ချ
ယီမင်စစ်တပ်၏ ပြောရေးဆိုခွင့်ရှိသူက မက္ကဟ် မြို့၏ လေပိုင်နက်အတွင်း ယီမင်ဒရုန်းတစ်စင်းကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့သည်ဆိုသော ဆော်ဒီအာရေဗျ၏ ပြောဆိုချက်သည် အခြေအမြစ်မရှိကြောင်း ပြောကြားကာ ပယ်ချခဲ့ပါတယ်။
-
ကာတာကိုယ်စားလှယ်အဖွဲ့ တီဟီရန်မြို့သို့ လာရောက်ခြင်း
ကာတာနိုင်ငံမှ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့သည် အီရန်အာဏာပိုင်များနှင့် တွေ့ဆုံဆွေးနွေးရန် တီဟီရန်မြို့သို့ ရောက်ရှိလာခဲ့ကြောင်း သိရပါတယ်။
-
ပြည် မြို့ ကျောင်းကြီး ရှီအဟ် မတ်စ်ဂျစ်ဒ် တွင် ယနေ့ သခင်မကြီး ဇဲဟ်ရာ (စ.အ) အတွက် ပြုလုပ် သည့် မဂျ်လစ် မြင်ကွင်း ။ ။ Photos
အဗ်နာ ။ ။ ပြည်ထောင်စု မြန်မာ နိုင်ငံ ၏ ပြည် မြို့ ကျောင်းကြီး ရှီအဟ် မတ်စ်ဂျစ်ဒ် တွင် အ သခင်မကြီး ဇဲဟ်ရာ (စ.အ) အတွက် ယနေ့ အောက်တိုဘာလ ၃၀ ရက်နေ့ ၂၀၂၆ ခုနှစ် တွင် ပြုလုပ် သည့် မဂျ်လစ် မြင်ကွင်း အချို့ ဖြစ်ပါတယ်။ Photos Credit - ကျောင်းကြီးရှီအာမက္စဂျိဒ် ပြည်
-
အီရန်၏ တိုက်ခိုက်မှုများကြောင့် အမေရိကန်စစ်စခန်းများ ထိခိုက်ပျက်စီးခဲ့သည့် ဓာတ်ပုံအသစ်များ ထုတ်ပြန်
အမေရိကန်မီဒီယာတစ်ခုက အရှေ့အလယ်ပိုင်းဒေသရှိ အမေရိကန်စစ်စခန်းများကို အီရန်၏ တိုက်ခိုက်မှုများကြောင့် ပိုမိုပြင်းထန်စွာ ထိခိုက်ပျက်စီးခဲ့ကြောင်း ဖော်ပြသည့် ဓာတ်ပုံအသစ်များကို ရရှိထားကြောင်း ကြေညာခဲ့သည်။
-
မြန်မာကိုယ်စားလှယ်များ ကမ္ဘောဒီးယားနိုင်ငံ၌ ကျင်းပသည့် စတုတ္ထအကြိမ်မြောက် အာဆီယံနိုင်ငံများ အစ္စလာမ့်ညီလာခံသို့ ပါဝင်တက်ရောက် ။ ။ Photos
အဗ်နာ ။ ။ ဆော်ဒီအာရေဗျနိုင်ငံ ဒအ်ဝဟ်နှင့် အစ္စလာမ့်ရေးရာဝန်ကြီးဌာန၏ ကြီးမှူးမှုဖြင့် ကမ္ဘောဒီးယားနိုင်ငံ၊ ပနွမ်းပင်မြို့၌ ၂၀၂၆ ခုနှစ် အောက်တိုဘာ ၅ ရက်မှ ၆ ရက်အထိ “အကောင်းဆုံး လူသားမျိုးနွယ် (အွန်မ္မဟ်)” ခေါင်းစဉ်ဖြင့် ကျင်းပခဲ့သည့် စတုတ္ထအကြိမ်မြောက် အာဆီယံနိုင်ငံများ ညီလာခံတွင် မြန်မာနိုင်ငံကိုယ်စားလှယ်များ ပါဝင်တက်ရောက်ကာ အစ္စလာမ့်မဇ္ဈိမပဋိပဒါလမ်းစဉ်၊ ကျင့်ဝတ်သိက္ခာ၊ အပြုအမူနှင့် ဒေသတွင်း မွတ်စလင်မ်လူနည်းစုများ၏ စိန်ခေါ်မှုများအပါအဝင် သက်ဆိုင်ရာကဏ္ဍများကို ဆွေးနွေးတင်ပြခဲ့ကြပါတယ်။ ညီလာခံသို့ အာဆီယံနိုင်ငံများနှင့် ဆော်ဒီအာရေဗျနိုင်ငံတို့မှ ဘာသာရေးခေါင်းဆောင်များ၊ ပညာရှင်များ နှင့် ကိုယ်စားလှယ် စုစုပေါင်း ၁၃၀ ခန့် တက်ရောက်ခဲ့ကြပါတယ်။ Photos Credit - Dr. Tin Aung Myint - Asad
-
ဒမတ်စကတ်နှင့် ဘဂ္ဂဒက် ဆက်ဆံရေးနီးကပ်လာမှုအပေါ် လုံခြုံရေးနှင့် ဂိုဏ်းဂဏကွဲပြားမှုဆိုင်ရာ အတားအဆီးများ ရှိနေဆဲ
အီရတ်ဝန်ကြီးချုပ် အလီ အယ်လ်ဇိုင်ဒီ၏ ဆီးရီးယားနိုင်ငံ ဒမတ်စကတ်မြို့သို့ ခရီးစဉ်နှင့် ဆီးရီးယားအုပ်ချုပ်ရေးခေါင်းဆောင် အဲဟ်မဒ် အရှ်ရှရအ် (အဘူမိုဟမ္မဒ်အလ်ဂျောင်လာနီ)၏ နွေးထွေးစွာ ကြိုဆိုမှုတို့သည် နှစ်နိုင်ငံဆက်ဆံရေး ပိုမိုတိုးတက်လာစေရန် ကြိုးပမ်းနေမှုကို ဖော်ပြနေပါတယ်။ သို့သော် လုံခြုံရေးဆိုင်ရာ ပြဿနာများ၊ ဘာသာရေးဂိုဏ်းဂဏဆိုင်ရာ သဘောထားကွဲလွဲမှုများနှင့် နိုင်ငံရေးအတားအဆီးများက နှစ်နိုင်ငံနီးကပ်ရေးလမ်းကြောင်းကို ဆက်လက်အဟန့်အတား ဖြစ်စေလျက်ရှိပါတယ်။
-
နေတန်ယာဟု နှင့် ၎င်း၏ အပေါင်းအပါများ ၏ အခြေအနေ ။ ။ video
အဗ်နာ ။ ။ ရွေးကောက်ပွဲကြောင့် နေတန်ယာဟု နှင့် ၎င်း၏ အပေါင်းအပါများ ၏ လက်ရှိ အခြေအနေ ကို အေအိုင် က ပီပြင်စွာ ဖော်ပြထားတာဖြစ်ပါတယ်။
-
ယီမင်နိုင်ငံတွင် လူပေါင်း ၁,၅၀၀ ကျော် သေဆုံးခဲ့ပြီဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ပြောကြား
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ယီမင်နိုင်ငံတွင် မကြာသေးမီက ဖြစ်ပွားခဲ့သော စစ်ရေးပဋိပက္ခများအတွင်း ယခုအချိန်အထိ လူပေါင်း ၁,၆၇၇ ဦး သေဆုံးခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။
-
ဒီနှစ်ရဲ့ အလှဆုံးမြင်ကွင်း/ အေမာမ် ရေဇာ (အ.စ) ၏ ရောင်ဇာတော်မြတ် ရင်ခွင်မှာ ရှာတွေ့ခဲ့တဲ့ ငြိမ်းချမ်းမှု ။ ။ Photos
