၁၀ မတ် ၂၀၂၅ - ၁၇:၀၉
ဆယက်ဒ် အဗ်ဒိုလ်မလစ်က် အလ်ဟူစီ မှ ဆီးရီးယားရှိ သက္က်ဖီးရီ  အဖွဲ့များ၏ ရာဇ၀တ်မှုများကို ရှုတ်ချပြီး အကြမ်းဖက်သမားများသည် အစ္စရေးကို ကျည်ဆံတစ်ချက်မှ မပစ်

ယီမင်နိုင်ငံ အန်ဆွာရိုလ္လာဟ် လှုပ်ရှားမှုခေါင်းဆောင်၏ အဆိုအရ သက္က်ဖီးရီ အဖွဲ့များသည် အမေရိကနှင့် ဥရောပတို့မှ ၎င်းတို့၏ လုံခြုံရေးသဘောကို အခြေခံ၍ ရာဇ၀တ်မှုများကို ကျူးလွန်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် အမေရိကနှင့် ဥရောပတို့က ၎င်းတို့လိုချင်သည့် ရာဇ၀တ်မှု မှန်သမျှကို လွတ်လွတ်လပ်လပ် ကျူးလွန်ရန်ခွင့်ပြုထားသည့် အတွက်ကြောင့် ဖြစ်ပါ တယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ယီမင်နိုင်ငံ အန်ဆွာရိုလ္လာဟ် လှုပ်ရှားမှုခေါင်းဆောင် ဆယက်ဒ် အဗ်ဒိုလ်မလစ်က် အလ်ဟူစီ က ဆီးရီးယားတွင် လက်ရှိဖြစ်ပေါ်နေသည့် အခြေအနေ များနှင့် ပတ်သက်၍ ကြာသပတေးနေ့ ည က မိမိ ၏မိန့်ခွန်းတွင် ဆီးရီယားရှိ သက္က်ဖီးရီ အဖွဲ့များ၏ ရာဇ၀တ်မှုများကို ရှုတ်ချပြီး လူတိုင်းက ၎င်းတို့ အား ရှုံ့ချရမည်ဖြစ်ကြောင်း  အသိဉာဏ်ရှိ သူ တိုင်းသည် ရာဇ၀တ်မှုများကို ရပ်တန့်ရန် လုပ်ဆောင် ရမည် ဖြစ်ကြောင်း  မိန့်ကြားခဲ့ပါတယ်။

အန်ဆွာရိုလ္လာဟ် ခေါင်းဆောင်က ဆီးရီးယားမှာ ဖြစ်ပျက်နေတာတွေက သက္က်ဖီးရီ အဖွဲ့များ ၏ ရက်စက်ကြမ်းကြုတ်တဲ့ ရာဇ၀တ်မှုများနှင့်  ကြောက်စရာကောင်းသည့်  လူသတ်မှု၊  သတ်ဖြတ်မှုပုံစံ များနှင့် အပြစ်မဲ့သူတွေကို သတ်ဖြတ်မှုများကို ဆက်လုပ်ဖို့ တောင်းဆိုနေတာကို ထုတ် ဖော်ပြ သနေသည် ဖြစ်ကြောင်း ဤ သက္က်ဖီးရီ  အဖွဲ့များ၏ ငွေကြေး ၊ နိုင်ငံရေးနှင့် စစ်ရေးစပွန်ဆာများ ပြုနေသူများသည် ဤအဖွဲ့များ၏ ရာဇ၀တ်မှုများတွင်  ကြံရာပါများဖြစ်ကြောင်း ပြောကြား ခဲ့ပါ တယ်။

ဆီးရီးယားရှိ သက္က်ဖီးရီ  အဖွဲ့များသည် ရာနှင့်ချီသော အကာအကွယ်မဲ့ အရပ်သားများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်နေကြသည်ဟု အန်ဆွာရိုလ္လာဟ် ခေါင်းဆောင် က ထပ်လောင်း ပြောကြားရင်း  ဤ ဒီအဖွဲ့တွေက သူတို့ရဲ့ ရာဇ၀တ်မှုတွေကို ဗီဒီယိုနဲ့ မှတ်တမ်းတင်ပြီး ဆိုရှယ်မီဒီယာ မှာ လွှင့်တင်ပြီး နောက်ဆုံးမှာတော့ ဒီရာဇ၀တ်မှုတွေအတွက် ဂုဏ်ယူနေကြကြောင်း ပြောကြား ခဲ့ပါ တယ်။

အန်ဆွာရိုလ္လာဟ် ခေါင်းဆောင် ၏ အဆိုအရ သက္က်ဖီးရီ  အဖွဲ့များသည် အမေရိကနှင့် ဥရောပတို့မှ ၎င်းတို့၏ လုံခြုံရေးကို အားကိုးပြီး ရာဇ၀တ်မှုများကို ကျူးလွန်ကြကြောင်း ထပ်၍ ပြောကြား ခဲ့ပါ တယ်။

အစ္စရေးက ဆီးရီးယားပြည်သူတွေကို ကယ်တင်ရှင်အဖြစ် ပုံဖော်ဖို့ ကြိုးစားနေ

အမေရိကန်နှင့် အစ္စရေးအစိုးရတို့သည် ဆီးရီးယားပြည်သူများ၏ ကယ်တင်ရှင်များနှင့် ထောက်ခံသူများအဖြစ် ရပ်တည်နိုင်ရန် ကြိုးပမ်းနေကြောင်း အန်ဆွာရိုလ္လာဟ် ခေါင်းဆောင် က ပြောကြားပြီး သက္က်ဖီးရီ ( ဂျော်လာနီ အစိုးရနှင့် ၎င်း၏အဖွဲ့ဝင် များ) သည် ဆီးရီးယားအစိုးရနှင့် အမေရိကအတွက် အကြီးမားဆုံးသော ဝန်ဆောင်မှုကို ပေးဆောင်လျက်ရှိကြောင်း  ပြောကြားခဲ့ ပါတယ်။

