၁၆ မတ် ၂၀၂၅ - ၁၆:၀၃
ယီမင် အိုလမာ အနေဖြင့် အမေရိကန် နှင့် အင်္ဂလန်တို့ကို ဂျေဟာဒ် ပြုရန် ကြေညာ

ယီမင် အိုလမာ အနေဖြင့် အမေရိကန် နှင့် အင်္ဂလန်တို့ ၏ ရန်လိုမှုများကို ထိပ်တိုက် ရင်ဆိုင်ရန် ၎င်းတို့အား ဂျေဟာဒ် ပြုရန် သာသာတာဝန် တစ်ခု ဖြစ်ကြောင်း ကြေညာလိုက်ပါတယ်။

 အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

နယ်ချဲ့ အမေရိကန်နှင့် နယ်ချဲ့  အစ္စ‌ရေး တို့၏ အမြင်းမားဆုံး အီရန်ကိုဖျက်စီးမဲ့ ရည်မှန်းချက် ၏  ပထမအဆင့် ယီမင်ကို ချေမူန်းတိုက်ခိုက်ခြင်း ဖြစ်ပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် ယီမင်ကို ပြတ်ပြတ်သားသား နှင့် အားကောင်းသည့်  စစ်ရေးအရ အရေး ယူမှ ပြုမည် ဟု လေထွားပြီးနောက် ယီမင် နိုင်ငံ ကို ဆော်ဒီအာရေးဗီးယား၊ ကာတာ၊ ဘာရိန်းတို့ရဲ့အကူညီနဲ့ လေကြောင်း စီးနင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

ယီမင်နိုင်ငံ၏  Al-Masirah ရုပ်သံလိုင်းမှတဆင့်  ဆနအအ် မြို့ မြောက်ဘက်ရှိ လူနေရပ်ကွက်တစ်ခုကို စီးနင်း တိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။

ယီမင်အနေဖြင့် မတရား အနိုင်ကျင့်ခံနေရသည့် ပါလက်စတိုင်း ဘက်မှ ရပ်တည် ပေးသည့် အအတွက် ကြောင့် အခုလို အမေရိကန် နှင့် မဟာမိတ်များ ၏ မတရားသည့် တိုက်ခိုက်မှုကို ခံရခြင်း ဖြစ်ပါတယ်။ သို့သော် ယီမင် များသည် နောက်ဆုတ် သွားခြင်း ကြောက်သွားခြင်း လုံးဝ မရှိချေ။

ဤအတွက်ကြောင့် ယီမင် အိုလမာ အနေဖြင့် အမေရိကန် နှင့် အင်္ဂလန်တို့ ၏ ရန်လိုမှုများကို ထိပ်တိုက် ရင်ဆိုင်ရန် ၎င်းတို့အား ဂျေဟာဒ် ပြုရန် သာသာတာဝန် တစ်ခု ဖြစ်ကြောင်း  ကြေညာလိုက်ပြီး ဖြစ်ပါတယ်။

အင်န်ရှာအလ္လာဟ် မကြာမီ အလ္လာဟ် ဟို အရှင်မြတ်၏ အကူအညီဖြင့် ယီမင် နိုင်ငံသားများ အထူးသဖြင့် အန်ဆွာရိုလ္လာဟ် အဖွဲ့ဝင်များ ဟူသီ မျိုးချစ် အဖွဲ့ များ သည် နယ်ချဲ့ အမေရိကန် နှင့်  မဟာမိတ်များ ကို ထိထိ ရောက်ရောက် အဖြေပေးကြလိမ့်မည် ဖြစ်ပါတယ်။

အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ အနေဖြင့် လည်း ယီမင် အား လက်လွတ်ထားမည် မဟုတ်ဘဲ မိမိတို့နိုင်သည့် အတိုင်း ကူညီသွားမည်ဖြစ်ပါတယ်။

ရင်နာစရာကောင်းသည့် အချက်မှာ မွတ်စလင်မ် နိုင်ငံများဖြစ်ပြီး မွတ်စလင်မ် များ အား မကူညီသည့် အပြင် အလ္လာဟ် ကို မကြောက်ဘဲ ၊ နယ်ချဲ့ အမေရိကန် နှင့် နယ်ချဲ့ အစ္စရေး ကို ကြောက်ပြီး သစ္စာဖောက်သည့် လုပ်ရပ်များကို လုပ်နေကြခြင်း ဖြစ်ပါတယ်။

.......................................................

END / 251

Tags

Your Comment

You are replying to: .
captcha