အဗ်နာ ။ ။ လောကရဲ့ စိုးရိမ်ပူပန်မှုတွေနဲ့ ပင်ပန်းနွမ်းနယ်မှုတွေကို ခဏတာမေ့လျော့ရင်း အေမာမ် ရေဇာ (အ.စ) ၏ ရောင်ဇာတော် မြတ် ရင်ခွင်တော် အတွင်း ခေါင်းချ အိပ်ပျော်နေသူတစ်ဦး၏ ပုံဖြစ်ပါတယ်။ သူ့ရဲ့အိပ်စက်ခြင်းဟာ ပင်ပန်းနွမ်းနယ်မှုတစ်ခုရဲ့ အဆုံးသတ်သာမက စိတ်နှလုံးသားအတွက် ငြိမ်းချမ်းမှု၊ လုံခြုံမှုနဲ့ အေးချမ်းတည်ငြိမ်မှုတို့ကို ရှာဖွေတွေ့ရှိခဲ့တဲ့ ခဏတာလေးတစ်ခုလည်း ဖြစ်ပါတယ်။
-
ဖတ်သလောင် ခရိုင်ရှိ ပုဂ္ဂလိကကျောင်းများတွင် အစ္စလာမ်ဘာသာရေး သင်ရိုးညွှန်းတမ်း အကောင်အထည်ဖော်ရေး လက်တွေ့ဆွေးနွေးပွဲ ကျင်းပ ။ ။ Photos
အဗ်နာ ။ ။ ထိုင်းနိုင်ငံ၊ ဖတ်သလောင် ခရိုင်ရှိ ပုဂ္ဂလိကကျောင်းများတွင် အစ္စလာမ်ဘာသာရေး သင်ရိုးညွှန်းတမ်းကို အခြေခံပညာရေးစနစ်နှင့် ပေါင်းစပ်အကောင်အထည်ဖော်နိုင်ရေးအတွက် လက်တွေ့လေ့ကျင့်ရေးအစီအစဉ်ကို ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၂၉ ရက်တွင် ကျင်းပခဲ့ပြီး စွန်နီ နှင့် ရှီအဟ် ဂိုဏ်းနှစ်ခုစလုံးအတွက် တူညီသော ဘာသာရေးအကြောင်းအရာများကို အလေးထားသည့် သင်ရိုးညွှန်းတမ်း ရေးဆွဲရေးနှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြပါတယ်။ Photos Credit - Ansor Lempan
-
တောင်ပိုင်း ကေရ်မန် ဒေသတွင် ဆောင်းဦးရာသီ၏ ပထမဆုံးနှင်းကျ ။ ။ video
အဗ်နာ ။ ။ အီရန်နိုင်ငံ တောင်ပိုင်း ကေရ် မန်ဒေသရှိ ဂျီရော့ဖ် ၊ ဆာဒူယီယေ လမ်းပိုင်းနှင့် ဆာဘီဂျန် တောင်ကြားလမ်းတို့တွင် ဆောင်းဦးရာသီ၏ ပထမဆုံးနှင်းများ ကျဆင်းခဲ့ပြီး လမ်းများကို နှင်းဖြူများ ဖုံးလွှမ်းသွားခဲ့ပါတယ်။
-
အီရတ်ဝန်ကြီးချုပ်က ဆယက်ဒါ ဇိုင်နဗ် (စ.အ) ၏ ရောင်ဇာတော် မြတ် သို့လာရောက် ဇေယာရသ် ပြု ပြီးနောက် ဒေါ်လာ ၅ သန်း လှူဒါန်း ။ ။ Photos
အဗ်နာ ။ ။ အီရတ်ဝန်ကြီးချုပ် အလီ ဖာလိဟ် အယ်လ်ဇိုင်ဒီ သည် ဆီးရီးယားနိုင်ငံ၊ ဒမတ်စကတ်မြို့ရှိ ဟဇရသ် ဆယက်ဒါ ဇိုင်နဗ် (စ.အ) ၏ ရောင်ဇာတော် မြတ် သို့ သွားရောက်ဇေယာရသ် ပြု စဉ် မိမိ၏ ကိုယ်ပိုင်ငွေကြေးမှ အမေရိကန်ဒေါ်လာ ၁၀ သန်း လှူဒါန်းခဲ့ပြီး၊ ယင်းအနက် ဒေါ်လာ ၅ သန်းကို ရောင်ဇာ တော်၏ လိုအပ်ချက်များအတွက် သတ်မှတ်လှူဒါန်းခဲ့ပါတယ်။