ယီမင်၏ အန်ဆွာရိုလ္လာဟ် လှုပ်ရှားမှုခေါင်းဆောင်က  အစ္စရေး (အစိုးရ) က Sweida ရှိ Druze ကို ထောက်ခံခဲ့ ကြောင်း ဤ အတွက် ကြောင့် သက္က်ဖီးရီ အဖွဲ့များသည်  သူတို့ကို ဒုက္ခမပေးရဲကြောင်း အခြားဆီးရီးယားဒေသခံတွေက သူတို့ကိုယ်သူတို့ Kurds နဲ့ Druze တွေလိုပဲ အမေရိကနဲ့ အစ္စရေးက မထောက်ပံ့တဲ့အတွက် သူတို့ကို အန္တရာယ်ရှိတယ်လို့ မြင်ကြောင်း ပြောကြားခဲ့ပါ သည်။

ယီမင်နိုင်ငံ အန်ဆွာရိုလ္လာဟ် လှုပ်ရှားမှုခေါင်းဆောင် ဆယက်ဒ် အဗ်ဒိုလ်မလစ်က် အလ်ဟူစီ က ဆီးရီးယား ပြည်သူများသွေးများ အလွယ်တကူ ကျနေကြောင်း ဆီးရီးယားကလေးများ အစုလိုက် အပြုံလိုက် သတ်ဖြတ်ခံနေရကြောင်း မွတ်စလင်မ် နိုင်ငံ များ နှင့်  အာရပ်ကမ္ဘာက ဘယ်သူမှ ဤ ရာဇ၀တ်မှုတွေကို မကန့်ကွက်ကြကြောင်း မိန့်ကြား ခဲ့ပါတယ်။

အကြမ်းဖက်သမားများက အစ္စရေးကို ကျည်ဆံတစ်ချက်မှပင် မပစ်ခဲ့

သက္က်ဖီးရီ အဖွဲ့များသည် မိမိတို့ကိုယ်ကို ဘာသာရေးနှင့် ဂျေဟာဒ် အဖွဲ့များအဖြစ် အသွင်ဆောင်နေကြောင်း အလေးပေးဖော်ပြပြီး ယီမင်တော်လှန်ရေးခေါင်းဆောင်က ဤ အဖွဲ့ တွေဟာ မွတ်စလင်မ် နိုင်ငံများ ကို အတွင်းကနေ ပြိုကွဲအောင် လုပ်နေကြောင်း  ဤ အဖွဲ့များသည် မွတ်စလင်မ် များ၏ ရန်သူများအဖြစ် ၎င်းတို့၏ ရပ်တည်မှုကို ထောက်ခံသူများဖြစ်ကြောင်း မွတ်စလင်မ် များ အတွက် ကယ်တင်ရှင်များအဖြစ် အသွင်ဆောင်ကာ မွတ်စလင်မ် ရန်သူ များကို‌ ထောက်ခံနေကြကြောင်း ပြောကြားခဲ့ပါတယ်။

ဆီးရီးယားကို သိမ်းပိုက်ပြီးနောက်  ဤသက္က်ဖီးရီ အဖွဲ့များသည် အစ္စရေးအား ကျည်ဆံတစ်ချက်မှ မပစ်ခတ်ဘဲ ရှိပါတယ်။ သို့သော် ဆီးရီးယားနိုင်ငံတောင်ပိုင်းကို တိုက်ခိုက်ခဲ့ပါတယ်။

သက္က်ဖီးရီအဖွဲ့များသည် ဂျေဟာဒ် ဝါဒီများ မဟုတ်ကြောင်း ဂျေဟာဒ် ဝါဒီများဖြစ်လျှင် အစ္စရေး ရန်သူကို ရင်ဆိုင်ရလိမ့်မည်ဖြစ်ကြောင်း အန်ဆွာရိုလ္လာဟ် ၏ ခေါင်းဆောင်က ပြောကြားခဲ့ပြီး  သက္က်ဖီးရီ  အဖွဲ့များသည် မိမိ တို့ကိုယ်ကို ဘာသာရေးနှင့် ‌ဂျေဟာဒ် ဝါဒီအုပ်စုများ အဖြစ် မိတ်ဆက် ကြပြီး အပြစ်မဲ့ ငြိမ်းချမ်းရေးကို မြတ်နိုးသည့် လူများကို သတ်ဖြတ်ရန်နှင့် အတွင်းမှ လူများကို ပြိုကွဲစေရန် မိမိ တို့၏ ရက်စက်ကြမ်းကြုတ်မှုနှင့် ရာဇ၀တ်မှု မှန်သမျှဖြင့် လုပ်ဆောင်ကြနေသူများ ဖြစ်ကြောင်း ပြောကြား ခဲ့ပါတယ်။

မိန့်ခွန်း အဆုံးတွင် အစ္စလာမ်သည် ဤ သက္က်ဖီးရီ အဖွဲ့များနှင့် ၎င်းတို့၏ ရိုင်းစိုင်းမှုတို့မှ ကင်းစင်ကြောင်း သက္က်ဖီးရီ  ၏ဒေသတွင်းထောက်ခံသူများသည်  သက္က်ဖီးရီများ ၏ ကွဲပြားခြား နားသော ပုံရိပ်များ ကို မိမိ တို့၏ မီဒီယာ များ တွင်တင်ပြရန်ရည်ရွယ်သော်လည်း အရာအား လုံးသည်ရှင်းလင်းနေပြီး ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

.......................................................

END / 251

Tags

Your Comment

You are replying to: .
captcha