-
“လက်ဘနွန် မြေလွတ်မြောက်ရေးအတွက် ကြံ့ကြံ့ခံ ခုခံမှုသာ တစ်ခုတည်းသောလမ်းဖြစ်သည်”ဟု ဟစ်ဇ်ဘိုလာခေါင်းဆောင် ပြောကြား
လက်ဘနွန် မြေလွတ်မြောက်ရေးအတွက် ကြံ့ကြံ့ခံ ခုခံမှုသာ တစ်ခုတည်းသောလမ်းဖြစ်သည်”ဟု ဟစ်ဇ်ဘိုလာခေါင်းဆောင် H.I ရှိက်ခ် နအီးမ် ကာစင်မ် က ပြောကြား ခဲ့ပါတယ်။
-
အမေရိကန် စစ်သင်္ဘောများကို ဆန့်ကျင်၍ အောင်မြင်သော စစ်ဆင်ရေး ၂၀ ကျော် လုပ်ဆောင်ခဲ့ဟု အီရန်ရေတပ် ဒုတိယတပ်မှူး ပြောကြား
အီရန်ရေတပ် ဒုတိယတပ်မှူး ရေတပ် ဗိုလ်ချုပ် ဂျလီလ် မိုကဒမ်က ရက်ပေါင်း ၄၀ ကြာ စစ်ပွဲအတွင်း အမေရိကန်၏ စစ်သင်္ဘောများကို ဆန့်ကျင်သည့် အောင်မြင်သော စစ်ဆင်ရေး ၂၀ ကျော်ကို အီရန်ရေတပ်က လုပ်ဆောင်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။
-
အာယာသွလ္လာဟ်ရှိက်ခ်ဟိုစိုင်းန်အဗ်ဒိုလ္လာဟ်မုအ်သူက်မဂျ်မအ်အေဂျဟာနီအဲဟ်လေ့ဘိုက် (သ) (အ.စ) ၏ အထွေထွေ အတွင်းရေးမှူးချုပ် နှင့် တွေ့ဆုံခြင်း။ ။ Photos
အဗ်နာ ။ ။ မဂျ်မအ်အေ ဂျဟာနီ အဲဟ်လေ့ဘိုက် (သ) (အ.စ) ၏ အဆင့်မြင့်ကောင်စီဝင် ဖြစ်သူကူဝိတ်နိုင်ငံသား အာယာသွလ္လာဟ် ရှိက်ခ် ဟိုစိုင်းန် အဗ်ဒိုလ္လာဟ် မုအ်သူက် သည် အဆိုပါညီလာခံ၏ အထွေထွေအတွင်းရေးမှူးချုပ် အထွေထွေ အတွင်းရေးမှူးချုပ် အာယာသွလ္လာဟ် ရေဇာရမ်ဒွါန်နီ နှင့် အီရန်နိုင်ငံ ၊ ကွမ်းမြို့တွင် တွေ့ဆုံခဲ့ပါတယ်။ ထိုတွေ့ဆုံမှုတွင် ကူဝိတ်နိုင်ငံရှိ ရှီအဟ် မွတ်စလင်မ် များနှင့် ဘာသာရေးတက်ကြွလှုပ်ရှားသူများအပေါ် ကူဝိတ်အာဏာပိုင်များ ချမှတ်ခဲ့သည့် စီရင်ချက်များ၏ နောက်ဆက်တွဲအကျိုးဆက်များနှင့် အကျိုးသက်ရောက်မှုများကို ဆွေးနွေးခဲ့ကြပါတယ်။ မကြာသေးမီက ကူဝိတ်နိုင်ငံ၏ ရာဇဝတ်မှုဆိုင်ရာတရားရုံးသည် အခြေအမြစ်မရှိသော စွပ်စွဲချက်များအပေါ် အခြေခံ၍ အာယာသွလ္လာဟ် ရှိက်ခ် ဟိုစိုင်းန် အဗ်ဒိုလ္လာဟ် မုအ်သူက် အား သေဒဏ်ချမှတ်ခဲ့ပါတယ်။